❤❤❤❤❤❤❤❤❤

6.8K 410 21
                                    

နဖူးပေါ်သို့ စည်းချက်ကျသလို
ခပ်မှန်မှန်ကျနေသော လေနွေးနွေးလေးကြောင့် Kyung Soo တစ်ယောက် မျက်လုံးပွင့်လာရ၏

မျက်လုံး နှစ်လုံး ပွင့်ပွင့်ချင်း ခံစားလိုက်ရသည်က သူ့တစ်ကိုယ်လုံးကို လွတ်ထွက်သွားမည့်အတိုင်း ဖက်ထားသည့် ကိုကို့ လက်မောင်း၏ သန်မာမှု ....

ညတိုင်းညတိုင်း သူ့လက်မောင်းကို ခေါင်းအုံးစေပြီး တင်းတင်းကြပ်ကြပ် ဖက်အိပ်တတ်တာ သူ့အကျင့်တွေထဲက တစ်ခု

မနက်မနက်ဆို သူအိပ်ယာ မထသရွေ့ ကိုယ်လည်း ထလို့မရ

ဒီနေ့က ပိုဆိုး၏

မနေ့က သူ့အချစ်တွေကို လိုက်လျောခဲ့ခြင်းကြောင့် သူ့ရဲ့
ကိုယ့်အပေါ် ထားတဲ့ အချစ်တွေဟာ ပိုပြီး တိုးလာပုံ ပေါ်ပါသည်

သူ့ရင်ခွင်ထဲ မြုပ်နေသည့်အတွက်
သူ့ထက် အနည်းငယ် အောက်ရောက်နေသော ကိုယ့်မျက်နှာကို အပေါ် အနည်းငယ် ရွေ့ပြီး ကြည့်မိတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ပန်းချီကား တစ်ချပ်အလား

သူ့ရဲ့ မျက်ခုံး မျက်လုံး နှာတံစသည်တွေဟာ အပြစ်ပြောစရာ တစ်ခုမရှိခဲ့ .....

ယောကျာ်းပီသသော မျက်ခုံး တန်းတန်းနဲ့ မလိုက်ဖက်စွာ စူပွနေသော နှုတ်ခမ်းလေးဟာ
ကိုက်ပစ်ချင်စရာ

ဝက်ဝံပေါက်စလေး တစ်ကောင်ကို
နှုတ်ခမ်းလေးကို စူပွပွ လုပ်ရင်း အိပ်နေသော ကျွန်တော့်ရဲ့ ကိုကို

ကျွန်တော်ချစ်ရသော ကိုကို.....

ကြည့်နေရင်း ကြည့်နေရင်း
ချစ်မဝဖြစ်လာရသည့် ကျွန်တော့်ရဲ့ အသည်းကျော်.....

စူပွပွ ဝက်ဝံလေးရဲ့ နှုတ်ခမ်းအစုံကို
မနေနိုင်စွာ သိမ်းပိုက်မိတော့ ခံစားလိုက်ရသည့် ခံစားမှုက လက်မလွှတ်ချင်စရာ

တိမ်တွေပေါ်ရောက်သွားသလိုမျိုးတို့ဘာတို့ကို နောက်ထား
လူက အရာရာကို မေ့လျော့သွားမိသလိုမျိုး....

ကမ္ဘာကြီးက လည်ပတ်နေသည်ဆိုသည့်
အမှန်တရား တစ်ခုကိုတောင် မေ့လျော့သွားသလိုမျိုး....

အတူတူ နေလာတာ အချိန်တွေ ကြာလာသည့်တိုင် သူ့မျက်ဝန်းရဲ့ အကြည့်တွေ

💞ကလေး💞[Completed]Where stories live. Discover now