The Salty Coffee (Short Story)

138 17 5
                                        


ဒီဇာတ်လမ်းတိုလေးကတော့
ဘာသာပြန်ဇာတ်လမ်းတို
တစ်ပုဒ်ဖြစ်ပါတယ်။
အဲဒါကြောင့် မူရင်းရေးတဲ့သူကို
မသိပေမယ့် ဘာသာပြန်သူကိုတော့
ဇာတ်လမ်းအဆုံးမှာ ထည့်ရေးပြီး
Credit ပေးထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

သူမကို သူတွေ့ခဲ့တာကတော့ ပါတီပွဲတစ်ခုမှာပါ။

သူမဟာ အလွန်ထက်မြက်သူတစ်ဦး
ဖြစ်တဲ့အတွက် အမျိုးသားအများစုဟာ
သူမကိုပိုးပန်းခဲ့ကြတယ်။

သူကတော့ အညတရတစ်ယောက်သာ
ဖြစ်တဲ့အတွက် မည်သူကမှ သူ့ကို
သတိမထား ကြပါဘူး။

ပါတီပွဲပြီးတဲ့အခါ သူမကို ကော်ဖီလိုက်သောက်ဖို့ သူ ဖိတ်ကြားခဲ့တယ်။

သူမ အံ့ဩသွားပေမယ့် ယဉ်ကျေးပျူငှါသူတစ်ဦးဖြစ်တာကြောင့်
ကော်ဖီလိုက်သောက်ဖို့ ကတိပေးခဲ့ပါတယ်။

သင့်တင့်ကောင်းမွန်တဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ သူတို့နှစ်ဦး ထိုင်ခဲ့ကြတယ်။

သူဟာ စကားတစ်ခွန်းမှ ပြောမထွက်နိုင်လောက်အောင် စိတ်လှုပ်ရှားနေမိတယ်။

သူမလည်း စိတ်မသက်မသာဖြစ်နေတဲ့
အတွက်

"ကျေးဇူးပြုပြီး ကျွန်မကို အိမ်ပြန်ခွင့်ပြုပါနော်"

လို့စိတ်ထဲကနေ ပြောနေမိတယ်။
သူဟာ စားပွဲထိုးကို ရုတ်တရက် ပြောဆိုလိုက်ပါတယ်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆားနည်းနည်းပေးပါဗျာ။
ကော်ဖီထဲ ထည့်သောက်ချင်လို့ပါ"

လူတိုင်းဟာ သူ့ကိုတအံ့တဩနဲ့
စိုက်ကြည့်လိုက်ကြတယ်။
သူ့မျက်နှာနီရဲသွားပေမဲ့လည်း
ဆားတွေကို ကော်ဖီထဲထည့်ပြီး
သောက်လိုက်တယ်။

သူမက သိလိုစိတ်ပြင်းပြစွာဖြင့်

"ရှင့်မှာ ဘာဖြစ်လို့ ဒီအကျင့်မျိုး
ရှိနေရတာလဲဟင်"

လို့မေးလိုက်ပါတယ်။
သူပြန်ပြောပြတယ်။

"ကျွန်တော် ငယ်ငယ်တုန်းက
ပင်လယ်အနီးမှာ နေခဲ့ရတယ်။
ပယ်လယ်အနီး ကစားရတာကို
ကျွန်တော်နှစ်သက်တယ်။
ပင်လယ်ရဲ့ အရသာကို ခံစားနိုင်ခဲ့သလို
ဆားပါတဲ့ကော်ဖီအရသာကိုလည်း
ခံစားနိုင်ခဲ့ပါတယ်။ ဆားပါတဲ့ကော်ဖီကို
သောက်တဲ့အချိန်တိုင်း ကျွန်တော့်ရဲ့
ဇာတိမြို့အကြောင်း စဉ်းစားလိုက်မိတယ်။
ကျွန်တော့်ရဲ့ဇာတိမြို့ကို အရမ်းလွမ်း
မိသလို အဲဒီမှာရှိနေသေးတဲ့ မိဘတွေကိုလည်း လွမ်းမိပါတယ်ဗျာ။

Different piece in One worldWhere stories live. Discover now