ဒီဇာတ်လမ်းလေးကတော့ ထိတ်လန့်စက်
ဆုပ်ဖွယ်အကောင်းဆုံး မီးလျှံထဲကို ဖြတ်
သန်းခဲ့ရတဲ့ အမျိုးသမီးငယ်လေးတစ်ဦးရဲ့
ဖြစ်ရပ်မှန်ဇာတ်လမ်းလေး ဖြစ်ပါတယ်။
သူ့ရဲ့ဇာတ်လမ်းကိုဖတ်ရတဲ့အခါ သင့်ရဲ့
ဝဋ်ဆင်းရဲဆိုတာတွေဟာ ဒီမိန်းကလေး
ဖြတ်သန်းခဲ့ရတာနဲ့ ယှဉ်မယ်ဆိုရင် ဘာမှ
မဟုတ်ဘူးဆိုတာကို နားလည်သဘော
ပေါက်ပါလိမ့်မယ်။၂၀၀၀ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က
ဖြစ်ပါတယ်။Maricel Apatan (မယ်ရီဆယ် အက်ပတန်) ဟာ Zamboanga (Philippine) မှာနေတဲ့ ၁၁ နှစ်အရွယ်မိန်းကလေးတစ်ယောက်
ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ဒီမိန်းကလေးဟာ ဦးလေးနဲ့ အတူရေငင်ဖို့ သွားခဲ့ပါတယ်။လမ်းမှာလူလေးယောက်နဲ့ သူတို့တွေ့ပါ
တယ်။ သူတို့ဟာ ဓားရှည်တွေကိုင်ထား
ပါတယ်။ သူတို့ဟာ ဦးလေးကိုမြေကြီးနဲ့
မျက်နှာအပ်ခိုင်းပြီး လည်ပင်းကိုဓားနဲ့ခုတ်
ကာသတ်ပစ်လိုက်ပါတယ်။Maricel ဟာအလွန်အမင်းတုန်လှုပ်
သွားပါတယ်။ အထူးသဖြင့် ဒီလူတွေဟာ
သူတို့ရဲ့အိမ်နီးချင်းတွေဖြစ်နေတဲ့အတွက်
ပါ။ သူကထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားပေမဲ့ ဒီလူတွေဟာ သူ့နောက်ကို
လိုက်လာပါတယ်။သူက "Kuya, 'wag po, 'wag n'yo
akong tagain! Maawa po kayo
sa akin (ကျွန်မ ကိုမသတ်ကြပါနဲ့။ သနားကြပါရှင်) ဆိုပြီးအော်တယ်။ဒါပေမဲ့ သူတို့ကနားမထောင်ကြပါဘူး။
လူတစ်ယောက်က ဓားရှည်နဲ့ သူ့ရဲ့လည်
ပင်းကိုခုတ်ချလိုက်ပါတယ်။Maricel ဟာမြေပေါ်လဲကျသွားပြီး သတိလစ်သွားပါတယ်။
သူနိုးလာတဲ့အခါ သွေးတွေအများကြီးကို
တွေ့ရပါတယ်။ သူ့ရဲ့ဘေးမှာ အဲ့ဒီလူတွေ
ရဲ့ခြေထောက်တွေကိုလည်း တွေ့ပါတယ်။
ဒါပေမဲ့ သူက သေချင်ယောင်ဆောင်နေ
လိုက်တယ်။သူတို့ထွက်သွားတဲ့အခါ Maricel ကအိမ်ကိုပြန်ပြေးလာတယ်။ ဒါပေမဲ့ သူ့ရဲ့
လက်နှစ်ဖက်လုံးပြတ်နေတာကို လမ်းမှာ
မြင်ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူတွေ
ကလက်တွေကိုလည်း ခုတ်ခဲ့လို့ ဖြစ်ပါ
တယ်။ သူငိုကြွေးမိပေမဲ့ ပြေးနေတာကို
တော့မရပ်ခဲ့ပါဘူး။
KAMU SEDANG MEMBACA
Different piece in One world
Acakဒီထဲမှာ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတိုလေးတွေ ခွန်အားဖြစ်စေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေ ခံစားလို့ကောင်းမယ့် ကဗျာတိုလေးတွေ အဓိပ္ပါယ်ရှိတဲ့ quotation လေးတွေကို ထည့်သွင်းသွားပါမယ်။ ဒီမှာပါတဲ့ အကြောင်းအရာအားလုံးက ကျွန်တော်ပိုင်တာမဟုတ်တော့ တတ်နိုင်သမ...