ကောင်းကင်ယံမှာ ကြယ်လေးတွေ
တလက်လက်နဲ့ တောက်ပနေကြတယ်။
ရယူချင်ပေမယ့် ပိုင်ဆိုင်နိုင်ခွင့်ဆိုတာ
ဟိုးအဝေးမှာ......မင်းနဲ့ငါ့ကြား မိုင်တွေများစွာ
ခြားနားထားတယ်။
နီးစပ်ချင်ပေမယ့် ဆုံဆည်းခွင့်ဆိုတာ
ဟိုးအဝေးမှာ......အဝေးကမျှော်ကာ ငေးနေရင်းနဲ့
ဘဝအဆက်ဆက် ဝဋ်ကြွေးရှိသမျှ
ဒီဘဝနဲ့တင် ကျေရပါစေ။ဘုရားရှေ့ရောက်တိုင်း
တောင်းမိသည့်ဆု တစ်ခုတည်းပဲမလို့ ပြည့်ဝခွင့်ပေးပါတော့.........။မဟုတ်ရင် နေ့နေ့ညည
ကြယ်လေးအကြောင်းတွေးကာ
ဒီရင်ဘက်ကြီးက မခံနိုင်တော့လို့ပါ။♒Sblvz♒
ESTÁS LEYENDO
Different piece in One world
De Todoဒီထဲမှာ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတိုလေးတွေ ခွန်အားဖြစ်စေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေ ခံစားလို့ကောင်းမယ့် ကဗျာတိုလေးတွေ အဓိပ္ပါယ်ရှိတဲ့ quotation လေးတွေကို ထည့်သွင်းသွားပါမယ်။ ဒီမှာပါတဲ့ အကြောင်းအရာအားလုံးက ကျွန်တော်ပိုင်တာမဟုတ်တော့ တတ်နိုင်သမ...