PART-19 [Z×U]

1.9K 229 35
                                    

အဖြူ​ရောင်​ ကုတင်​ပေါ်မှာ လဲ​လျောင်း​နေတဲ့
ခန္ဓာကိုယ်​​သေး​သေး​လေးက ​မေ့​မြောခြင်းဟူ​သော
အမည်​နာမတပ်​ပြီး အိပ်​စက်​​နေ​လေသည်​...

အညို​ရောင်​မျက်​ကွင်းအစုံသည်​လည်း ချိုင့်​​နေ​သော
မျက်​ခွံများနှင့်​ တွဲလျက်​တည်​ရှ်​​နေသည်​...
မက်​​မောစွာ နမ်းရှိုက်​ဖူးတဲ့ ပါး​ဖောင်း​ဖောင်း​လေးသည်​လည်း
အခုစမ်းကြည့်​မိ​တော့ အရိုး​လေးသာ...
သွေး​ရောင်​မရှိတဲ့ နှုတ်​ခမ်းပါး​လေးကို ထိမိ​တော့ မျက်​ရည်​များ
ဝေ့တက်​လာ၏ ...

အသံတိတ်​ငို​ကြွေးရင်း ရင်​ဘက်​ကို ထုကာ ငို​ကြွေး​နေ​သော
နှလုံးသား​နေရာက ​အောင့်​တက်​လာခဲ့သည်​...

"အ .. "

ချစ်​ရ​သောသူများ ကြားသွားမလားဆိုပြီး စိုးရိမ်​တာ​ကြောင့်
ပါးစပ်​ကို အမြန်​လှမ်းအုပ်​လိုက်​သည်​။

ခွေကျ​သွား​သော ​ခြေ​ထောက်​တစ်​စုံ​ကြောင့်​ ကြမ်းပြင်​​ပေါ်ကု
ဒူး​ထောက်​ထိုင်​ချမိသည်​၊

"ဘုန်း "

တစ်​စထက်​တစ်​စ နာကျင်​လာတဲ့အဆုံး
ကြမ်းပြင်​​ပေါ်
ပစ်​လဲသွား​သော ကျွန်​​တော့်​ခန္ဓာကိုယ်​ ~

ဒီအသံ​ကြောင့်​ကျွန်​​တော့်​ Kyungnnie
နိုးသွားရင်​ ဘယ်​လိုလုပ်​မလဲ ...

မဖြစ်​ဘူး ... ကျွန်​​တော့်​ Kyungnnie နိုးလို့မဖြစ်​ပါ ...

Kyungnnie ဆီကို သွားရန်​ လက်​ကို ဆန့်​တန်းလိုက်​​ပေမယ့်
မြောက်​လို့မရ​ပေ ...။

ဖြည်းဖြည်းချင်း​ဝေဝါးလာတဲ့ အမြင်​အာရုံ​နောက်​မှာ
Baekhyun ရဲ့ အသံက်ု ကြားလိုက်​ရသည်​ ..။

"ရပြီ ... ကျွန်​​တော့်​ချစ်​သူကို ​စောင့်​​ရှောက်​မယ့်​သူ
လာပြီပဲ ... ဒါဆို ... ကျွန်​​တော်​ ခဏ​လောက်​ အနားယူပါရ​စေ "

×××××

မျက်​လုံးဖွင့်​လိုက်​တာနဲ့ မည်း​မှောင်​​နေ​သော ပတ်​ဝန်းကျင်​က
စိုးမိုးထားသည်​။

အမည်း​ရောင်​ ဝတ်​စုံ​တွေ ဝတ်​ပြီး တစ်​​နေရာ သွားဟန်​တူသည်​။
ကျွန်​​တော်​လည်း အမည်း​ရောင်​ဝတ်​ထားတာပဲ ..

Once Upon A Time[Z×U]Where stories live. Discover now