အစချီခြင်း

11.1K 441 13
                                    

မိုးဝသုန်ရာသီသည် လူတစ်ယောက်ကို စိတ်ကို အတော်တန် ထိုင်းမှိုင်းစေသည်ဟု ကျွန်တော် ထင်သည်။ မိုးရွာရင် ဘာမှ လုပ်ချင်စိတ်မရှိတော့သော ကျွန်တော့်စိတ်ပဲ ကျွန်တော် အပြစ်တင်ရမလားတော့မသိ၊ အိမ်စာတွေ တပင်တပန်းလုပ်ရတာလဲ မဟုတ် ခုကျွန်တော်လုပ်နေရသော အလုပ်သည် Basketball ကစားနေခြင်းသာ မိုးရွာနေသောကြောင့် ကျွန်တော်အိပ်ရာထဲမှာ ခွေနေချင်စိတ်က တဖွားဖွားပင် သို့ပေမယ့် ကိုကို့ရဲ့ တသံလွှတ်အမိန့်ကြောင့် မိုးရေထဲမှာ ဘောလုံးကို ကစားနေရတာ ကျွန်တော် ငြီးငွေ့သည်။

ကိုကိုဟာ ဘတ်စကတ်ဘောနည်းပြဖြစ်ဖို့ အိမ်မက်ရှိသူမလို့ အပြင်းအထန်လေ့ကျင့်တာက နည်းမှန်ပေမယ့် ကျွန်တော်က မဖြစ်ချင်သူမလို့ အဲ့လောက်ထိ မလိုအပ်ဘူးဟု ထင်သည်။ မေမေကတော့ အနေအေးသူမလို့ ဘာမှ ဝင်မစွပ်ဖက်သလို ဖေဖေကတော့ အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် သူ့အလုပ်နဲ့သူရူပ်နေသည်။ တစ်ခါတစ်ရံမှသာ ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်အား အချိန်ပေးနိုင်သော်လည်း အရမ်းကြီး ပြစ်ထားတာမျိုးတော့ မဟုတ်။

ကျွန်တော် မလုပ်နိုင်တော့ဘူးဟုတွေးတောကာ ဘောလုံးကို မြေကြီးနဲ့လက် မကွာသွားအောင် ပုတ်လာရင်းမှ ကျွန်တော်တို့ လမ်းရှိ ဆောက်လက်စ တိုက်အဟောင်းကြီး၏ မျက်နှာစာတွင် ကောင်လေးတစ်ယောက် လွယ်အိတ်လေးပိုက်ကာ ရပ်နေသည်။ မိုးခိုနေသလားတော့မသိ၊ ကျွန်တော့်ထက် ငယ်မည့်ပုံမှ ရှိသည်။ သေးသေးလေးမလို့ ပြောတာတော့မဟုတ် တကယ်ငယ်မည်ထင်သည်။
ကျွန်တော်ဟာ ၅တန်းကျောင်းသားတစ်ယောက်ဖြစ်သောကြောင့် ထိုကောင်လေးသည် ၃တန်းလောက်တော့ ရှိမည် ထင်ရသည်။

""မင်း မိုးခိုနေတာလား ကောင်လေး""

""ဗျာ ""

ကျွန်တော့်အမေးကို အူကြောင်ကြောင်နဲ့ပြန်ထူးသော ကောင်လေးသည် မျက်ဝန်းညိုလေးတို့အား ပိုင်ဆိုင်လေသည်။

""ဟေ့ကောင်လေး မေးနေတယ်လေကွာ""

"'ဟုတ် ဟုတ်ကဲ့ မောင် မိုးခိုနေတာပါ မောင့်မေမေက လမ်းထိပ်ကအိမ်ကို အိမ်တက် ဆွမ်းကျွေးဖိတ်ခိုင်းလိုက်လို့ အဲ့တာ ဖိတ်စာတွေစိုကုန်မှာ ကြောက်လို့""

||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||Where stories live. Discover now