"A. ...p..pa "
တွန်းလိုက်တဲ့အရှိန်ကြောင့် ခုံစောင်းနဲ့ထိမိပြီး မေ့လဲသွားတဲ့ KyungSoo ကို JongIn က လှမ်းဖက်ရင်း စိုးရိမ်စွာငိုမိသည်။
နားထင်နားမှာ စီးကျနေသော အနီရောင်ခပ်ပျစ်ပျစ်အရည်တွေကလည်း TaeMin ကို တုန်လှုပ်သွားစေသည်။"Appa ! "
တုန်ယင်စွာနဲ့ ထွက်ကျလာသော စကားတစ်ခွန်းကြောင့် JongIn
မော့ကြည့်လိုက်သည်။ ပါးစပ်ကိုပိတ်ပြီး မျက်ရည်တွေနဲ့တစ်လှမ်းခြင်းလျှောက်လာတဲ့ Taemin ကိုမြင်တော့ ငေးကြည့်မိသည်။"ဆေး .. ဆေးရုံကားခေါ်ပေးကြပါ .... ကျေးဇူးပြုပြီး ...ကျွန်တော့် appa ကို ကယ်ပေးကြပါ .. "
KyungSoo ကို JongIn လက်ထဲကနေပြီး ပွေ့ချီကာငိုယိုနေတဲ့ Taemin သည် သာမန်ထက်ပိုပြီးကြောက်လန့်နေသည်။
JongIn လည်း အချိန်မဆွဲပဲ ဆေးရုံကားကိုခေါ်လိုက်သည်။
အောင့်တက်လာတဲ့ ရင်ဘက်တစ်စုံက တဆစ်ဆစ်နဲ့ကိုက်နေသလိုလို~ ရင်ဘက်ကိုဖိပြီး နာကျင်တာကိုတက်နိုင်သမျှဖုံးထားလိုက်သည်။အခုအချိန်မှာ အရေးကြီးဆုံးက သူချစ်ရတဲ့ KyungSoo ~
ဆေးရုံကားရောက်လာတာနဲ့ KyungSoo ကို ပွေ့ချီသွားတဲ့ TaeMin ရဲ့အနောက်ကိုသာ လိုက်လာခဲ့သည်။
~
လိုအပ်တဲ့ကုသမှုကိုလုပ်ပြီးတာနဲ့ အရေးပေါ်အခန်းမှာ ထားလိုက်သည်။ KyungSoo ရဲ့ ခေါင်းကိုအရမ်းမထိသွားတာကြောင့် ခွဲစိတ်မှုတော့မလုပ်ရပေမယ့် မေ့မြောနေတုန်းပင်
Taemin ကတော့ KyungSoo ရဲ့ဘေးနားနေပြီး တွေတွေကြီးငိုင်နေသည်။
"သား .... "
"အဖေ့ကို မုန်းနေရင်တောင် ...Kyungnnie ကိုတော့ မမုန်းပါနဲ့လား ... သူ .... သူ့ကို မမုန်းလိုက်ပါနဲ့ ... "
ထိုင်နေတဲ့ Taemin ရဲ့ ပခုံးကိုကိုင်ပြီး တောင်းဆိုနေမိသည်။
" အဲ့တာတွေ မကြိုက်တာ ... အမြဲပဲ ငတုံးတစ်ယောက်လိုပဲ ဖြစ်သမျှကိစ္စကိုသူပဲခံယူတယ် ... အမှားမလုပ်ပဲနဲ့ တောင်းပန်တယ် ...
သူ့အတွက်သူမတွေးပဲ ...သူများအတွက်ပဲတွေးတယ် ... ဒီလောက်ထိခံရတာတောင် အပြုံးမပျက်ပဲ ..အမှတ်မရှိပဲ သူများပျော်ဖို့ပျဲနတယ် .... အ ... အဲ့ တာ ကြောင့် ... စိတ်ပျက်တာ ..အမြဲပဲ "