❤11❤

6.8K 418 20
                                    

Jongin တစ်ယောက် သူ့လည်ပင်းကို လက်နှစ်ဖက်နှင့်တွယ် ချိတ်ရင်း သူ့ နှုတ်ခမ်းတို့ကို စိတ်ကြိုက်ချယ်လှယ်နေသော ကလေးပေါက်စကို အသည်းတစ်ယားယားဖြစ်လာရသည်မှာ သူ့ရဲ့ ကလေး အပေါ် ထားရှိသော ချစ်စိတ်ကြောင့် ဖြစ်ပေလိမ့်မည်...

သည်းခံနိုင်သည့် အတိုင်းအတာတစ်ခု ကုန်လွန်သွားသည့် နောက်မှာတော့
ကလေးရဲ့ ခါးသိမ်သိမ်ကို စွေ့ခနဲ ဆွဲပွေ့ရင်း မွေ့ယာပေါ် ရောက်အောင် ဆွဲတင်မိ၏ ....

ကုတင်ပေါ်မှာ ခြေဆင်းထိုင်နေသော သူ့ရှေ့ မ တ်တပ်ရပ်ကာ အနမ်းပင်လယ်ဝေနေလေသော ကလေးဟာ အင့်ခနဲ အာမေဋိတ်သံပြုရင်း
သူ့ကို မျက်လုံးလေး ပြူးကာ နားမလည်သလို ကြည့်နေလေသည်

"လူဆိုးလေး... ကိုယ်က ကလေး နေမကောင်းဘူးဆိုလို့ သည်းခံနေတာကို..အခုတော့ မရတော့ဘူး... ကိုယ်စတဲ့ ဇာတ်လမ်း ကိုယ်ဆုံးအောင် ကနိုင်ဖို့သာ ကြိုးစားပေတော့...."

ကလေးရဲ့ ခန္ဓာကိုယ်ပေါ် အုပ်မိုးရင်း ခပ်တိုးတိုး ဆိုမိတော့ ထိုကလေးဟာ
နှာစေး နေသည့် ယုန်သူငယ်ကလေး ပမာ မသိချင်ယောင် ဆောင်ရန်ကြိုးစားလေသည်..

Ahak.... လူလည်လေး....

နှုတ်ခမ်းတို့အပေါ်မှာ ဖြစ်တည်နေတဲ့ အနမ်းတွေရဲ့ အစပျိုးသူဟာ ကလေးဆိုပေမယ့် လှလှ ပပ လိုက်ကရန်ကြိုးစားရင်း ဦးဆောင်သူဟာ ပြောင်းလဲ မှန်းမသိ ပြောင်းလဲ သွားခဲ့လေသည်

ထိုကလေးကတော့ သူ့အနမ်း ကကြိုးတွေအောက် တအင့်အင့် ညည်းညူ
ရင်း... အပြာရောင် ညတစ်ညကို အစပြုဖို့
နှစ်ဦးသား လုံးထွေး ကြိုးပမ်းမိကြလေတော့သည်....

နှုတ်ခမ်းပေါ်က အနမ်းတစ်ချို့ကို အဆုံးသတ်ရင်း လည်တိုင်ပေါ် အနမ်းတစ်ချို့ ရွေ့မိတော့ လည်တိုင်ပေါ်က မွှေးညှင်းပေါက်ကလေးတွေ လှုပ်ခတ်သွားတာအတိုင်းသား

" ရှက်နေတာလား... ဘေဘီ...ဟင်..."

ပြောရင်း ဆိုရင်းပင် ကလေးရဲ့ လည်တိုင်ပေါ် ခပ်စွေးစွေးသင်္ကေတ တစ်ခု ပေါ်သည်အထိ သူနမ်းမိတော့ ကလေးငယ်ဟာ တအင့်အင့် ညည်းညူ
ရင်း ရုန်းကန်လိုဟန် ပြုလေသည်...

" ကိုကိုက တအား နမ်းတာပဲ
အရာတွေ ထင်ကုန်ရင် ဘယ်လိုလုပ်မလဲ
အောက်မှာ Pa တို့ ရှိနေတာကို
မနက်ကြရင် ဘယ်လို မျက်နှာချင်းဆိုင်ရမှာလဲ..."

💞ကလေး💞[Completed]Where stories live. Discover now