❤17❤

4.7K 357 16
                                    

မျက်နှာတည့်တည့်ကို စူးခနဲ ကျရောက်လာသော နေရောင်ခြည်ကြောင့် Kyungsoo မျက်မှောင်တစ်ချက်ကြုံ့ကာ တစ်ဖက်ကို လှည့်အိပ်လိုက်သည်။

"ကျွတ် ကျွတ် "

ခေါင်းတွေ ထိုးကိုက်နေတာများ
ခေါင်းပေါ်ကနေ တစ်ယောက်ယောက်ကတူ နဲ့ထုနေသလိုမျိုး။ပူရှိန်းရှိန်းခံစားနေရသော ခန္ဓာကိုယ်ကြောင့် သူဖျားနေပြီမှန်း ရိပ်မိလိုက်သည်။

မနေ့ကတစ်နေကုန် ပင်ပန်းထားတာရော၊အိမ်ပြန်ရောက်တော့ရေထဲမှာ အနေကြာသွားတာရောကြောင့် ကိုယ်ခံအားနည်းတဲ့ ခန္ဓာကိုယ်က တောင့်ခံနိုင်တော့မပေါ်။
တဆစ်ဆစ်ကိုက်နေတဲ့ခေါင်းကို လျစ်လျူရှုပြီး ပြန်အိပ်ရန်ကြိုးစားပေမယ့်
မအောင်မြင်တော့။
မျက်လုံးမှိတ်လိုက်တာနဲ့ မျက်ရည်ပူတွေ စီးကျလာပြီး တစ်ကိုယ်လုံးလည်း ကိုက်ခဲနေလေသည်။

ကျွီ....

တံခါးဖွင့်သံခပ်တိုးတိုးနှင့်အတူခပ်ဖွဖွ လျှောက်လာတဲ့ ခြေသံကိုပါ တစ်ဆက်တည်းကြားလိုက်ရသည်။

"နိုးပြီလား ကလေး! ?"

Kyungsoo ရဲ့နဖူးကို လက်ဖဝါးလေးဖြင့်  စမ်းရင်းJongin က ခပ်ဖွဖွ မေးလေသည်။

"ကိုကို့ကလေးလေး ဖျားနေပြီ "

Kyungsoo သူ့နဖူးပေါ်က Jongin ရဲ့လက်ကို သူ့လက်ဖဝါးတွေနဲ့ အုပ်ကိုင်လိုက်ရင်း...

"ခေါင်းကိုက်တယ် ကိုကို! မျက်ရည်ပူတွေလည်းကျနေတယ်
တစ်ကိုယ်လုံးလည်း ပူနေတယ် "

"အင်း...မနေ့က ပင်ပန်းသွားလို့ဖြစ်မယ်
ထနိုင်လား!ကိုကို ဆန်ပြုတ်ပြုတ်ထားတယ်
ဆန်ပြုတ်လေးသောက်ပြီး ဆေးသောက်ရအောင် "

"ကိုကိုထူပေး! "

Kyungsoo သူ့လက်နှစ်ဖက်ကိုJongin ဆီကမ်းပေးရင်း ပြောလိုက်တော့
Jongin က ညင်ညင်သာသာပင် လက်မောင်းလေးနှစ်ဖက်ကနေကိုင်ပြီး ထူပေးလေသည်။

ပြီးတော့မှ သူယူလာသော ရေဇလုံထဲကို ပဝါနုနုလေးကို နှစ်ထည့်လိုက်ပြီး ရေညှစ်ကာ Kyungsoo ရဲ့ မျက်နှာအနှံ့
ပွတ်ပေးရင်း မျက်နှာသစ်ပေးလေရဲ့...။

"နေ့လယ်ကျမှ ကိုကို ရေပတ်တိုက်ပေးမယ်နော်!
အခုတော့ မျက်နှာလေးပဲ သစ်လိုက်နော် "

💞ကလေး💞[Completed]Where stories live. Discover now