"Seoul ကနေ ထွက်သွားကြရအောင် Kyung yrrrr"
ChanYeol ၏ နှုတ်ဖျားမှ ထွက်လာသော စကားကြောင့်
KyungSoo မည်သည့်စကားမျှမပြောနိုင်ပဲ
တိတ်ဆိတ်သွားသည်။"Hy..hyung..."
"Hyung တို့ ဒီကနေ ထွက်သွားပြီး နယ်မှာပဲ အေးအေးချမ်းချမ်း
နေရအောင်...
Kyung လည်းပင်ပန်းနေပြီမလား ...Hyung တို့.
တိတ်တဆိတ် ထွကိခွာသွားရအောင်...နော်..."KyungSoo ခေါင်းလေးကို ဖွဖွလေးကိုင်တာ
မျက်ရည်ပြည့်နေသော မျက်ဝန်းများဖြင့် နူးညံ့စွာ ပြောလာသော
ChanYeol စကားကြောင့်
ခေါင်းကို အတင်းငြိမ့်ပြီး ChanYeol ရင်ခွင်ထဲမှာ ငိုကြွေးလိုက်သည်။"တောင်းပန်ပါတယိ hyung ရယ်..."
~~~~~~~~~
"ဟင်...KyungSoo ပါလား..အကြောင်းမကြား ဘာမကြားနဲ့
ဒီကို ဘယ်လိုလုပ်ပြန်လာတာလဲ...ဒါနဲ့ သူက ဘယ်သူလဲ..""သူက ကျွန်တော့်အကိုလေ ChanYeol hyung လေ
Arjima ...""သား...ChanYeol ...မင်းက ChanYeol လား.
ကြည့်စမ်းပါဦးကွယ် ချောလာလိုက်တာ...
အရပ်ကြီးလည်း ရှည်လို့...""Arjima က...ငယ်ငယ်က ကျွန်တော်တို့ကို ထိနိးပေးခဲ့တဲ့
Min arjima လားဟင်...""ဟုတ်ပါ့ကွယ်..ဟုတ်တာပေါ့...Arjima ပါ Chan လေးရဲ့..
ဒါနဲ့ KyungSoo လေးက ဒီကို ဘာလို့ပြန်လာတာလဲ..
Arjima က KyungSoo လေးကို ဒီလောက်မြန်မြနိကြီး
အလည်လာမယ်လို့တောင် မထငိထားဘူး...""ကျွန်တော်တို့ seoul ကနေ ဒီကို အပြီးပြောင်းလာခဲ့တာပါ
Arjima.."Arjima ရဲ့ အမေးကို ChanYeol ဖြတ်ပြောလိုက်သည်။
"ဟင်...ဘာလို့လဲကွယ်..arjima သိသလောက်က KyungSoo လေးက seoul မှာပဲ ကျောင်းတက်မှာလို့
သိထားတာ...""ကျွန်တော် အကြောင်းစုံ ပြောပြပါ့မယ် ..."
"အေးပါကွယ် အေးပါ..အရင်ဆူံး နားကြဦး...."
အောက်ထပ်မှာ စကားလက်ဆုံပြောနေရင်းနှင့် KyungSoo
ကို အခန်းထဲကို ပို့ပေးကာ နားခို့င်းလိုက်သည်။