❤18❤

5.1K 388 20
                                    

Seoul University ရှေ့ ငြိမ့်ခနဲ ထိုးရပ်လိုက်သော ကားအနက်ကလေး တစ်စီး။

ကားထဲက ကောင်ကလေး နှစ်ယောက်မှာ တစ်ယောက်က ရှည်လျားလှတဲ့ မှာတမ်းရှည်ရှည်ကြီး တစ်ခုကို မရပ်မနား ရွတ်နေတုန်း
နောက်တစ်ယောက်ကတော့ နှစ်ခမ်းလေးကိုဆူကာ မျက်စောင်း တစ်ဝင့်ဝင့်ဖြင့် နားထောင်နေလေရဲ့။

"ကိုကိုရာ အထက်တန်း နောက်ဆုံးနှစ်ကတည်းက ကျောင်းသွားခါနီးဆို မှာနေတဲ့ စကားတွေက အမြဲ ထပ်နေပြီ
မမောသေးဘူးလား "

နှုတ်ခမ်းတစ်ထော်ထော်ဖြင့် Kyungsoo ပြောမိတော့

"အမယ်...ကလေးတောင် သားငယ်လေးကို ကျောင်းသွားခါနီးတိုင်း
မှာတုန်း မဟုတ်လား
ကလေးကရော မမောဘူးလား "

"သားငယ်လေးက ကလေးလေ
ကျွန်တော်က ကလေးလားပြော "

"ကိုကိုအတွက်တော့ ဒီပေါက်စလေးကလည်း ကလေးပဲ
အမြဲတမ်း စိတ်မချဖြစ်ပြီး အမြဲတမ်း စိုးရိမ်နေရတဲ့ ကိုကို့ရဲ့ ကလေးကြီး
သားငယ်လေးက ကလေးလေး
ကိုကို့မှာ  ကလေးနှစ်ယောက်ရှိတာ
သိပြီလား "

"ဒီပါစပ်ကြီးက အပိုတွေ တော်တော် ပြောတတ်တယ်ဟုတ်လား "

ခပ်ထူထူ နှုတ်ခမ်းအစုံကို လက်ကလေးနဲ့ ဆွဲညှစ်ရင်း
Kyungsoo ပြောလိုက်တော့
ကလေးတစ်ယောက်လို ဖြူဖြူစင်စင်ပြုံးပြလေသည်။

" သိပ်ပြောတတ်တဲ့ ဒီပါးစပ်လေးကို
ဆုမချချင်ဘူးလား ဟင်! "

"မချချင်ပေါင်ဘူး.... ကျွန်တော်က ကပ်စီးကုပ်တယ် "

"ဟာကွာ....ကလေးက ရက်စက်ပြီ
တစ်နေကုန် ကလေးကိုရော သားငယ်ကိုရော မတွေ့ရမယ့်ကိုယ့်ကို အားဆေးလေးတော့ ပေးသင့်တာပေါ့ "

"ဟင်း....ကိုကိုလည်း တစ်နေ့တစ်ခြား
Drama King ဖြစ်တော့မယ်သိလား
လူသနားအောင် တအားပြောတတ်ပဲ "

"အဲ့ဒါဆိုလည်း တစ်ခါလောက်ပေးနမ်းပါကွာ "

ပြောစကားမှမဆုံးသေး
Kyungsoo ရဲ့ လက်ကလေးကို လှမ်းဆွဲရင်း Kyungsoo ရဲ့ နှုတ်ခမ်းပေါ်ကို သူ့နှုတ်ခမ်းတွေက ချဉ်းကပ်လာလေရဲ့ ။

Cotty Candy လေးတစ်ခုကို တစ်ယုတစ်ယ စားသုံးနေသလိုမျိုး အပေါ်အောက်ပြေးလွှားနေတဲ့ နှုတ်ခမ်းတွေဟာ အစပြုမှုသာရှိပြီး အဆုံးသတ်မရှိ

💞ကလေး💞[Completed]Où les histoires vivent. Découvrez maintenant