ဆေးရုံကဆင်းလာပြီးတဲ့နောက်မှာ JongIn က KyungSoo အနားမှာပဲနေတော့သည်။ ChanYeol ကလညိး ခွင့်ပြုထားတာမို့လို့ မနက်အစောကြီးဆို အိမ်ကိုရောက်လာပြီး ည ဆိုရင် KyungSoo အိပ်ပျော်တာကိုစောင့်ကြည့်ပြီးမှ ပြန်သည်။
TaeMin နဲ့ KyungSoo ရဲ ဆက်ဆံရေးကလည်း
ူအရင်လိုပြန်ဖြစ်သွားပြီ။ TaeMin က JongIn ကို စကားသိပ်မပြောပေမယ့် အရင်ကလောက် ခါးခါးသီးသီးမဟုတ်ခဲ့။ အရာအားလုံးက အဆင်ပြေပြေဖြစ်နေပေမယ့်
KyungSoo ကတော့ တစ်နေ့တစ်ခြားပိန်လာပြီးတော့
မျက်နှာလည်းဖြူလျော့လာသည်။ အရင်ထက်ပိုပြီးပြုံးနေပေမယ့် အရင်လိုမတောက်ပ .."Kim JongIn shiii ကျွန်တော်နဲ့ ခဏလောက် စကားပြောရအောင် "
အိပ်ပျော်နေတဲ့ KyngSoo ကို စောင်ခြုံပေးနေတုန်း ပခူံးကိုလာပုတ်ပြီး ပြောသွားတဲ့ Taemin ကြောင့် JongIn အနည်းငယ်ပျော်မိသည်။ Taemin ဘက်က အရင်စပြောလာတဲ့ စကားဖြစ်တာကြောင့် JongIn စိတ်တွေလှုပ်ရှားနေသည်။
"မေးစရာရှိလို့ ... အထဲမှာ မေးရင် Appa ကြားသွားမှာစိုးလို့ "
ခြံထဲက အပင်တစ်ပင်နားမှာ နှစ်ယောက်သား မျက်နှာချင်းဆိုင် မတ်တပ်ရပ်သည်။ Taemin ပါးစပ်ကနေ KyungSoo ကို Appa ဆိုပြီး ပြောလာတာကြောင့် KyungSoo အတွက် ဝမ်းသာပြီး JongIn မျက်ရည်ကျမိသည်။
"ကျွန်တော်မေးတာကို အမှန်တိုင်းဖြေပေးပါ "
Taemin ရဲ့ မျက်ဝန်းတွေက လေးနက်နေတာကြောင့် JongIn ခေါင်းသာညိမ့်လိုက်သည်။
"Appa က ဘာဖြစ်နေတာလဲ ..ရောဂါ. တစ်ခုခုများ ဖြစ်နေတာလား ... "
TaeMin စကားကြောင့် JongIn ရဲ့ မျက်ဝန်းတွေက ထိတ်လန့်နေတဲ့ပုံစံဖြစ်သွားသည်။ လက်ဖျားတွေလည်းအေးစက်လာပြီး ထိုနေရာကနေသာအမြန်ပြေးထွက်ချင်နေသည်။
"အမှန်တိုင်းပြောပါ ... ကျွန်တော်လည်း ရိပ်မိသင့်သလောက် ရိပ်မိပါတယ်.... ဆရာဝန်ကဘာတဲ့လဲ ... ရောဂါရှိနေတာတဲ့လား ... တစ်ခုခုဖြစ်နေတာတဲ့လား ... ပြောပြပါ ... "
ပြောနေရင်းနဲ့ အသံတိုးလျလျသာဖြစ်သွားတဲ့ TaeMin ကို JongIn ပွေ့ဖက်လိုက်သည်။ သူမေ့နေ့ခဲ့တာ ...TaeMin က အရမ်းဥာဏ်ထက်လွန်းတယ်ဆိုတာကို