❤10❤

6.5K 417 24
                                    

ရက်သတ္တပတ် ၇ရက်ဟာ လွယ်လွယ်ကူကူနဲ့ပဲ ခပ်မြန်မြန် ကုန်ဆုံးသွားခဲ့၏....

ကိုကို့ဆီက ဓာတ်ပုံတွေနဲ့ ပတ်သတ်သည့် မည်သို့သော ဖြေရှင်းမှုမှ ရောက်မလာခဲ့သလို....

msgရော ph ရော တစ်ချက်မဆက်ခဲ့သည့် ထိုလူသားသည် သွေးအေးလွန်းလှသည်ဟုသာ
Kyung Soo စွပ်စွဲ ချင်၏...

သုံးရက်လောက် ခရီးသွားရရင်တောင်မနက် တစ်ကြိမ် နေ့လယ် တစ်ကြိမ် ph ဆက်... ညဘက်ဆို video call တွေ ခေါ်ပြီး
မပြီးနိုင် မစီးနိုင် အလွမ်းသည်တတ်သည့် ကိုကိုဟာ အခုတော့ ခုနစ်ရက် တိတိ
သူ့ကို မဆက်သွယ်ခဲ့...

တကယ်ပဲ ကျွန်တော် မရှိဘဲ နေတတ်သွားပြီလား ကိုကိုရယ်.....

မဟုတ်ဘူး...ကိုကိုက သူ့ကို ပစ်ထားတာ မဟုတ်ဘူး.....ကိုကို့မှာ အကြောင်းတစ်ခု ခုရှိလို့ပါ... ဟုတ်တယ်...ကိုကို့မှာ အကြောင်းတစ်ခုခု ရှိနေလို့ နေမှာပါ...
ကျေးဇူးပြုပြီး ကျွန်တော့်ရင်ကိုတော့ အစိမ်းလိုက် ခွဲမသွားပါနဲ့ကိုကိုရယ်...

ကျွန်တော် ကိုကို့ကို ယုံတယ်လေ

ကျွန်တော် ကိုကို့ကို နောက်ဆုံး အချိန်ထိ ယုံကြည်ပေးမှာမို့လို့.... ကျွန်တော့်ဆီကို သေချာပေါက် ပြန်လာပေးမယ် မဟုတ်လား....?????

စောင့်နေမှာ... ကိုကို ကျွန်တော့်ကို ပြန်လာမခေါ်မချင်း ကျွန်တော်ကိုကို့ကို စောင့်နေမှာ..... ဘယ်နေရာကိုမှ မသွားဘဲ ဒီနေရာမှာဘဲ ငြိမ်ငြိမ်လေးစောင့်နေမှာ.......

...............

ဒေါက် ဒေါက်...

" သားငယ်လေး.... ၉နာရီ ထိုးနေပြီနော်
ထတော့... မျက်နှာသစ် ခြေလက်ဆေးပြီး ထွက်လာခဲ့....omma မနက်စာ ပြင်ထားပေးမယ်..."

အခန်းတံခါးကို အသာအယာ ခေါက်သံနှင့်အတူ ထွက်ပေါ်လာလေသော
omma ရဲ့ နှိုးသံ သဲ့သဲ့..

ဘာလို့ အခန်းထဲ ထိ ဝင်မလာသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ ရှင်းလင်းစွာ

သူ ညဘက်တွေ အိပ်မပျော်တာ
ဘယ် နရက် တောင် ရှိခဲ့ပြီလဲ

မနက် ၉ နာရီ ဆိုတာ သူ့အတွက်တော့ နှိုးမှ ထရမည့် အချိန်မဟုတ်တော့

💞ကလေး💞[Completed]Where stories live. Discover now