❤12❤

6.1K 410 31
                                    

" Kim Kyung Soo shi ရဲ့ အသက်က ငယ်သေးတာရော...အစကတည်းက ကိုယ်ခံအား သိပ်မကောင်းတာ ကြောင့်ရောကြောင့် ကိုယ်ဝန်ဆောင်ကာလက နည်းနည်းတော့ ပင်ပန်းပါလိမ့်မယ်
အသက်အန္တရာယ် စိုးရိမ်ရတဲ့ အထိတော့ ဖြစ်မလာနိုင်ပေမယ့် ကာလတစ်ခုအထိတော့ ခဏ ခဏ ဖျားတာ...အစားမစားနိုင်တာ...
မူးမော်တာမျိုးတွေဟာ့ုတောက်လျှောက်ဖြစ်နေမှာပါ...."

ဆရာဝန်ရဲ့ စကား အဆုံးမှာ သူကိုကို့ မျက်နှာကို ကြည့်မိတော့ ကိုကိုဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချထားပြီးသား ပုံစံဖြင့် တည်တည်ငြိမ်ငြိမ် ပင် ရှိနေလေသည်....

Korea ဘာသာစကားကို ရေရေလည်လည် ပြောတတ်သော
ကိုရီးယား နွယ်ဖွား ဆရာဝန် ရဲ့ ရေလည်တဲ့ ရှုင်းပြမှုတွေက သူ့အတွက်ရော ကိုကို့အတွက်ရော ဆုံးဖြတ်ချက်ချလို့ရသည့် အနေအထား တစ်ခုပင် ဖြစ်သည်....

" အခုလို သေချာ ရှင်းပြပေးတာ
ကျေးဇူးတင်ပါတယ် Doctor...
ကျွန်တော်တို့ကိုအမျိုးသား ကိုယ်ဝန်ဆောင်တွေရဲ့ ဘဝကို သေချာလေး နားလည်ခွင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..."

" မလိုပါဘူးဗျာ...ဒါကျွန်တော့်ရဲ့ တာဝန်ပဲကို...သေသေချာချာလေး ဆုံးဖြတ်ကြပါ...မိသားစု တစ်စုကို တည်ထောင်တယ်ဆိုတာ ပျော်စရာ ကောင်းတဲ့ ကိစ္စတစ်ခုဆိုပေမယ့် ကိုယ်ဝန်ဆောင်ရမယ့်သူရော မွေးလာတဲ့ကလေးရောကို ဘယ်လိုဘယ်ပုံနဲ့မှ မထိခိုက်အောင် ကာကွယ်ဖို့ကလည်းလွယ်တဲ့ အလုပ်တစ်ခုမဟုတ်တော့
နှစ်ယောက်စလုံး လေးလေးနက်နက်နဲ့ သေချာလေးစဉ်းစားကြပါလို့...
တကယ်လို့ ဆုံးဖြတ်ချက်ချပြီးပြီ...
လုပ်ကို လုပ်တော့မယ်ဆိုရင်တော့
ကျွန်နော်က အမြဲ ကြိုဆိုနေမှာပါ..."

"ကျေးဇူးတင်ပါတယ် ဆရာ
ဒါဆိုကျွန်တော်တို့ကို သွားခွင့်ပြုပါဦး...
ကျွန်တော်တို့စဉ်းစားပြီးတာနဲ့ ဆရာ့ကိုချက်ချင်းဆက်သွယ်လိုက်ပါ့မယ်"

"ကောင်းပါပြီ...."

ဆေးရုံထဲကနေ ထွက်လာကတည်းကနေစပြီး
ကိုကိုဟာ ကျွန်တော့်လက်ကို လွှတ်မပေးသေး...

ကားမောင်းနေစဉ်တောက်လျှောက်လည်း
လက်တစ်ဖက်ကကျွန်တော့်လက်ကို
ိုဆုတ်ကိုင်ထားရင်းမျက်ခုံးနှစ်ခုကို တွန့််ချိုးကာ တစ်ခုခုကို လေးလေးနက်နက်စဉ်းစားနေသလို...

💞ကလေး💞[Completed]Where stories live. Discover now