What is depression?

42 8 0
                                    


ကမ္ဘာပေါ်တွင် စိတ်ကျရောဂါကြောင့်
နှစ်စဉ် ဝမ်းနည်းကြေကွဲစရာကောင်းသော
အသက်ဆုံးရှုံးမှုများ မြင့်တက်လာလျက်
ရှိပါသည်။

ထို့အတွက်ကြောင့် စိတ်ကျရောဂါနှင့်
ပတ်သက်၍ ဗဟုသုတရစေရန်အလို့ငှါ
ပြန်လည်မျှဝေဖော်ပြအပ်ပါသည်။

♦ စိတ်ကျရောဂါ (Depression) ဆိုသည်မှာ စိတ်နေစိတ်ထား၊ စိတ်ခံစားမှု၊
စဉ်းစားတွေးခေါ်နိုင်မှုနှင့် ကာယကျန်းမာ
ရေးတို့ကို ပြောင်းလဲစေသည့် neurotransmitters နှင့် brain hormones
မညီမျှခြင်းတို့ကြောင့် ဖြစ်လာရသော ကျန်းမာရေးအခြေအနေ ဖြစ်သည်။

စိတ်ကျရောဂါအမျိုးမျိုးရှိပါသည်။ ၎င်းတို့မှာ -
၁။ အဓိကဖြစ်လေ့ရှိသော စိတ်ကျခြင်း
( Major depression disorder)

၂။ မကြာခဏဖြစ်လေ့ရှိသော စိတ်ကျခြင်း
( Persistent depressive disorder/ Dysthymia )

၃။ ဓမ္မတာမလာမီ ဖြစ်လေ့ရှိသော စိတ်အလိုမကျခြင်း ( Premenstrual
dysphoric disorder ) တို့ဖြစ်ပါသည်။

စိတ်ကျရောဂါလက္ခဏာသည် အများအား
ဖြင့်နေ့စဉ်နေ့တိုင်းလိုလို ကြုံတွေ့ရတတ်
ပြီး သင်တို့၏လူနေမှုဘဝပုံစံအား မည်ကဲ့
သို့ကိုင်တွယ်နိုင်သလဲ ဆိုသည့်အပေါ်တွင်
များစွာအကျိုးသက်ရောက်မှုရှိသည်။

♦ အောက်ပါစိတ်ကျရောဂါလက္ခဏာများ
မှ ( ၅ ) မျိုး သို့မဟုတ် ( ၅ )မျိုးနှင့်
အထက် ကိုနေ့စဉ်ရက်ဆက် သီတင်းပတ်
( ၂ ) ပတ်ကြာ တွေ့ရလျှင် စိတ်ကျရောဂါ
ခံစားနေရကြောင်း သိရှိနိုင်ပါသည်။
စိတ်ကျရောဂါလက္ခဏာများမှာ -
၁။ စိတ်ဓာတ်ကျခြင်း ( ဝမ်းနည်းခြင်း၊
ဘာမှမရှိသလို ခံစားရခြင်းနှင့် မျှော်လင့်
ချက်မရှိသလို ခံစားရခြင်း) ကလေးများ
နှင့် ဆယ်ကျော်သက်အရွယ်များတွင်မူ
စိတ်ကသိကအောက်ဖြစ်ခြင်းနှင့် စိတ်ဆိုး
မာန်ဆိုးဖြစ်ခြင်း။

၂။ စိတ်ဝင်စားမှု သိသာထင်ရှားစွာလျော့
နည်းလာခြင်း၊ မိမိလုပ်ဆောင်ရမည့်
အလုပ်ကိစ္စအားလုံး သို့မဟုတ် အားလုံး
နီးပါးတွင်ဖိအားများနှင့် ကြုံတွေ့ရခြင်း။

၃။ နေ့တိုင်းနီးပါး အစာစားချင်စိတ် လျော့
နည်းခြင်း သို့မဟုတ် ပိုများခြင်း။

၄။ နေ့တိုင်းနီးပါး အိပ်မပျော်ခြင်း (သို့)
အလွန်အမင်းအိပ်စက်ခြင်း။

၅။ နေ့တိုင်းနီးပါး စိုးရိမ်ကြောင့်ကြပူပန်
စိတ်ဖြစ်ခြင်း သို့မဟုတ် အလုပ်လုပ်ရာ
တွင်နှေးကွေးလေးလံခြင်း။

၆။ နေ့တိုင်းနီးပါး မောပန်းနွမ်းနယ်ခြင်း
သို့မဟုတ် အားအင်ကုန်ခမ်းခြင်း။

၇။ တန်ဖိုးမရှိသလိုခံစားရခြင်း သို့မဟုတ်
အပြစ်ရှိသလိုခံစားရခြင်း၊ စိတ်မသန့်ခြင်း၊
စိတ်မလုံခြင်း။

၈။ နေ့တိုင်းနီးပါး ဆင်ခြင်တွေးတောနိုင်မှု
(သို့) အာရုံစူးစိုက်မှု (သို့) ဆုံးဖြတ်ချက်ချ
နိုင်မှု လျော့ကျခြင်း။

၉။ ခဏခဏ သေခြင်းတရားအကြောင်း
စဉ်းစားခြင်း၊ မကြာခဏ သေကြောင်း
ကြံစည်ရန် အကြံဖြစ်ပေါ်ခြင်း။
တို့ဖြစ်ပါသည်။

♦ အကယ်၍ လူတစ်ယောက်သည် သေ
ကြောင်းကြံစည်လျှင်သော်လည်းကောင်း
သို့မဟုတ် အထက်ပါ စိတ်ကျရောဂါလက္ခ
ဏာများ နေ့စဉ်တွေ့မြင်နေရလျှင်သော်
လည်းကောင်း အလျင်အမြန် ဆေးကုသ
မှုခံယူသင့်ပါသည်။

♦ အများအားဖြင့် စိတ်ကျရောဂါအား
ဆေးရုံတက်စရာမလိုဘဲ ကုသနိုင်ပါသည်
ချွင်းချက်အနေဖြင့် အနီးကပ်စောင့်ကြည့်
ရန်လိုအပ်သောလူနာများ၊ စိုးရိမ်ရသော
လူနာများ၊ ရောဂါပြင်းထန်သောလူနာများ
(သို့) ရောဂါရှာဖွေစစ်ဆေးရန်လိုအပ်
သောလူနာများနှင့် သီးသန့်ခွဲထားရန်
လိုအပ်သောလူနာများမှာမူ ဆေးရုံတက်
ရန်လိုအပ်ပါသည်။

♦ စိတ်ကျရောဂါအား ကုသနည်းများစွာ
ရှိပါသည်။ ၎င်းတို့မှာ -
✔ စိတ်ကျန်းမာရေးဆရာဝန်ဖြင့် သေချာ
စွာဆွေးနွေးတိုင်ပင် စစ်ဆေး၍ စိတ်ငြိမ်
ဆေးကဲ့သို့ သောက်ဆေးပေးခြင်း။

✔ စိတ်ကျဝေဒနာကြောင့် ခံစားနေရ
သောအဆိုးမြင်စိတ်အား Psychotherapy ပြုလုပ်၍ ပြန်လည် ထိန်းညှိပေးခြင်း။

- Interpersonal Psychotherapy
(IP) ပေါင်းသင်းဆက်ဆံရေးဆိုင်ရာဆွေး
နွေးကုသပေးခြင်း။
- Cognitive Behavioral Therapy
(CBT) အသိအမြင် အမူအရာနှင့်ပတ်
သက်သောရောဂါကုထုံး။
- Rational Emotive Behavior Therapy(REBT) ကျိုးကြောင်းဆက်စပ် ခံစားမှုဆိုင်ရာ
ရောဂါကုထုံး။
- Dialectical Behavior Therapy
(DBT) အပြန်အလှန် နားလည်မှုဆိုင်ရာ
ရောဂါကုထုံး။

✔ အခြားသောကုသနည်းများမှာ -
- Electroconvulsive Therapy (ECT)

- Transcranial Magnetic Stimulation(TMS)

- Vagus Nerve Stimulation (VNS)

တို့ဖြစ်ပါသည်။

Credit:# Bangkok Hospital Office

Different piece in One worldOnde histórias criam vida. Descubra agora