ဂရိဒဏ္ဍာရီမှ နတ်ဘုရားများ ( ၁ )

242 8 0
                                    

ရှေးဂရိလူမျိုးတို့သည် polytheistic ခေါ်
နတ်ဘုရားများနှင့် နတ်ဘုရားမများတည်
ရှိခြင်းကိုလက်ခံကိုးကွယ် ယုံကြည်ကြသူ
များဖြစ်ပါသည်။ နတ်ဘုရားများနှင့် နတ်ဘုရားမများပါဝင်သောအုပ်စုတစ်စု
ကို pantheon ဟုခေါ်ပြီး ဂရိပန်သီအွန်
၏ခေါင်းဆောင်သည် မိုးကောင်းကင်ကို
အစိုးရသော နတ်ဘုရားဘုရင် Zeus
ဖြစ်၏။ နတ်ဘုရားတို့သည် တန်ခိုးများစွာ
ပိုင်ဆိုင်ကြပြီး ကမ္ဘာမြေပြင်နှင့်တကွ
သဘာဝတရားတစ်ခုလုံးကို လွှမ်းမိုးခြယ်
လှယ်ကြသည်ဟု ဂရိတို့လက်ခံယုံကြည်
ကြပါသည်။ နတ်ဘုရားများကို ကျောင်း
ဆောင်များဆောက်လုပ်၍ ပူဇော်ပသမှု
များမကြာခဏပြုလုပ်ကြ၏။ မြို့အများစု
တွင်အထူးစောင့်ရှောက်ကာကွယ်ပေး
သောနတ်ဘုရား သို့ နတ်ဘုရားမ တစ်ဦး
ဦးရှိတတ်ကြ၏။ ဥပမာအားဖြင့် Athene(အေသင်)မြို့တွင် နတ်ဘုရားမ Athena(အသီနာ) နှင့် နတ်ဘုရား Poseidon(ပိုဆိုင်ဒမ်) တို့ကို ကာကွယ်
စောင့်ရှောက်သူများအဖြစ်နှင့် ကိုးကွယ်
ကြ၏။

Pantheon တစ်ခုအတွင်းရှိ နတ်ဘုရား
များနှင့် နတ်ဘုရားမတို့သည် တစ်ပါးနှင့်
တစ်ပါး လက်ထပ်ထိမ်းမြားလေ့ရှိကြပြီး
အချို့တွင် ကြင်ယာတော်တစ်ဦးထက်
မကရှိတတ်ကြသည်။ ထို့အပြင် အချို့
သည်ရံဖန်ရံခါ မိမိတို့ဆွေမျိုးသားချင်းများ
နှင့်၎င်း၊ မိဘများနှင့်၎င်း၊ သားသမီးများနှင့်
၎င်းလက်ထပ်ထိမ်းမြားကြသည်များလည်း
ရှိသေးသည်။ ဥပမာ နတ်ဘုရား Zeus
၏ကြင်ယာတော် ဟာရာသည် ၎င်း၏နှမ
အရင်းဖြစ်ပြီး ဟာရာအပြင် အခြားကြင်
ယာတော်များလည်း များစွာရှိသေး၏။

အသီးသီးသောဒဏ္ဍာရီပုံပြင်များအရ
Zeus တွင်ကြင်ယာတော် ၁၁၅ ပါးရှိ
ကြောင်းသိရသည်။ ဒဏ္ဍာရီပုံပြင်တို့သည်
အဆင့်ဆင့်ပြန်လည်ပြောပြမှုတို့ကြောင့်
အစဉ်ပြောင်းလဲနေတတ်သဖြင့်
နတ်ဘုရားကြင်ယာတော်စုံတွဲများသည်
မကြာခဏပြောင်းလဲလျက်ရှိ၏။

နတ်ဘုရားနှင့်ပတ်သက်၍ ယုံကြည်မှုများ
လည်းတစ်ဦးနှင့်တစ်ဦး ရံဖန်ရံခါကွဲလွဲ
လျက်ရှိတတ်ကြသည်။ တန်ခိုးအကြီးဆုံး
နတ်ဘုရား Zeus သည်အခြားနတ်ဘုရား
တို့၏ဘဝတစ်စိတ်တစ်ဒေသပင် ဖြစ်သည်။

Different piece in One worldOnde histórias criam vida. Descubra agora