မေး : လူတစ်ယောက်ကြောင့်နာကျင်ရတဲ့အချိန်တွေကို မေ့ပျောက်နိုင်ဖို့အချိန်ဘယ်လောက်လိုအပ်သလဲ ?
ဖြေ : သူ့အပေါ်ထားတဲ့ကိုယ့်ရဲ့အချစ်ပေါ်မှာမူတည်ပါ၏ ။
ပိုချစ်ရသူက ခံစားရလေ ဆိုသလို ချစ်ရင်ချစ်သလောက် မေ့ပျောက်နိုင်ဖို့အချိန်လိုအပ်ပါ၏။
အသက်ထက်ချစ်ခဲ့ရင် တစ်ဘဝလုံးစာအတွက်တော့ မေ့ပျောက်နိုင်ဖို့ မဖြစ်နိုင်ပါ။
~
မေး : လူတစ်ယောက်ကိုခွင့်လွှတ်နိုင်ဖို့ ခက်ခဲသလား ?
ဖြေ : ထိုသူဟာ ခင်ဗျားအသက်ထက်ချစ်ရမယ့်သူဆိုရင် အင်မတန် လွယ်ကူပါတယ် ။ ခင်ဗျားကိုယ်ခင်ဗျားသတ်လိုက်ရတာကလွဲလို့ပေါ့။
~
မေး : လူတစ်ယောက်ကို ဘယ်လောက်ထိချစ်ဖူးလဲ။
ဖြေ : ကျွန်တော့်ကိုယ်ကျွန်တော်ပြန်သတ်မိသည်အထိ ချစ်ပါတယ်။
~
" သတိရလာပြီလား Yeol "
တစ်ဖြည်းဖြည်း ပွင့်လာတဲ့ မျက်ဝန်းများကြောင့် Baekhyun အမြန်ပဲ ChanYeol မျက်နှာနားကိုပြေးကပ်လိုက်သည်။
"ဘယ်နေရာ နာနေသေးလဲ "
လက်ချောင်းတွေနဲ့ ChanYeol ရဲ့ မျက်နှာအနှံ့ ကို ထိပြီး
အဆင်ပြေကြောင်းမေးလိုက်ပေမယ့် ChanYeol ကတော့
သူ့မျက်နှာကိုဘေးသ်ု့လွှဲလိုက်သည်။"ဘာပဲဖြစ်ဖြစ် အခု သတိရလာပြီဆ်ုတော့ တော်သေးတာပေါ့။
ကျေးဇူးတင်ပါတယ် Yeol. .. အခုလို သတိရလာပေးလ်ု့ "တစ်ဖက်ကိုလွှဲထားတာကြောင့် မျက်နှာမမြင်ရပေမယ့် ChanYeol ရဲ့ ကျောပြင်ကိုကြည့်ပြီး ကျေးဇူးတင်စကားဆိုနေမိသည်။
"Kyungnnie ကို သွားခေါ်ပေးမယ် ... "
တုံ့ပြန်မရှိတဲ့ လူကို ငေးကြည့်ရင်းနဲ့ပဲ တံခါးလေးကို အသာပိတ်ကာ KyungSoo က်ု ခေါ်ဖို့ အခန်းထဲက ထွက်လိုက်သည်။
တင်းတင်းဆုပ်ထားသော လက်သီးနဲ့ အသံမထွက်အောင် အံကြိတ်ပြီး ငိုနေတဲ့ ChanYeol ကိုတော့ ဘယ်သူမှမသိခဲ့။
×××××
Drip ချိတ်ထားရသော လက်များက အကြောများပင်ထနေသည်။
မရိတ်ထားသောနှုတ်ခမ်းမွှေးများက ဟိုတစ်စသည်တစ်စထွက်လျှက်။ ချိုင့်ဝင်နေသော မျက်တွင်းတွေနဲ့ အနည်းငယ်ရင့်သွားသော မျက်နှာက KyungSoo ကို နာကျင်စေသည်။