ကြယ်တစ်ပွင့်ရဲ့ ဝန်ခံချက်

53 8 0
                                    


ဘဝတစ်ခုရဲ့ နောက်ဆုံးအချိန်မှာ
ဘယ်သူ့ကိုနှုတ်ဆက်ခဲ့သင့်သလဲ.......

ကျွန်တော်ကတော့ တန်ဖိုးထားရဆုံးသူကို
နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့ပြီးပါပြီ.......

ကျွန်တော့်ရင်ဘက်ထဲမှာ လူတွေကိုမပြရသေးတဲ့
ခံစားချက်စာသားထောင်ချီ
ကျန်ရှိနေသေးတယ်.......

ဒါပေမဲ့ ဒီနေ့ဟာ သာသာယာယာပဲ
ဘယ်သူမှ ကျွန်တော့်မကောင်းကြောင်း
မပြောကြဘူး........

ဒါပေမဲ့ ဒီနေ့ဟာ လွတ်လွတ်လပ်လပ်ပဲ
ဘယ်သူမှ ကျွန်တော့်လွတ်လပ်ခွင့်ကို
မချုပ်နှောင်ထားကြဘူး......

အဆုံးသတ်ဖြစ်ခဲ့ပေမယ့်လည်း
ဒီနေ့ဟာ ပြီးပြည့်စုံလွန်းခဲ့ပါတယ်.......။

#RestInPeace Kim Jonghyun
#We will always remember you.

♒Sblvz♒

Different piece in One worldDonde viven las historias. Descúbrelo ahora