ဂရိဒဏ္ဍာရီမှ နတ်ဘုရားများ ( ၂ )

112 6 0
                                    

Uranus ကွယ်လွန်သွားသောအခါ
ကမ္ဘာမြေတွင် Titans နတ်တို့၏ဘုရင်
Cronus နှင့် ၎င်း၏နှမလည်းဖြစ်၊ ကြင်
ယာတော်လည်းဖြစ်သော ရီးအာတို့သည်
ကမ္ဘာမြေကိုငြိမ်းချမ်းစွာ အုပ်ချုပ်ခဲ့ကြ၏။
သို့သော် Cronus သည်ဖခင်၏ကျိန်စာ
ကိုတွေးတောလျက် သူသည်လည်း
တစ်နေ့သောအခါ သားသမီးတို့၏
နှိပ်စက်ရန်ပြုခြင်းကို ခံရလေမည်လောဟု
နေ့ရောညပါပူပန်လျက်ရှိသည်။

တစ်နေ့တွင် Rhea(ရီးအာ) သည်သူမ၌
ကိုယ်ဝန်ရှိနေကြောင်း အသိပေးလာခဲ့၏။
သို့သော် Cronus သည်မပျော်ပိုက်နိုင်ပေ။ သမိုင်းတစ်ပတ် ပြန်လည်လာဦးမည်
လားဟုစိုးရိမ်ပူပန်လျက်ရှိသည်။ သူ့ဖခင်
အတိုင်းပင် ကလေးများကို အရွယ်ရောက်
သည်အထိ ကြီးပြင်းခွင့်မပေးလျှင် သူ့ကို
ရန်ပြုနိုင်လိမ့်မည်မဟုတ်ဟု တွေးတောပြီး
Rhea ပထမကလေးမွေးဖွားသောအချိန်
၌ Cronus သည်ကလေးကိုလျှင်မြန်စွာ
ကောက်ယူလျက်မြိုချလိုက်၏။ ပထမဆုံး
ကလေးဆုံးရှုံးမှုကြောင့် Rhea သည်
ကြောက်လန့်စိုးထိတ်သွားပြီး များစွာ
ဝမ်းနည်းခဲ့ရသည်။ Cronus သည်နောက်
ထပ်မွေးဖွားလာသော ကလေး ၄ ယောက်
ကိုလည်းယခင်အကြိမ်များအတိုင်းပင်
မြိုချပစ်ခဲ့သည်။

Rhea တွင်ခြောက်ယောက်မြောက်ကိုယ်
ဝန်ရှိလာသောအခါ ခင်ပွန်းသည်အား
လှည့်စားပြီး ကလေးကိုမြိုချခြင်းမပြုနိုင်
အောင်ကြံစည်ခဲ့၏။ ကလေးမွေးဖွားခါနီး
အချိန်တွင် Rhea သည်ကလေးမွေးဖွား
ပြီးပြီဟုဆိုလျက် ကျောက်တုံးတစ်တုံးကို
အနှီးဖြင့်ပတ်ကာကိုင်ဆောင်ထားသည်။
Cronus ကလေးကြည့်ရန်လာသောအခါ
အနှီးဖြင့်ပတ်ထားသော ကျောက်တုံးကို
ပေးလိုက်၏။ Cronus သည်ကလေးကို
မြိုချရန်စိတ်အားထက်သန်နေသဖြင့် အလှည့်စားခံလိုက်ရကြောင်း မသိရှိခဲ့ပေ။

ထို့နောက် အမှန်တစ်ကယ်မီးဖွားရန် အချိန်ကျရောက်လာသောအခါ ၎င်း၏
ခင်ပွန်းသည်လာရောက်လေ့မရှိသော
ကရစ်ကျွန်းသို့သွား၍ ကလေးကို တိတ်
တဆိတ်မွေးဖွားပြီး Zeus ဟုအမည်ပေး
ခဲ့သည်။ Zeus သည်ချစ်စဖွယ်ကောင်းပြီး
သန်မာသောကလေးငယ်ဖြစ်သဖြင့် အရွယ်ရောက်လာလျှင် တန်ခိုးကြီးမား
သောနတ်ဘုရားဖြစ်လိမ့်မည်ဟု Rhea
ယုံကြည်ထား၏။ သို့သော်ကလေးငယ်
နှင့်အတူ ခင်ပွန်းသည်နေထိုင်ရာအရပ်သို့
ပြန်ရန်မဖြစ်နိုင်ပေ။ Cronus သိရှိလျှင်
နောင်တော်များနည်းတူ မြိုချခံရမည်သာ
ဖြစ်သည်။ ထို့ကြောင့် Rhea သည်
ကလေးငယ်ကို ကရစ်ကျွန်း၌ပင်ထားရစ်
ခဲ့ရ၏။ Zeus ကိုဆိတ်တစ်ကောင်က
နို့တိုက်ပေးပြီး မထင်ရှားသောနတ်အချို့
ကစောင့်ရှောက်မွေးမြူခဲ့ကြသည်။ Zeus
ကလေးသာသာအရွယ်ရောက်ရှိလာချိန်
အထိ Cronus သည်မိမိဝမ်းဗိုက်ထဲတွင်
ရှိနေသောအရာမှာ ကျောက်တုံးတစ်တုံး
ဖြစ်မှန်းမရိပ်မိခဲ့ပေ။

Different piece in One worldTempat cerita menjadi hidup. Temukan sekarang