20.7K 792 21
                                    

Jongin တစ်ယောက် ကော်ဖီဆိုင်ရှေ့မှာကားရပ်ပြီး ကားပေါ်မှ နေ၍ ဆိုင်တွင်းသို့ စူးစိုက်ကြည့်နေမိသည်မှာ ဘယ်အချိန်တွေ ရှိမှန်းတောင် သတိမထားမိ

သူ့အာရုံထဲတွင် ရှိနေသော တစ်ခုတည်းသော အရာမှာ ကော်ဖီဆိုင်လေးထဲ ပြေးလွှားရင်း
အပြုံးချိုချိုလေးတွေဖြင့်customerများကို ဝန်ဆောင်မှုပေးနေသော ကောင်ငယ်လေးတစ်ယောက်သာ

အသည်းပုံ နှုတ်ခမ်းလေးတွေ ပေါ်လာပြီး
မျက်လုံးလေးများ မှိတ်သွားသည်ထိအောင် ထို ကလေးငယ်သည် ဆိုင်အတွင်းရှိ customer များကို ပြုံးရယ် ပြလျက်ရှိသည်

ဘာတွေများ အဲ့လောက်တောင် ပြုံး ပြနေရတာလဲ ကလေးငယ်ရယ်
ကြည့်နေရင်းနှင့်ပင် Jongin တစ်ယောက် နေမထိ ထိုင်မသာ ဖြစ်လာရသည်
ထိုအပြုံးတွေ~~ ထို လှပတဲ့ အပြုံးတွေကို
သူတစ်ယောက်သာ အပိုင်လိုချင်မိသည်
ဖြစ်နိုင်ရင် အဲ့လို မျိုး လူတိုင်းကို ပြုံးမပြပါနဲ့ ကလေးငယ်ရယ် ~~

ကိုယ့်ကို စိတ်ပူလွန်ပြီး ရူးသွပ်သွားစေလိုတဲ့ ဆန္ဒများ ရှိလေသလား ကလေးငယ်ငယ်
မင်းရဲ့ အပြုံးတွေကို တစ်ခြား တစ်ယောက်က မြင်ပြီး သဘောကျသွားရင်ဆိုတဲ့ အတွေးက ကိုယ့်ကို နေ့ညမလပ် ခြောက်လှန့်နေလေရဲ့

ဖြစ်နိုင်ရင် ကိုယ့်ရင်ခွင်ထဲမှာပဲ
ကလေးကို လုံအောင်ဖွက်ထားချင်တာ
ဘယ်သူ့ကိုမှ ပေးမမြင်စေဘဲနဲ့လေ

"ဟူး~~"

တွေးရင်း တွေးရင်း ပိုပိုများလာတဲ့ အတွေးတွေကြောင့် Jongin တစ်ယောက် သက်ပြင်း တစ်ခုကိုသာ ခပ်လေးလေး ချမိလေရဲ့

ဟော တွေးနေရင်းနှင့်ပင် ထိုက လေးငယ်ရဲ့ အလုပ်ချိန်ပြီးသွားပြီ ထင်ပါရဲ့

စားပွဲထိုး ဝတ်စုံလေးကို ချွတ်လဲပြီး
သူအလာတုန်းက ဝတ်လာခဲ့သော ရှပ်လက်တိုလေးနှင့်
ဒူးအောက် ဘောင်းဘီအနီရဲရဲလေးကို ဝတ်ကာ ကျောပိုးအိတ်လေး လွယ်ပြီး ထွက်လာသော ကလေးငယ်ရဲ့ ပုံစံမှာ
ခုမှ အသိုက်ထဲက ထွက်လာသော အကောင်ပေါက်စလေးလို ဖျစ်ညှစ် ပစ်ချင်စရာသာ ကောင်းနေလေရဲ့

"ကလေး"

ကားတံခါးကို ဖွင့်ပြီး Jongin လှမ်းခေါ်လိုက်၏

💞ကလေး💞[Completed]Where stories live. Discover now