"Hyung....သွားတော့မလို့လား....."
KyungSoo စကားကို လျစ်လျူရှုပြီး ထွက်သွားတဲ့ ChanYeol ကြောင့် KyungSoo အသံတိတ်သွားသည်။
၃လ...
ChanYeol နဲ့ စကားမပြောတာ ၃ လတောင် ကြာခဲ့ပြီဖြစ်သည်။
မနက်ဆိုလည်း အစောကြီးထ ညဆိုလည်း ညဥ့်နက်သန်းခေါင်မှ
ပြန်လာတာကြောင့် မျက်နှာမြင်ဖို့တောင် ရှားသည်။အိမ်မှာရှိတဲ့ ရက်တွေဆိုလည်း စကားတစ်ခွန်းမှမပြောပေ။
KyungSoo ပြင်ပေးသော ထမင်းကို စားရုံသာစားပြီး
KyungSoo ပြောသမျှကို လျစ်လျူရှုခဲ့တာ ၃ လပင် ကြာခဲ့ပြီပင်။"အရမ်းပင်ပန်းတာပဲ...
အထီးကျန်ဆန်လိုက်တာ..."၃လ ဆိုသောကြောင့် အနည်းငယ် စူထွက်လာတဲ့ ဗိုက်လေးကို
ကိုင်ပြီး KyungSoo ရေရွတ်ကာ မျက်ရည်များကို စီးကျခွင့်
ပေးလိုက်သည်။~~~~~~~~~~~
ChanYeol အိမ်ကနေထွက်လာပြီး စိတ်သက်သာရစေရန်
BaekHyun ရဲ့ အိမ်သို့ ဦးတည်ကာသွားလိုက်သည်။KyungSoo ကို စကားမပြောပဲ လျစ်လျူရှုတာ ၃လတောင်ပြည့်ပြီပင်။
အိမ်မှာမနေပဲ လျှောက်သွားကာ ပြန်ချင်တဲ့ အချိန်မှ ပြန်...
နေချင်သလို နေခဲ့သည်။KyungSoo ကို မြင်တိုင်း နာကျင်လာတာကြောင့် ထိုခံစားမှုကို
KyungSoo အပေါ် ပုံချမိမှာစိုးလို့ အိမ်မှာ မနေခဲ့တာပင်။ညတိုင်း KyungSoo အခန်းလေးထဲသွားကာ
စောင်လေးခြုံပေးပြီး အိပ်ပျော်နေသော ညီဖြစ်သူကိုကြည့်ပြီး
ငိုခဲ့ရသော ရက်တွေသည်လည်း မနည်းတော့။တစ်ဖြည်းဖြည်း စူထွက်လာသော ဗိုကိကလေးနှင့်
နွမ်းလျနေသော KyungSoo မျက်နှာလေးကို မြင်တိုင်း
ရင်ထဲဗြောင်းဆန်လာသော သူ့အဖြစ်ကို သူသာ အသိဆုံးပင်။ဒီအချိန်မှာ KyungSooလိုအပ်နေတာက အကိုဖြစ်သူရဲ့
အားပေးမှုဆိုတာကို သိပေမယ့် ဦးနှောက်ကလက်မခံတာကြောင့်
လျစ်လျူရှုခဲ့သည်။ ထို့ကြောင့်လည်း ကိုယ့်ကိုယ်ကို မုန်းမိသည်၊"Hyung..." ဆိုသော အသံလေးကြားတိုင်း မျက်ရည်အဝိုင်းသားလေးနဲ့ ကြည့်နေကြဖြစ်တဲ့ KyungSoo ကို မြင်တိုင်း
မျက်ရည်တွေထိန်းမရတာကြောင့် လျစ်လျူရှုကာ လှည့်မကြည့်ခဲ့ပေ။