❤❤

10.2K 589 36
                                    

နေရောင်ခြည်နုနု လေးတွေ ဖြာကျနေသော အခန်းငယ်လေး အတွင်း တစ်ဦးနှင့် တစ်ဦး တင်းကြပ်စွာ ဖက်တွယ် ရင်း အိပ်ပျော်နေကြသော ချစ်စဖွယ် လူသားနှစ်ဦး ......

" အင်း....."
Kyungsoo တစ်ယောက် အနည်းငယ် လူးလွန့်ရင်း မျက်လုံး မဖွင့်သေးဘဲ တစ်ချက်သန်းလိုက်၏...

"အင်း...ကိုကို""
သူ့ကို လွတ်ထွက်သွားမှာစိုးသည့်အလား
ဖက်ထားသော ကိုကို့ ရင်ခွင်မှ အနည်းငယ် ရုန်းကြည့်၏

မရ....လုံးဝ မရ
ထိုလူကြီးဟာလေ ....သူ အိပ်နေတုန်း ကျွန်တော် တစ်နေရာရာ ထွက်သွားမှာ
အလွန်ကြောက်သည့် လူကြီးပါလေ

ခုလည်းကြည့်လေ အိပ်ယာနိုးနိုးချင်း အိမ်သာသွားချင်လို့ သူ့ရင်ခွင်ထဲက ရုန်းကြည့်တာ ရုန်းလို့မှမရဘဲ

မဖြစ်ချေတော့ ဒီပုံ အတိုင်းဆို Do Kyungsoo တစ်ယောက် အထက်တန်း နောက်ဆုံးနှစ်ရောက်မှ အိပ်ယာထဲ သေးပေါက်ချတယ်ဆိုတဲ့ စကားတွေ ထွက်လာ နိုင်ချေ ရှိလေပြီ

ထိုလူကြီးအား မနိုး နိုးအောင် နှိုးမှကို ဖြစ်တော့မည်

"ကိုကို...ကိုကို...ကိုကိုလို့
ထတော့ဗျာ ...မထရင်လည်း ခဏလွှတ်ပေးဦး...ကျွန်တော်ရှူးပေါက်ချင်လို့ ..."

"ဟာ...ခဏလေး နေပါဦးကလေးရာ
ကိုကို အိပ်ချင်သေးလို့ပါကွာ.... နော်"

သူ့ကို ရင်ခွင်ထဲ နစ်သထက်နစ်အောင်
ထပ်ပြီး ဆွဲသွင်းရင်း မျက်လုံး မဖွင့် ဆိုလာလေ၏

"ဒီလူကြီးတော့ဗျာ .....
မထချင်လည်း ကျွန်တော့ကို ခဏလွှတ်ပေး....ကျွန်တော် ရှူးထွက် တော့မှာပါဆို""

"အင်း...ပြီးရော ပြီးရော
ကိစ္စပြီး ပြီးချင်း ပြန်လာခဲ့လေနော် ကလေးနော်...ကိုကိုက ကလေးကို ဖက်အိပ်ချင်သေးတာ"

"မလာဘူးဗျာ....ဒီနေ့ ကျောင်းမှာ Test ရှိပါတယ်ဆိုမှ ...ညကလည်းသူ့ကြောင့် စာမကျက်လိုက်ရဘဲ အစောကြီးအိပ်လိုက်ရတယ်...
ကျွန်တော် မျက်နှာသစ်ပြီး စာကျက်တော့မှာမို့လို့ ..ကိုကို့ ဘာသာ တစ်ယောက်ထဲ ဆက်အိပ်ချေတော့...."

Kyungsoo တစ်ယောက် ဆူပွပွနဲ့ ပြောရင်း ရေချိုးခန်းထဲ ထွက်လာခဲ့၏

💞ကလေး💞[Completed]Место, где живут истории. Откройте их для себя