ကသိကအောင့် နိယာမများ

85 13 3
                                        


တစ်ခါတစ်လေကျရင် ကျွန်တော်တို့
ဘဝမှာမှန်တယ်လို့လက်ခံဖို့လည်း
အောင့်သက်သက်ဖြစ်ရသလို
မှားနေတယ်လို့လည်းလုံးဝမငြင်းနိုင်တဲ့
အမှန်တရား အချို့ရှိတတ်ကြပါတယ်။

အခုဒီအောက်မှာဖော်ပြထားတဲ့
အချက်တွေကတော့ အဲဒီလိုမျိုး
မှန်ကန်နေတဲ့ နိယာမလေးတွေ
ဖြစ်ပါတယ်။

အောက်ပါအချက်တွေထဲက တစ်ချက်ချက်ကိုတော့ စာဖတ်သူတို့
ကိုယ်တိုင်ကြုံဖူးပါလိမ့်မယ်။
ကျွန်တော်ကတော့ တစ်ချက်မက
ဖြစ်ဖူးပါတယ်။

ဘာတွေလည်းဆိုတာကြည့်ရအောင်.....

(၁) ညီမျှခြင်း နိယာမ

ဇနီးဖြစ်သူကပြောတဲ့ ငါးမိနစ်အတွင်း အပြင်သွားဖို့ အသင့်ဖြစ်ပြီဆိုတဲ့ အချိန်
ဟာ ခင်ပွန်းဖြစ်သူကပြောတဲ့ ငါးမိနစ်
အတွင်း ဖုန်းပြန်ဆက်ပါ့မယ်ဆိုတဲ့
အချိန်နဲ့ညီတယ်.......

ဒီထဲမှာက ဇနီး ခင်ပွန်းလို့သုံးထားပေမယ့်
ဒီအချက်က ချစ်သူတွေကြားမှာလည်း
မှန်ကန်နေပါလိမ့်မယ်။

(၂) တန်းစီခြင်း နိယာမ

စီနေတဲ့ အတန်းကနေပြောင်းလိုက်တဲ့အ
ခါ သင်အရင်စီနေတဲ့အတန်းဟာ အခုစီ
နေတဲ့အတန်းထက် ပိုမြန်မြန်ရှေ့ကို ရွေ့
သွားလိမ့်မယ်။

မှန်တာပေါ့နော် သင်ပြောင်းလိုက်
တော့ဟိုမှာက လူတစ်ယောက်လျော့
သွားပြီး တစ်ဖက်ကတစ်ယောက်တိုး
လာတာကိုးဗျ။
အဲဒီတော့ စာဖတ်သူတို့လည်း နောက်ခါ
တန်းစီရတဲ့အချိန်နဲ့ကြုံရင် ဒါလေးကို
အမှတ်ရပြီး ဟိုအတန်း ဒီအတန်း
မပြောင်းပါနဲ့တော့ဗျာ။

(၃) တယ်လီဖုန်း နိယာမ

သင်ဖုန်းနံပါတ်မှားဆက်မိတဲ့အခါ ဖုန်းမ
အားတာမျိုးကို ဘယ်တော့မှမကြုံရဘူး....

ဒါကိုတော့ ကြုံဖူးသူတွေများမှာပါ။
ဖုန်းမှားဆက်မိရင် မအားဘူးဆိုတာ
ရှိကိုမရှိသေးဘူး။

(၄) စက်ပြင်နိယာမ

သင့်လက်တွေမှာ ဆီချေးတွေပေသွားပြီ
ဆိုရင် သင့်နှာခေါင်းစယားလာလိမ့်မယ်....

Different piece in One worldМесто, где живут истории. Откройте их для себя