Characters နှင့် author meeting

99 4 0
                                    

Episode 1~~~
Chair 1-
ဇာတ်ကောင်များအားလုံးကို သူလုပ်ချင်တိုင်းလုပ်နေသောသူ, ရှုပ်ထွေးနေသောplot များ၏အနောက်က မိန်းမလှလေး, အာသာ

Chair 2-
အာသာ ရေးသော(ဖျက်ဆီးသော)သူမ၏ ဘဝဇာတ်ကြောင်းကို မကျေနပ်ပဲ ဗျစ်တောက်ဗျစ်တောက် ပြောနေသောသူ, ရူပဒါလီ

Chair 3-
သူအား ရူပဒါလီ၏ အမုန်းကို ခံရအောင် လုပ်ပြီး ဇာတ်ဆောင်မှ villain သို့ အပြောင်းခံရသောကြောင့် အာသာ အား စိတ်ကောက်နေသူ, ဒဏ္ဍာရီ

Chair 4-
ဘာမှ မသိနားမလည်ဘဲ main character ဖြစ်ဖို့ potential ရှိသော်လည်း အာသာ လက်ထဲတွင် သူ့ဘဝက အမျိုမျိုးးပြောင်းသွားမည်ကို သိသူ,
ဦးရီယန်

Chair 5-
ဘာအပြစ်မှ မလုပ်ဘဲ အာသာ၏ ကောက်ကျစ်မှုကြောင့် အသတ်ခံလိုက်ရသူ, ရူပနဒီ

Chair 6-
Main character potential ရှိသော်လည်း အာသာ ကြောင့် တစ်ခန်းတည်းပဲ ပါ၍ အသတ်ခံလိုက်ရရှာသူ, ဆူးခက်

Chair 7-
ပျင်းသည်။ သူလည်းသိပ်ပါတာမဟုတ်ပဲနဲ့ ဟူကာ meeting သို့မလာ၍ အာသာ အား မုန်ညင်းစေ့မျှတောင် သဘောမထားသူ, ဦးမင်းဝေ

Chair 8-
တစ်ခန်းမှ မပါရသေးသော်လည်း အာသာ ၏ notice ကို စောင့်နေသော၊ အာသာ အားလေးစားသူ တစ်ဦး,ဒါလီ့ ဖေဖေ

*********~~~~~~~~~~**********

အာသာ: ကဲ....မီတင် စရအောင်... အခုတလော viewer တွေက ကျောက်တုန်းကို ရေထဲပစ်ချသလို ကျနေတော့... အားလုံးကို ခေါ်လိုက်တာ

ဒါလီ: ကျမှာပေါ့..... စခဲ့တာက ၂၀၁၇။ အခု ၂၀၁၉ နှစ်ကုန်တော့မယ်။ အပိုင်းက ၁၆ ခန်းပဲ ရှိသေးတဲ့ဟာ။ ပြီးတော့ အာသာ အလယ်မှာလည်း တစ်နှစ်တောင် ပျင်းပြီ မရေးဘဲနဲ့ များ။
နောက်မှ ရေးမယ်...နောက်မှရေးမယ်နဲ့ ပေရှည်နေပြီးတော့။

အာသာ: ခင်များလေး ဘာသိလို့လဲ။ မယ်ဒါလီ.... အာသာ အလုပ်များနေပါ-

ဒဏ္ဍာရီ :ဒါလီ....ဘာတွေပြောနေတာလဲ။ အာသာ က အလယ်မှာ မရေးလို့ viewer ကျတာမဟုတ်ဘူး...

အာသာ: ဟုတ်တယ် ပြောလိုက်စမ်း။

ဒဏ္ဍာရီ :အာသာ novel က ကောင်းမှ မကောင်းတာ။ COMPLETE SHIT!

အာသာ မှလွဲ၍ အားလုံး :ဟုတ်ပ!

အာသာ: မင်းတို့ကလဲကွာ ။ ငါ့ကိုbully မလုပ်ကြပါနဲ့~~~ မင်းတို့ကို ငါလုပ်ထားတာလေကွာ......မင်းတို့ကို ချစ်တဲ့ သူတွေလည်းရှိပါတယ်နော်....
ဟုတ်တယ် မှတ်လား....viewer တို့

ရူပဒါလီရဲ့သခင်​​လေးDonde viven las historias. Descúbrelo ahora