❤❤❤❤❤❤

6.6K 454 52
                                    

"အား....ပျင်းလိုက်တာနော်
ပျင်းလွန်းလို့ သေတော့မယ်တောင်ထင်ရတယ်~"

Kyung Soo တစ်ယောက် အိပ်ယာပေါ်မှာ ဇောက်ထိုးနေရင်းဖြင့်
ခြေထောက်နှစ်ချောင်းကို မိုးပေါ်မြှောက်ကာ ပါးစပ်က အော်ဟစ်နေရသည်

သူထိုသို့ အော်နေသည်မှာ နာရီဝက်လောက်ရှိနေပြီ ဖြစ်ပေမယ့်
သူ့ကို အဖက်လုပ်မည့်သူ တစ်ယောက်မှမရှိ

မရှိဆို သူ့ယောကျာ်းဆိုသည့် ဟိုလူကြီးမှာ
မနေ့ကတင်အလုပ်ကိစ္စနဲ့ ခရီးထွက်သွားသည်လေ

ကျောင်းပိတ်ရက်ကြီးကိုဘယ်မှလဲ မသွားရ
အိမ်မှာနေတော့လည်း တစ်ယောက်ထဲ

ပျင်းလိုက်တာ ဆိုတာ
အရည်ထွက်ရုံတင်အားမရလို့ လူက တစ်ကိုယ်လုံး ပျော့ပြဲ ကျနေပြီ

အလုပ်များနေသည့် ဟိုလူကြီး ဆီလည်း ph ဆက်ပြီးမရစ်ချင်ပါ
ညဘက်သူအလုပ်အားသည်နှင့်
Video call ခေါ်မယ်လို့ ပြောထားတယ်ဆိုတော့လည်း
ညရောက်သည်အထိ စောင့်ရုံပေါ့

ခက်တာက  အခုနေ့လယ်ကိုလုပ်စရာမရှိဖြစ်နေခြင်း

အိမ်မှာ ရှိသမျှ movie တွေလည်းအကုန်ကြည့်လို့ပြီးပြီ

ရှိသမျှ အစားအသောက်လည်း တစ်မနက်ထဲနဲ့ စားလိုက်တာ ကုန်ပြီ

ဘာလုပ်ရင် ကောင်းမလဲ
ဘာလုပ်ရင် ကောင်းမလဲ

စဉ်းစားစမ်း Do Kyung Soo လေး စဉ်းစားစမ်း....

ခေါင်းသုံး ....ခေါင်းသုံးပြီး စဉ်းစား
ခေါင်းသုံး....အင် ..ဟုတ်ပြီ
အကြံရပြီကွ

ဘာလုပ်ရမလဲ ဆိုတာ စဉ်းစားလို့ ရတာနဲ့တစ်ပြိုင်နက် ဘေးနားက ph ကိုယူပြီး တစ်ဦးတည်းသော သူငယ်ချင်းလေးဆီ ph လှမ်းဆက်လိုက်၏

"Baekhyunna ...မင်းဘာလုပ်နေလဲ
ခုအားလား~~"

"Game ဆော့နေတယ် သားကြီးရေ
မအားဘူး~~ဘာလုပ်မလို့မေးတာလဲ ~"

"ငါနဲ့အပြင် ခဏ လိုက်ခဲ့ပါလားလို့
ငါ ခေါင်းတွေ အရမ်းလေးနေပြီ
ဆံပင်သွားညှပ်ချင်လို့ ~~"

"ဘုရားရေ Do Kyung Soo
မင်းရဲ့ အခု လက်ရှိ ဆံပင်ကို ထပ်ညှပ်ရင် မင်း ကတုံး ဖြစ်တော့မှာနော်~"

💞ကလေး💞[Completed]Donde viven las historias. Descúbrelo ahora