❤19❤ [Final]

6.9K 395 41
                                    

"Appa Gom ရေ! !"

"လာပြီဟ... လာပြီ
ဘယ်လိုဖြစ်လို့ ကုန်းအော်နေတာ တုန်း...."

"ဖေ့ကို ညက ပါးဘာပြောထားလဲ
ဒီနေ့ စောစော ထရမယ်လို့ ပြောတယ်မလား..
ပါး လေယာဉ်ဆိုက်တာ မမှီရင် ဘယ်လိုလုပ်မလဲ....
ပါးစိတ်ဆိုးသွားရင် ဖေပဲ ညစာ ငတ်မှာနော်...!"

"သောက်ကလေး....လူကဖြင့် အလယ်တန်းပဲ ရှိသေးတယ်လူနဲ့ မလိုက်တဲ့ စကားတွေ ပြောပြန်ပြီ... သွားမယ် သွားမယ်...မင်းလုပ်မှ တကယ်နောက်ကျတော့မယ်...."

သားအဖနှစ်ယောက် ပွစိပွစိ ရေရွတ်ကာ ထွက်လာသည့် နေရာက အင်ချွန်းလေဆိပ်...။

Ph.D.ကျောင်းသားလေး Kim Kyungsoo တစ်ယောက် နောက်ဆုံးစာတမ်းရေးဖို့ဆိုပြီး
သူ့Appa ရှိသော NY ကို ထွက်သွားသည်မှာ နှစ်ပတ်ကြာပြီဖြစ်၍ ဒီနေ့ပဲ ပြန်ရောက်လာမည်ဖြစ်သည်...။
နှစ်ပတ်လုံးလုံးKyungsoo ကို မတွေ့ရသော Kim Jongin နှင့် Kim Jun တို့မှာ ညကတည်းက လေဆိပ်မှာကြိုဖို့ရာ တက်ကြွတဲ့ ကြက်ဖတွေ ဖြစ်နေကြတာ...။

Jun က ဘေးနားမှာ ကားမောင်းနေသော ဖေ့ကိုကြည့်ရင်း မသိမသာ တစ်ချက်ခိုးရယ်မိသည်...။
သနားဖို့လည်းကောင်း...ရယ်လည်းရယ်ရသော Jun ဖေဖေပါပဲ...။
ပါးမရှိတဲ့ နှစ်ပတ်အတောအတွင်း
အလုပ်နဲ့အိမ်... အိမ်နဲ့ အလုပ်ကလွဲ
ကျန်တဲ့နေရာ ဘယ်မှလည်းမသွား...။
ညဘက်အားတာနဲ့ ပါးဆီ Video call ခေါ်ပြီး အလွမ်းသယ်ရတာလည်း အမော..။
မနက်စာ စားဖို့ ပါးဘယ်လောက်ပဲ မှာမှာ အချိန်တန်ရင် Jun ကပဲ စောင့်ပြီးကျွေးရတာပါပဲ..။
Jun လည်းပါးကို လွမ်းပါသည်...။
ပါးလုပ်ကျွေးတဲ့ ကင်မ်ချီ ထမင်းကျော်ကိုလွမ်းသည်။
ပါးဆိုပြတဲ့ အိပ်ရာဝင်သီချင်းတွေကိုလွမ်းသည်။
ပါးရဲ့ ပွစိပွစိ ဆူသံတွေကို လွမ်းသည်။
ပါးတစ်ယောက် နှစ်ပတ်လောက်ခရီးထွက်လိုက်တာ
သူတို့ သားအဖနှစ်ယောက်လည်းဘဝတွေကို ပျက်လို့..။

"လေယာဉ်တော့ မဆိုက်လောက်သေးဘူး ထင်ရတာပဲ...
ဖေဖေတို့ စောရောက်ပါတယ်.."

လေဆိပ်ဝင်းအတွင်းသို့ ကားကို ချိုးကွေ့ရင်း Jongin က Jun ကို လှမ်းပြောလိုက်သည်။
Jun ကလည်း သူ့လက်က နာရီကို တစ်ချက်ငုံ့ကြည့်ရင်းမှ ခေါင်းငြိမ့်ပြလေရဲ့..။
ကားရပ်တော့မှ Jun ကားပေါ်ကနေ ဆင်းလိုက်ကာ ကားနောက်ခန်းတံခါးကို ဖွင့်ရင်း ညကတည်းက ဥယျာဉ် ထဲက နှင်းဆီတွေကို ခူးရင်း သားအဖနှစ်ယောက် ကြိုးစားပမ်းစားစီးထားသော ပန်းစီးကို လှမ်းယူလိုက်သည်။
ပါးက ပန်းတော့ သိပ်မကြိုက်..။
ဒါပေမဲ့ သိပ်တော့ ကိစ္စမရှိ
အဓိက က ပါးကို လက်ဗလာနဲ့ မကြိုရဖို့ပဲ..။

💞ကလေး💞[Completed]Where stories live. Discover now