❤14❤

6.2K 416 36
                                    

" ကိုကို ဒီနေ့ စောစောပြန်ခဲ့မယ်နော်
နေ့လယ်စာ စားချိန်မှီအောင်ပြန်လာခဲ့မယ်....
နေ့လယ်စာစားပြီးမှ ကိုကိုနဲ့အတူတူ ဆေးရုံ သွားမယ် ဟုတ်ပြီလား..."

မနက်စာ အတူတူ စားရအောင်ဆိုပြီး အတင်းနှိုးထားသောကြောင့် မျက်လုံးမပွင့်သေးသော အကောင်ပေါက်လေးအား အင်္ကျီလဲဝတ်ပေးရင်း Jongin ပြောလိုက်၏...။

အင်္ကျီကြယ်သီးလေးတွေ တစ်လုံးချင်းတပ်ပေးရင်း
အိပ်ငိုက်မပြေသေးသော ကလေးပေါက်စကိုလည်း တစ်ချက်တစ်ချက်လှမ်းကြည့်ရသေး၏...။
သူပြောတာ ကြားရောကြားရဲ့လားဆိုပြီး...

"ကိုကိုပြောတာကြားလား ကလေး"

" အင်းပါကိုကိုရာ... ကြားပါတယ်
ကြယ်သီးတပ်လို့မပြီးသေးဘူးလား
မြန်မြန်လုပ်ဗျာ....ကျွန်တော် အိပ်ရေးမဝသေးဘူး
မနက်စာစားပြီးပြန်အိပ်ဦးမှာ..."

"ပြီးပါပြီဗျာ..Kim Kyungsoo တို့်များနော်
ကိုယ့်ရဲ့အိမ်ဦးနတ်က အလုပ်သွားမယ်ဆိုလို့  စောစောထပြီး ပြင်ဆင်ပေးရရှာတာ အိပ်ရေးတောင်မဝရှာဘူး...Aigoooooo"

တပ်လက်စကြယ်သီးကို အပြီးသတ်တပ်ပေးရင်း ကလေးရဲ့ ဆံပင်တွေကို ခပ်ဖွဖွ သပ်ပေးရင်း သူပြောတော့ မျက်စောင်းတစ်ချက်က သူ့ဆီ အားပြင်းပြင်းဖြင့် ရောက်လာလေ၏...။

ဟုတ်သည်လေ.....
မနက်စောစော ထပြီး မနက်စာပြင်ရတာလည်း Kim Jongin...
Company သွားဖို့ အဝတ်အစားတွေလည်း ကိုယ်တိုင်ပြင်ဆင်..ရေမိုးချိုးပြီးမှ ကလေးပေါက်စကို အတင်းမရမကနှိုးရ၏...။

ပြီးပြီလား ဆိုတော့ မပြီးသေး
မျက်နှာသစ်ပေး... သွားတိုက်ပေး
အဝတ်အစားလဲပေးစသည်ဖြင့် သူပဲ အစအဆုံးအကုန်လုပ်ပေးရ၏...။
ဒါတွေလုပ်ပေးရလို့ ငြိုငြင်သလားဆိုရင်ဖြင့် ငါးပြားစေ့လောက်တောင် မငြိုငြင်ပါဟု သူပြန်ဖြေရပေမည်...။

ဒီအတိုင်း ထိုကလေးရဲ့မျက်စောင်းနုနုကို မျှော်လင့်ရုံသက်သက် လျှောက်ပြောနေခြင်း...။

ပြောလို့ပြောတာ မဟုတ်...
Kim Kyungsoo မျက်စောင်းထိုးရင်သိပ်အသည်းယားဖို့
ကောင်း၏..။
မျက်ဆံလေးကိုအောက်ကိုစိုက် အံလေးကြိတ်ပြီး လူကိုစိုက်ကြည့်တာမျိုးလည်းသူပဲ
ဲလုပ်တတ်တာ...
(သိတယ်မလား သူ့ပုံစံလေးကို...Kim Jongin ကသာ ချစ်ဖို့ကောင်းနေတာ
သာမီးတို့ကတော့ ကြောက်တယ်..XD
စတာပါ...နောက်တာပါ...အတည်ပါ..)

💞ကလေး💞[Completed]Where stories live. Discover now