မှိုင်းမှုန်နေတဲ့ မြူမှုန်တို့ကြားမှာ လွင့်ခနဲ တွေ့လိုက်ရတဲ့ နှင်းတစ်ပွင့်ဟာနူးညံ့လှပ မှုတွေနဲ့ ရွှန်းစိုသက်ဝင်လို့နေတယ်။
ဆောင်းဝတ်လွှာ ခြုံထည်ကိုတိုးဝှေ့ပြီး
နွေဦးပြတင်းပေါက်ကို တွေ့မြင်ရဖို့ ကြိုး
စားနေတဲ့အချိန်မှာ ချစ်ခြင်းမေတ္တာကို
ပုံဖော်နေတဲ့ ရင်ခုန်သံခေါင်းလောင်းလေး
တွေကလည်း လှုပ်ယမ်းညံစီနေသလို
အေးမြတဲ့ဝတ်ရုံလွှာနဲ့ ချစ်ခြင်းရနံ့တွေ
ပေါင်းစပ်ပါဝင်နေခြင်းက ချစ်သူတို့
အတွက် အမှတ်တရစိတ်ကူးလေးများနဲ့
ပျော်ရွှင်စရာ ရင်ခုန်သံများကိုလည်း
ဖန်တီးပေး နိုင်ပါတယ်။အပြောကျယ်တဲ့ ဒီကမ္ဘာကြီးမှာ အဆုံးမရှိ
တဲ့အရာက ချစ်ခြင်းမေတ္တာပါ။ နက်နဲတဲ့
ချစ်ခြင်းမေတ္တာကို သိမ်မွေ့တဲ့ နှလုံးသား
ဖြင့်သာ ခံစားသိမြင်နိုင်မှာဖြစ်ပြီး မေတ္တာ
တရားတို့ဖြင့် သင်းပျံ့နေပါမှလည်း ခံစား
မှုကိုဖြစ်တည်စေတဲ့ နှလုံးသား အာဟာရ
များပြည့်ဝလာနိုင်မှာ အသေအချာပါ။ထို့အတူ နူးညံ့သော်လည်း ခိုင်မာလှတဲ့
နှလုံးသားပြတိုက်ထဲက မြတ်နိုးခြင်း ရင်ခုန်သံတွေကို စည်းချက်ညီညီ ရှင်သန်
နိုးထနိုင်ဖို့အတွက် စူးရှတဲ့ ချစ်ခြင်းနဲ့ အေးမြတဲ့မေတ္တာတို့ ပေါင်းစပ်ဖို့တော့
လိုအပ်မယ်လို့ ယုံကြည်မိပါတယ်။#Valentine's Day
♒Sblvz♒
YOU ARE READING
Different piece in One world
Randomဒီထဲမှာ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတိုလေးတွေ ခွန်အားဖြစ်စေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေ ခံစားလို့ကောင်းမယ့် ကဗျာတိုလေးတွေ အဓိပ္ပါယ်ရှိတဲ့ quotation လေးတွေကို ထည့်သွင်းသွားပါမယ်။ ဒီမှာပါတဲ့ အကြောင်းအရာအားလုံးက ကျွန်တော်ပိုင်တာမဟုတ်တော့ တတ်နိုင်သမ...