ငါ့ရဲ့ တဒင်္ဂရူးမိုက်မှုအတွက်
ရင်ခုန်သံတွေက ဓားစာခံဖြစ်ခဲ့ရပြီး
ပြန်အဖတ်ဆယ်ဖို့ရာ အမှန်တရားက
အမုန်းနွံံထဲ စုန်းစုန်းမြုပ်နေခဲ့ပြီ။ပြေပြခွင့်မရှိတော့တဲ့ ငါ့အချစ်က
ရင်ထဲမှာပြည့်ဖြိုးလျှံမောက်လို့
မသိမ်းထားနိုင်တော့တဲ့တစ်နေ့
လွတ်လပ်စွာ ပွင့်အံကြမှာပေါ့။ပြိုင်မျဉ်းနှစ်ကြောင်းလို
ဦးတည်ရာတူညီခဲ့သော်လည်း
ဆုံမှတ်ကထပ်တူမကျခဲ့တဲ့အခါ.........အမြဲတမ်းနီးကပ်နေပေမယ့်
ဘယ်တော့မှ မဆုံဆည်းနိုင်တဲ့အခါ.......ကိုယ့်နှလုံးသားကို ကိုယ်တိုင်ချနင်းရင်း
ဒဏ်ရာကတဖြေးဖြေးနက်သထက်နက်လို့
အောက်ခြေမှာ သွေးချင်းချင်းနီခဲ့ပြီ။ဘယ်ဘက်ရင်အုံမှာ စိုက်ခဲ့တဲ့ဆူးကို
နှုတ်မပစ်ရက်စွာ တယုတယပျိုးခဲ့မိတာက ကိုယ့်နှလုံးသားကို ကိုယ်တိုင် အဆိပ်သင့်စေခဲ့တာမှန်း မသိခဲ့နိုင်အောင် မင်းဆီက ပျားရည်တစ်စက်က ချိုမြိန်လွန်းခဲ့ပါတယ်။မင်းရဲ့ နောက်ကျောကို
နာကျင်ဖွယ် မျှော်ငေးမိတဲ့အခါ.....တစ်ချိန်က မင်းရဲ့ပန်းနုရောင်မျက်နှာလေးကိုပြန်မြင်ယောင် နေခဲ့မိပေါ့။
အမှတ်မထင် အကြည့်ချင်းဆုံခဲ့ရင်
ဟန်ဆောင်အပြုံးလေးတစ်ခုတော့
ခြွေချပေးခဲ့ပါ။အရင်လို မချိုမြိန်တော့တာ သိပေမယ့်
ဒီနှလုံးသားထဲက ဆူးဒဏ်ရာကိုတော့
ချွေးသိပ်နိုင်တန် ကောင်းပါရဲ့........။FB မှာတင်ထားပြီးသားကို အနည်းငယ်
ပြန်ဖြည့်စွက်ထားပါသည်။♒Sblvz♒

VOCÊ ESTÁ LENDO
Different piece in One world
Diversosဒီထဲမှာ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတိုလေးတွေ ခွန်အားဖြစ်စေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေ ခံစားလို့ကောင်းမယ့် ကဗျာတိုလေးတွေ အဓိပ္ပါယ်ရှိတဲ့ quotation လေးတွေကို ထည့်သွင်းသွားပါမယ်။ ဒီမှာပါတဲ့ အကြောင်းအရာအားလုံးက ကျွန်တော်ပိုင်တာမဟုတ်တော့ တတ်နိုင်သမ...