"Yeol......"
စိုးရိမ်တကြီးနဲ့ သူ့နာမည်ကိုအော်ခေါ်လိုက်တာကြောင့်
ထို အသံရှိရာ အနောက်ကို ChanYeol လှည့်ကြည့်မိလိုက်သည်"Yeol yrrr..."
ထိုသူကို တွေ့လိုက်တာနဲ့
မျက်ဝန်းထဲမှာ မျက်ရည်စတွေပြည့်နှက်ကာ
နာကျည်းမှုအထင်းသားဖြင့် ChanYeol ကြည့်နေလိုက်သည်..CY's Pov: Yeol ဆိုတဲ့ အသံလေး.....
ကြားဖူးနေကျ အသံဖြစ်ပေမယ့်...သေချာအောင် လှည့်ကြည့်မိတော့
သူ... ဖြစ်နေသည်...
သူ....ကျွန်တော့်ရဲ့ချစ်ခဲ့ရသူ...တစ်နည်းအားဖြင့်..Baekhyun..ကျွန်တော်နဲ့ အကြည့်ချင်းဆုံလိုက်တော့..သူ့မျက်ဝန်းထဲမှာ...
တောင်းပန်နေသော အဓိပ္ပါယ်တွေ ပြည့်နှက်နေသည်..သို့သော်... လျစ်လျူရှုရမည်ပင်....ညီလေးအတွက်...ထိုသူတွေကို
လျစ်လျူရှု ရမည်....အားပျော့သွားလို့မဖြစ်....သူ့ရဲ့အကြည့်တွေကို ရှောင်တိမ်းရင်းနဲ့ လှည့်ထွက်လာခဲ့သည်..
"Yeol...."
ထိုခေါ်သံနဲ့အတူ ကျွန်တော့်ခါးကို ရစ်ပတ်လာသော လက်တစ်စုံ...
မသွားပါနဲ့ ဆိုပြီး...တင်းကျပ်စွာဖက်ထားလေသည်..."ဘာလုပ်တာလဲ...."
"Yeol yr လွမ်းနေခဲ့တာ..."
CY's POV........
လွမ်းနေခဲ့တာပါ..မင်းရဲ့အပြုံးတွေ
သတိရနေခဲ့တာပါ..မင်းရဲ့စကားသံလေးတွေ..
ရူးမတက်တွေ့ချင်နေခဲ့တာပါ...မင်းရဲ့အထိအတွေ့လေးတွေ...ဒါပေမယ့် Baekhyun yrrr မင်းနဲ့ငါ့ဇာတ်လမ်းက
စစချင်းမှာပဲ အဆုံသတ်ခဲ့ပြီလေ.....Baekhyun ရဲ့ လက်ကိုဖြုတ်ချလိုက်တော့
ပြန်လည်တင်းကျပ်စွာဖက်ထားတာကြောင့်
ChanYeol လက်ကို အတင်းဆွဲပီး ဖြူတ်ချလိုက်သည်"ဒါမျိုး နောက်တစ်ခါ ထပ်မလုပ်ပါနဲ့..."
"Yeol.."
"မခေါ်ပါနဲ့...ကျေးဇူးပြုပြီး...ငါ့နာမည်ကို အဲ့လိုမခေါ်နဲ့...
ငါနဲ့ ရင်းနှီးသလို မျိုးမခေါ်ပါနဲ့...ငါ...မင်းတို့ကို ကြောက်လွန်းလို့ပါ..""Baek ကို မုန်းနေမှာပေါ့နေိာ..."
"ဟင့်အင်း...မမုန်းပါဘူး...စိတ်နာတာ...စိတ်နာရုံမကဘူး.
ဟောဒီ့ရင်ထဲ နှလုံးသားထဲကနေ တစ်ဆစ်ဆစ်နာတာ.."