❤❤❤❤❤

7.3K 449 53
                                    

DKS's Pov.....

ခင်ဗျားတို့်လည်း SNS တွေ သုံးနေတာပဲ
SNS ပေါ်တက်လာတဲ့ status တွေ ခဏ ခဏ မြင်ဖူးမှာပေါ့

အချစ်ဆိုတာ ချစ်နေတဲ့ နေရာမှာပဲ ရပ်ထားရင် အကောင်းဆုံးပဲတဲ့

ပိုင်ဆိုင်လိုမှုတွေ ပါလာရင်ပိုပြီး နာကျင်ရတတ်တယ်တဲ့ ~~

ကျွန်တော်ကတော့ အဲ့လူကြီးကို ချစ်နေပါတယ်ဆိုတဲ့ နေရာမှာတင် ရပ်မနေနိုင်လို့ ပိုင်ဆိုင်ခွင့်ရှိအောင် ကြိုးစားခဲ့တာပဲ

ကိုယ့်အချစ်ကို ကိုယ်မှ မကာကွယ်ရင်
ကာကွယ်ပေးမယ့်သူ မရှိဘူးဗျ~~~

ကျွန်တော် ပြောဖူးသလားလို့
သူဟာ ကျွန်တော်နဲ့ စတွေ့ကတည်းက ကိုပိုကြီးဆိုတာ

သူဘယ်လောက်ပဲ ကျွန်တော့်ကို သည်းသည်းလှုပ်ခဲ့ လှုပ်ခဲ့

ကျွန်တော်ကမှ သတ္တိရှိရှိနဲ့ မလှုပ်ရှားခဲ့ဘူး ဆိုရင် အဲ့လူကြီးနဲ့ ကျွန်တော် ခုချိန်ဆို
သမုဒ္ဒရာတွေ ခြားနေလောက်ပြီ ~~~

Flashback~~~

ဘေးတစ်ဖက် တစ်ချက်မှာ ချယ်ရီ
တွေနဲ့ခြံရံ ထားတဲ့ ချယ်ရီလမ်းလေး

သင်းပျံ့ပျံချယ်ရီနံတွေလွှမ်းခြုံထားတဲ့ လမ်းကလေးဟာ ခပ်ဖျော့ဖျော့ နေရောင် ခြည်အောက်မှာ လှပလွန်းနေခဲ့သည်~~

လူလည်း ရှင်းနေသည်နှင့်ပဲ Kyung Soo တစ်ယောက် earphone လေး တပ်ရင်း
စိတ်လွတ် ကိုယ်လွတ်နဲ့ စကိတ်စီးလာခဲ့သည်

သို့သော် ရုတ်တရက် မြွေလိမ်မြွေကောက် ပုံစံနဲ့ စီးနင်းလာသော စက်ဘီးတစ်စီးက ဘွားခနဲ ပေါ်လာသည့် အချိန်မှာတော့
သူဘာလုပ်လို့ လုပ်ရမှန်းမသိတော့

ငါတော့ စက်ဘီးတိုက်ခံရပါပြီဆိုပြီး
စိတ်ကို လျှော့ချလိုက်ပြီး မျက်ဝန်းတစ်စုံကို မှိတ်ချလိုက်သည့် တစ်ခဏ

ထိုအခိုက်အတန့်မှာပင် သူ့ရဲ့ ခါးကို တင်းကြင်းစွာ လာဖက်ပြီး စက်ဘီးရှေ့ကနေ ဆွဲထုတ်သွားသော လက်အစုံရဲ့ တင်းကြပ်မှုကို သူခံစားလိုက်ရပါသည်

သူပဲစိတ်ထငိ၍လားမသိ ....သူပါအပ်
ထားမိသော ထိုလူရဲ့ နှလုံးသားဟာ လိုတာထက်ပိုခုန်နေခဲ့သလားလို့

💞ကလေး💞[Completed]حيث تعيش القصص. اكتشف الآن