အခန်း ၁၉......
သူကျွန်တော့် ဆံပင်ကို လာကိုင်ပြီး ရင်းနှီးစွာ ကြားခဲ့ဖူးသော စကားတစ်ခွန်းကို ပြောတော့ တစ်ယောက်သောသူကို သတိရမိသည်။ တစ်ချိန်တုန်းက အလွန်မြတ်နိုးခဲ့မိသော သူမ။ ဒီကလေးမလေးသည် သူမနှင့်တူသော မျက်လုံးများရှိရုံသာမက သူမနှင့် တူသော အကျင့်ပါ ရှိနေလေသည်။ သူမသည် ဘာဖြစ်လို့များ တမလွန်ကနေတောင် ကျွန်တော့်ကို နှိပ်စပ်နေရပါသနည်း။ကျွန်တော် ဘယ်မိန်းကလေးကိုမှထပ်ပြီး မမြတ်နိုးလျင်တော့ပါ။ ဆုံးရှုံးသွားပါက သေမလောက်ခံစားရ ပါသည်။ ထို ခံစားချက်ကြီးကို ထပ်၍ ခံစားနိုင်ရအောသ် ကျွန်တော့်မှာ ခံနိုင်ရည်ရှိမည် မထင်ပါ။
ဒါလီ ကျွန်တော့ဆံပင်ကို ချလိုက်ပြီး ဘေးနားတွင် လာထိုင်သည်။ ရွှေရောင်ဆံပင် အချို့က လေးတိုးသဖြင့် ပျံဝဲနေကြသည်။
" ဒီနေ့ ညနေ ဖေဖေ့ကို သွားတွေ့မှာ လားဟင်။ "
" သွားတွေ့မှာပေါ့။ လိုက်ပို့ပေးမယ်လို့ ကတိပေးထားတာပဲ ကိုယ်မမေ့ပါဘူး။"
ကျွန်တော့် အဲ့ဒီလို ပြောတော့ သူ ပါးချိုင့်လေးပေါ်အောင် ပြုံးသည်။ ထို့နောက် ကျွန်တော့်မျက်လုံးကို တည့်တည့်ကြည့်ကာ-
" ဦး.........ကျွန်မမှာ ဖေဖေ့ဘက်က မောင်နှမတွေ ရှိလားဟင်။ "
ဟု စိတ်ဝင်တစားမေးလေ၏။" မရှိဘူးကွဲ့ ဒါလီရဲ့။ "
" ဒါဆို....ဖေဖေမှာ မိဘုရားမရှိဘူးလား။ "
" အမှောင်လောကမှာက မိဘုရား မလိုဘူးကွဲ့....ကလေးလေးရဲ့။ "
" အာ...... ကျွန်မက မောင်နှမလိုချင်နေတာ။ မေမေ့ဘက်မှာရှိပေမဲ့ သူတို့လေးတွေရဲ့ မျက်နှာတောင် တစ်ခါမှ မတွေ့လိုက်ရမိဘူး။ ဘာမှတောင် ရေရေရာရာ မသိဘဲနဲ့ အသက်ခံလိုက်ရရှာတယ်။.... "
ဒါလီပြောရင်းနဲ့ မျက်ရည်လေးဝဲလာလေသည်။ ဟုတ်ပါသည်။ မိမိမြတ်နိုးသော မိသားစုကို ဆုံးရှုံးရတာကို ဖြတ်ကျော်ရတာလောက် ခက်ခဲသောအရာ မရှိပေ။ ကျွန်တော်လည်း မိသားစုတစ်စုလုံး ဆုံးရှုံးဖူးတာ ကြောင့် ထိုခံစားချက်ကို ကောင်းစွာ သိပါသည်။
YOU ARE READING
ရူပဒါလီရဲ့သခင်လေး
Romance#ခုမှwpထဲမှာစရေးတာမို့အားပေးကြပါနော်... အမှားပါတာရှိရင်လည်းခွင့်လွှတ်ပါ