အရူး တစ်ယောက်လို အော်ဟစ်ကာ မေ့လဲသွားသော
ညီ ဖြစ်သူကြောင့် ChanYeol အပြေးအလွှားသွားကာ
ပွေ့ထူလိုက်သည်....
ထို့နောက် သူတို့နေတဲ့ နေရာနဲ့ မဝေးသော ဆေးခန်းလေး
ဆီသို့ သာ လာခဲ့သည်.....ဆေးခန်းဆိုပေမယ့် ခမ်းခမ်းနားနားကြီးကြီးမားမား
မဟုတ်ပဲ.....အသေးစားလေးပင် ဖြစ်သည်...နယ်ဖြစ်သောကြောင့် မြို့လိုမျိုး ပစ္စည်းစုံလင်စွာမရှိပေ
ဆေးခန်းရောက်တာနဲ့ Kyungsoo ကို
ဆေးသွင်းပေးပြီး...အနားယူခိုင်းထားသည်...."Kyungsoo ထပ်ဖြစ်ပြန်ပြီလား...."
"Omm... "
"သူ ခဏ ခဏ ဒီလို ဖြစ်နေရငိ သူ့အတွက် အန္တရာယ်
ရှိတယ် လို့ ပြောဖူးတယ်နေိာ....""Omm ငါသိပါတယိ..."
"Chanyeol yrrrr ပွင့်ပွင့်လင်းလင်းပြောရရင်
လွန်ခဲ့တဲ့ ငါးနှစ်က မင်းတို့ ခြေရာဖျောက်သွားတော့
ငါလိုက်ရှာ တာ နှံ့နေတာပဲ...ငါ ဒီမှာ
တာဝန်ကျလို့သာ မငိးတို့နဲ့ တွေ့တာ...တွေ့တွေ့ချင်း Kyungsoo ရဲ့ ပုံစံကို မြင်ပြီး...ငါဘယ်လောက်
စိတ်ပူခဲ့ရလည်း မင်းသိပါတယ်...
kyungsoo က ငါ့ ညီလေးလို ပါပဲကွာ....သူ့ကို
ဒီတိုင်း ဆက်ထားမှာလား...""မင်းစေတနာကို ငါနားလည်ပါတယိ Lay yrr
ဒါပေမယ့် ငါက ဘာလုပ်ရမှာလဲဟမ်....တစ်နေ့တစ်နေ့ ငါ့ညီလေးရဲ့ ပုံစံကို ကြည့်ပြီး
ရင်တွေကွဲမတက်ဖြစ်နေတာ...ပျော်ရွှင်မှုဆိုတဲ့ စကားလုံးက သူ့အတွက် လွန်ခဲ့တဲ့
ငါးနှစ်ကတည်းကစပြီး ပျောက်ဆူံးနေခဲ့တာ....သူ့ကို ဒီတိုင်းမထားချင်ပေမယ့်...ငါဘာလုပ်ရမှန်း
မသိတော့ဘူးကွာ...."ညီ ဖြစ်သူ အတွက် ဝမ်းနည်းစွာ ငိုကျွေးနေသော chanyeol ကို ကြည့်ပြီး...
Lay လည်း စိတ်မကောင်းရုံမှ မတက်နိုင်ပေ.....
~~~~~~~~~~~~~~
ကုတင်ပေါ် လှဲလျောင်းကာ အိပ်စက်နေတဲ့..Kyungsoo.ကို ကြည့်ကာ...မျက်ရညိများကျနေမိ
ပြန်သည်...