ဒီစာတိုလေးကို ကျွန်တော် FB Page
တစ်ခုကနေဖတ်ခဲ့ရတာပါ။
မူရင်းရေးသူကိုအဲ့ Page ကလည်း
မဖော်ပြထားပါဘူး။
Crd ဆိုပြီးပဲပါတော့မူရင်းရေးသူကိုမသိ
ပေမယ့်ပိုင်ရှင်ကို Crd ပေးပါတယ်။
++++++++++++
အခုလက်ရှိသုံးနေတဲ့ FB Account
ကိုရုတ်တရက် deactivate လုပ်ပြီး
တိတ်တိတ်ကလေး ပျောက်သွားကြည့်.....
ဒါမှမဟုတ်
ရုတ်တရက်မင်းသေဆုံးသွားလို့ မင်း
အကောင့်ကအသက်မဲ့သွားတယ်ဆိုပါစို့...
အချိန်ကြာတဲ့အခါမင်းကို အားလုံးအ
လိုလိုမေ့သွားပါလိမ့်မယ်........
တစ်ချို့တွေ အမှတ်မထင် Mention
ခေါ်ဖို့ကြိုးစားတော့မှ မင်းမရှိမှန်းသိသွား
မယ်.....သတိရသွားမယ်......
အရေးတကြီးမင်းဆီက အကူအညီလိုမှ
မင်းကို Hi ဖို့ကြိုးစားတဲ့အခါ မင်းမရှိမှန်း
သိသွားမယ်........သတိရသွားကြမယ်.....
မင်းရဲ့ Timeline ပေါ်တစ်ခုခုတက်ရေး
ဖို့မင်းနာမည်ကို search box မှာရိုက်
ကြည့်မှ မင်းရှိမနေတော့ဘူးဆိုတာ
သိသွားကြမယ်.....သတိရသွားမယ်......
မင်းတင်ဖူးတဲ့... မင်းရေးဖူးတဲ့ ဓာတ်ပုံတစ်
ခုခု....Status တစ်ခုခုကို ပြန်ကြည့်ချင်
တော့မှ မင်းပျောက်သွားမှန်း သတိထား
မိကြမယ်......သတိရကြမယ်.....
သူတို့ Memories မှာမင်းပုံပါလာမှ
I Miss You. Where are you?
You left us so early.
ဆိုပြီး အဲ့ဒီ memories ကိုပြန် share
ပြီးငိုပြ....လွမ်းပြကြမယ်.......
တစ်ချိန်တုန်းက.....မင်းလည်းလူတချို့ကို
အဲဒီလိုပဲ.....မေ့ပျောက်ခဲ့တာပဲ.......
တစ်ချိန်မှာ
မင်းလည်း အဲ့ဒီလိုပဲ မေ့ပျောက်ခံရမယ်....
မထူးဆန်းပေမယ့် ဝမ်းနည်းစရာအမှန်
တရားဟာ ကိုယ်တွေအားလုံးရဲ့ လက်
တစ်ကမ်းမှာအဆင်သင့်.......
RIP လောက်နဲ့ပဲ ပြီးဆုံးသွားမယ့်
စစ်မှန်တယ်လို့ မင်းထင်ခဲ့ဖူးတဲ့
ချစ်ခြင်းမေတ္တာတချို့ရှိမယ်......
မင်းနဲ့အတူတွဲရိုက်ထားတဲ့ပုံတွေကို
ပြန်ရှာ.....အမှတ်တရပြန်တင်ပြီး
Like များများမျှော်လင့်မယ့် သံယောဇဉ်
အမည်ခံ ရွှေရည်စိမ်ခင်မင်မှုတွေရှိမယ်.....
မင်းနာရေးသတင်းအပိုင်းအစလေးကို
တင်ပြီး သံဝေဂယူချင်ယောင်ဆောင်မယ့်
ခပ်ယဲ့ယဲ့နှလုံးသားပိုင်ရှင်တချို့ရှိမယ်.....
ပြောချင်တာက အခုမင်းနေထိုင်ရာ
Virtual (ပုံရိပ်ယောင်) ကမ္ဘာမှာ
မင်းကိုယ်မင်း ဇာတ်လိုက်ထင်နေ
ပေမယ့် တခြားသူတွေအတွက်တော့
မင်းဟာ ဖြတ်လျှောက်သာသာပါပဲ......
သူတို့မြင်ကွင်းလေးထဲ မင်းဖြတ်မလျှောက်
တာကြာတဲ့အခါ သူတို့ကမ္ဘာကနေ မင်း
ပျောက်ကွယ်သွားမှာပါ.....
တဖြည်းဖြည်း.......အေးခဲတိတ်ဆိတ်သွားတဲ့ ပုံရိပ်တချို့နဲ့ စာသားတွေပဲ မင်းကိုလွမ်းပြီးကျန်နေခဲ့မှာ........နာကျင်ဖွယ်.......
Crd: Unknown
Source: FB
YOU ARE READING
Different piece in One world
Randomဒီထဲမှာ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတိုလေးတွေ ခွန်အားဖြစ်စေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေ ခံစားလို့ကောင်းမယ့် ကဗျာတိုလေးတွေ အဓိပ္ပါယ်ရှိတဲ့ quotation လေးတွေကို ထည့်သွင်းသွားပါမယ်။ ဒီမှာပါတဲ့ အကြောင်းအရာအားလုံးက ကျွန်တော်ပိုင်တာမဟုတ်တော့ တတ်နိုင်သမ...
