ပန်းပွင့်တယ်ဆိုတိုင်း
လှမ်းလင့်ရွယ်ဖို့ မဖြစ်နိုင်ဘူး။
ငှက်တေးသီတိုင်း
တစ်သက်မဝေးပြီလို့ တွက်မရဘူး။
ရွက်ကြွေတောကို
သက်သေပြောဖို့ကလည်း မလုံလောက်ဘူး။
မိုးခါးရေကြောင့်
တိုးပွားနေတာကလည်း မမြဲနိုင်ဘူး။
သည်လိုပါပဲ.......
အကျိုးအကြောင်းတွေက
အဆိုးအကောင်းတွေနဲ့
အချိုးပြောင်းတတ်တာတွေကလည်း
ပြည့်လို့လျှံလို့။Crd: မန်းတင့်မော်
Source:Youth Magazineစာကြောင်းတစ်ကြောင်းစီတိုင်းမှာ
သေချာတွေးရင်တွေးသလို
အဓိပ္ပါယ်အများကြီးပါပါတယ်
ကဗျာပိုင်ရှင်က စကားလုံးနည်းနည်းနဲ့
ထိထိမိမိရေးထားတာ တကယ်ကိုတော်
ပါတယ်။
စာဖတ်သူတို့လည်းဒီကဗျာထဲကနေ
စဉ်းစားစရာတစ်ခုလောက်များခေါင်းထဲ
ရောက်သွားရင်ကျွန်တော်ဖော်ပြပေးရ
ကျိုးနပ်သွားပါပြီ။♒Sblvz♒
ŞİMDİ OKUDUĞUN
Different piece in One world
Rastgeleဒီထဲမှာ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတိုလေးတွေ ခွန်အားဖြစ်စေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေ ခံစားလို့ကောင်းမယ့် ကဗျာတိုလေးတွေ အဓိပ္ပါယ်ရှိတဲ့ quotation လေးတွေကို ထည့်သွင်းသွားပါမယ်။ ဒီမှာပါတဲ့ အကြောင်းအရာအားလုံးက ကျွန်တော်ပိုင်တာမဟုတ်တော့ တတ်နိုင်သမ...