အချိန်ကားနောက်တစ်ရက်ကို ကူးသွားခဲ့ပြီပင်။
အကြောပြိုင်းပြိုင်းထနေသော လက်နှစ်ဖက်လုံးမှာ
ဆေးပိုက်တွေနေရာယူထားသည်။ လက်ဖဝါးက်ု ဆုပ်ကိုင်ရင်း
သတိမရသေးသောသူရဲ့ မျက်နှာကို ငေးမောကြည့်နေမိသည်၊ချောင်ကျသွားသော မျက်နှာပြင်ပေါ်ကို လက်ချောင်းနဲ့တို့ထိကြည့်လိုက်သည်။ ရယ်လိုက်တိုင်း ထင်းလင်းစွာပေါ်နေသည့် ပါးချိုင့်လေးက်ု
မမြင်ခဲ့ရသည်မှာ ဆယ်စုနှစ်ကျော်ခဲ့ပြီ။တစ်ခုခုဖြစ်တိုင်း ရှေ့ကနေ အမြဲတမ်း ကာကွယ်ပေးခဲ့တဲ့ ရင်ခွင်စတ်စုံက အားကိုးရာ ရင်ခွင်လိုနေခဲ့သည်ကို သူမသိခဲ့။
အမြဲတမ်းပြုံးနေသော အပြုံးနောက်ကွယ်မှာ သူ့ရဲ့ဝမ်းနည်းမှုတွေ
ရှိနေခဲ့တာကိုတော့ မသိခဲ့။"Yeol ရေ ... သတိရလာတဲ့အခါ ငါ့က်ု စိတ်တိုင်းကျ စိတ်ဆိုးပါ၊
ဒေါသထွက်ပါ။ နှိပ်စက်ပါ ။
ငါ မင်းကို ကာကွယ်ရမယ့်အချိန်ရောက်ပြီမို့လို့ မင်းဘေးမှာ မရှိနိုင်ပေမယ့်
မင်းရဲ့ရှေ့မှာငါရှိနေမယ်ဆိုတာ သိထားပေးပါ။
မင်းရဲ့နာကျင်မှုကို ငါ့ကိုပေးပါ။မင်းလိုအပ်နေတဲ့ ရင်ခွင်တစ်ခုအဖြစ် ငါရှိနေပေးမှာမို့လို့ "
မျက်နှာပေါ်ကို လက်ဖဝါးလေးနဲ့ အုပ်ကိုင်လိုက်ပြီး
နမ်းရှိုက်ခဲ့ဖူးသော နဖူးပေါ်ကို အမြတ်နိုးဆူံး အနမ်းတစ်ပွင်ခြွေလိုက်သည် ။ချစ်သူ... မင်းရဲ့နာကျင်မှုကို ငါ့ဆီကူးစက်လာအောင် အနမ်းတစ်ပွင့်ပေးလိုက်တယ်
မင်းပျော်ရွှင်ပါစေ ...
×××××
ရင်ခွင်ထဲမှာ အိပ်စက်နေတဲ့ ချစ်ရသူကို တစိမ့်စိမ့်ကြည့်နေမိသည်။
နှစ်တွေဘယ်လောက်ကြာကြာ သူ့ရင်ခွင်ထဲမှာ မြုပ်နေတဲ့ ခန္ဓာကိုယ်ငယ်လေးက လုံးဝမပြောင်းလဲခဲ့။
ပင်ပန်းခဲ့ရတာတွေကြောင့် အရင်ကထက်ပင် ပို၍သေးသွားသေး။ဆံပင်လေးကို ခပ်ဖွဖွကိုင်ရင်း နှုတ်ခမ်းပါးနဲ့ ချစ်ရသူရဲ့နဖူးပေါ်ကို
ဖိကပ်ထားလိုက်သည်။ ခန္ဓာကိုယ်လေး ရင်ခွင်ထဲပို၍ရောက်စေရန်
တင်းကျပ်စွာဖက်လိုက်သည်။