❤❤❤❤❤❤❤❤

7.1K 435 17
                                    

               °°°°ကလေးအပေါ်ထားရှိတဲ့
                       ကိုယ့်ရဲ့ချစ်ခြင်းတွေကို
                           နူးညံ့စွာ မြတ်နိုးခြင်းလို့
              ကိုယ်သတ်မှတ်မယ် °°°°°°°°°

~~~~~~~~~~~~~~
DKS POV

လူတစ်ယောက်ကို လူ့လောကထဲ ရောက်အောင် မွေးထုတ်ပေးလိုက်တဲ့ ရက်ကို အဲ့ဒီလူရဲ့ မွေးနေ့ ရက်မြတ်လို့ သတ်မှတ်သတဲ့

ဘာလိုလိုနဲ့ ကျွန်တော် Doh Kyung Soo တောင် မနက်ဖြန်ဆို ၁၈နှစ်ပြည့်တော့မည်

ကိုကိုနဲ့ Driving ဆိုပြီး
မြို့ပြင်ထွက်သွားတဲ့ နေ့က ကိုကို့ကို ပေးခဲ့မိသော ကတိကို တွေးမိနေ၍ လူက အိပ်မပျော်

ကိုကို့ လက်မောင်းကို ခေါင်းအုံးရင်း
မျက်လုံးကို မှိတ်ထားပေမယ့် အတွေးထဲမှာတော့ ပြောခဲ့မိသော စကားကသာ တဝဲလည်လည်

၁၈နှစ်ပြည့်တဲ့နေ့မှာ ကိုကို လိုချင်တဲ့ အဖြေကို ပေးမယ်လို့ ကျွန်တော် ပြောခဲ့မိသည်

အမှန်ဆို ကျွန်တော် ကြောက်ပါသည်
မြတ်နိုးလွန်းလို့ လူကို နမ်းရုံကလွဲ အဆင့်မတတ်သည့် ကိုကိုကြောင့်
ရှေ့ဆက်သွားရမည့်အဆင့်တွေကို ကျွန်တော် ကြောက်ပါသည်

ဒါပေမယ့် ကိုကိုနဲ့ ကျွန်တော်နဲ့က လက်ထက်ထားတာမလား

လက်ထက်ပြီး တစ်နှစ်ပြည့်တဲ့အထိ
လူကို မထိရက် မကိုင်ရက်
အရုပ်ကလေး တစ်ရုပ်လို သဘောထားခဲ့သော ကိုကို့အတွက်
ကျွန်တော် တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်သည်

တတ်နိုင်ရင် သိပ်ကို ကလေးချစ်တတ်တဲ့ ကိုကို့အတွက် ကိုကိုနဲ့ သိပ်တူတဲ့ ကလေးလေး တစ်ယောက်ပါ မွေးပေးချင်မိပါသည်

ကလေးယူဖို့ လိုအပ်တဲ့ အဆင့်ကို မဖြတ်ကျော်ရဲတာပဲ ရှိတာ

Fighting Doh Kyung Soo!!!!!

ကြောက်ရင်လွဲ ရဲ မင်းဖြစ်တဲ့

တစ်နေ့နေ့မှာ ကြုံကို ကြုံလာရမယ့် ကိစ္စတစ်ခုကို သတ္တိရှိရှိနဲ့ မြန်မြန်လေး ဖြတ်ကျော်သွားကြရအောင်

မနက်ဖြန်ကျရင်တော့
ကျွန်တော့်ကို သိပ်ချစ်တဲ့ ကိုကိုဟာ
ကျွန်တော့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့
အရမ်းကို လှပတဲ့ အစီအစဉ်တွေနဲ့ စောင့်ကြိုနေလိမ့်မည် ဟု ယုံကြည်ရင်း
တဖြည်းဖြည်းဖြင့် အိပ်မက်ကမ္ဘာထဲသို့

💞ကလေး💞[Completed]Onde histórias criam vida. Descubra agora