❤16❤

5.1K 372 29
                                    

"ခရီးသည်များ စီးနင်းလိုက်ပါလာသော ယာဉ်သည် ကစားကွင်းသို့ ရောက်ပြီဖြစ်သဖြင့်
ခါးပါတ်တွေဖြုတ်ပြီး ကားပေါ်နေ ဆင်းနိုင်ပါပြီ ခင်ဗျာ..."

"ယေးးး"

ပေါက်ကရတွေ လျှောက်ပြောနေတဲ့ Jongin ရယ်... Jongin ပြောသမျှ တစ်ဝါးဝါးနဲ့ သဘောကျနေတဲ့ Kim Jun ရယ်ကို ကြည့်ပြီး Kyungsoo နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

ကားနောက်ခန်းတံခါးကို သွားဖွင့်ပြီး Jun ကို ခါးပတ်ဖြုတ်ပေးကာ ချီပြီး အပြင်ကိုထုတ်ပေးရသည်။
အပြင်ရောက်တာနဲ့ ဟိုကလေးက လူပေါ်မှာမနေချင်။အတင်းကို အောက်ဆင်းပြီး သူ့ဘာသာ လမ်းလျှောက်လေရဲ့။
ဒီအရွယ်ဆိုတော့လည်း လူကြီးကိုအမှီအခို မပြုချင်ဘဲ အရာရာ သူ့ခြေသူ့လက်လုပ်ချင်တာ သိပ်တော့ အထူးအဆန်းမဟုတ်တော့။

"ကဲ...ဒီနေ့တော့ တိုသားအဖတွေ အမုန်းကဲကြမယ်! "

ယိုင်ထိုး ယိုင်ထိုးနဲ့ လမ်းလျှောက်နေသော သားငယ်ကို လက်သွားတွဲရင်း Jongin ပြောလိုက်သည်။
Kyungsoo ကို လှမ်းကြည့်တော့လည်း သူပြောသမျှကို  သဘောကျနေသည့်ပုံစံဖြင့် ခပ်ပြုံးပြုံးလေးဖြစ်နေသည်။

T_Shirt အနက်ကလေးရယ်၊
အောက်က အနက်ရောင်ဘောင်းဘီတိုလေးရယ်၊
အနက်ရောင်ဦးထုပ်ရယ်ဖြင့် တစ်ကိုယ်လုံး all black ဖြစ်နေသော Kyungsoo ကိုကြည့်ပြီး Jongin စိတ်တွေ သိပ်အစိုးမရချင်တော့။

အစကတည်းက ဖြူ ဥနေသည့်အသားအရေကိုမှ all black ဝတ်ထားတော့ လူက အားလုံးထဲမှာ ထင်းထွက်နေတာ ။
ဒါ့အပြင် အနက်ရောင် ကော်ကိုင်း မျက်မှန် အဝိုင်းလေးကိုလည်း တပ်ထားသေးတော့ မြင်သမျှလူတွေအကုန်လုံးက Kyungsoo ကို ကလေးအဖေလို့ ဘယ်သူမှ ထင်မှာမဟုတ်တော့။

Jongin တွေးရင်းတွေးရင်း သဝန်တွှေးတိုလာရသည်။

တစ်ဦးတည်းသောယောကျာ်းပေါက်စ
ကိုတော့ ဘယ်သူမှမမြင်အောင် အိမ်ထဲမှာပဲ ဖွက်ထားရမလိုဖြစ်နေပြီ။
ဒီလောက် ရိုးရိုးရှင်းရှင်းလေး ဝတ်ထားတာတောင် လူကြည့်ခံနေရတာ။
သူများတွေလို ပြင်ပြင်ဆင်ဆင်များ နေရင်တော့ Kim Jongin တို့ J နင်ပြီး သေသွားမလားတောင်စိုးရိမ်ရလေသည်။

💞ကလေး💞[Completed]Où les histoires vivent. Découvrez maintenant