❤❤❤❤

7.4K 475 19
                                    

ဟိုတစ်နေ့က သူ့ကို လာမကြိုတဲ့ အတွက် Kyung Soo တစ်ယောက် အကြီးအကျယ်စိတ်ကောက်ပြီးတဲ့နောက်မှာ Kim Jongin ဆိုတဲ့ လူကြီးဟာ သူ့ကို အရင်ကထက်ပိုပြီး အဆပေါင်းများစွာ ပိုပြီး ဂရုစိုက်လာ၏~~~~

သူအချိန်ပိုင်း အလုပ်က ဆင်းသည့်အချိန်တွင် ဘယ်လောက်ပင် အလုပ်ရှုပ်နေပါစေ ရအောင် လာကြိုတတ်၏.....

အစည်းအဝေးခန်းထဲ ရောက်နေရင်တောင် အစည်းအဝေးကို ဖျက်ကာ လာကြိုလေ၏....

ထိုလူကြီးရဲ့ ဂရုစိုက်မှုတွေ အောက်မှာ တစ်နေ့ တစ်နေ့ ရင်ခုန်လှိုက်မော နေရတာနဲ့တင် လူက ဘဝင်မြင့် ချင်ချင်ဖြစ်လာ၏~~~

ဟုတ်တယ်လေ~~ဒီလောကကြီးမှာ ကိုယ့်ကို မျက်နှာ တစ်ချက် အညှိုး မခံဘဲ ကိုယ် လိုချင်တာ မှန်သမျှကို ဖြည့်ဆည်း ပေးတတ်တဲ့ ....သူ့ကိုသူ ထက်တောင်
ကိုယ့်ကို ပိုချစ်တဲ့ လူသား တစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ဘယ်လောက်တောင် ဘဝင်မြင့်ချင်စရာ ကြည်နူးစရာ ကောင်းသည့် ကိစ္စလဲလေ~~~

"Do Kyung Soo....Do Kyung Soo shi!!!!"

"Byun Baek Hyun ....မင်းသူငယ်ချင်းကို သတိလေးဘာလေး ပေးလိုက်ပါဦး
ရောမ ခေတ်က စစ်ပွဲတွေ အကြောင်းသင်နေတဲ့ဟာကို စပ်ဖြီးဖြီးနဲ့ နားထောင်နေတဲ့ မင်းသူငယ်ချင်းက ပုံမှန်ရော ဟုတ်သေးရဲ့လားလို့...."

"Kyung Soo yahhh~~~Kyung Soo yahh~~~ မင်းကို ဆရာခေါ်နေတယ်..."

"nae~~~nae sam
ကျွန်တော့ကို ဘာလို့ ခေါ်တာလဲဟင်..."

"အခုမှ ကယောင်ကတန်းတွေ ထအော်မနေနဲ့~~ဘာတွေ တွေးပြီး အဲ့လောက် စပ်ဖြီးဖြီး ဖြစ်နေတာလဲ ဆိုတာ တစ်တန်းလုံး သိအောင် ပြောပြစမ်းပါဦး~~~~"

"nae????...အာ...nae sam
အဲ့ဒါကလေ....အဲ့ဒါက ဟို..."

"ကဲ....ကိုယ်တော်လေး အခုမှ
"အ"သုံးလုံး လာသင်မနေနဲ့ .....သွား...အပြင်ထွက်ပြီး လက်မြှောက်နေ....ငါ့အချိန်ကုန်မှ ပြန်ဝင်လာခဲ့ ....ကြားလား!!"

"nae ...sam..."

Kyung Soo တစ်ယောက် မျက်နှာငယ်လေးဖြင့် အခန်းပြင်ထွက်လာကာ လက်မြှောက် နေရတော့သည်

အတန်းထဲက လူတွေကတော့ သူ့အဖြစ်ကို ကြည့်ပြီး တခွိခွိဖြင့် ရယ်နေကြသည်....

💞ကလေး💞[Completed]Donde viven las historias. Descúbrelo ahora