"KyungSoo တဲ့လား .... "
နာမည်ကြားလိုက်တာနဲ့ ခေါင်းပေါ်မိုးကြိုးပစ်ချလိုက်သလို ...
အရာအားလုံးက ချာချာလည်ပြီး ... ဆရာမပြောတဲ့
စကားတွေလည်းမကြားရတော့ ...ရင်ဘက်ထဲက နာကျင်မှုကြောင့် ခြေထောက်တွေလည်း
မခံနိုင်တော့ပဲ ခွေညွှတ်သွားသည် ..."မဟုတ်ပါဘူး .." "နာမည်တူတာနေမှာပါ .."
"ဒါမှ မဟုတိ လိမ်နေကြတာ .. "ခေါင်းထဲပြည့်နှက်လာသော အတွေးတွေက သတ်နေသလိုပင် ..
"မဟုတ်ဘူးမလား Kyung လေး ...မဟုတ်ပါဘူးနော်."
ပါးစပ်ဖျားကနေ ဘယ်လိုပဲ မဟုတ်ဘူးပြောနေပါစေ
"တကယ်လို့ " ဆိုတဲ့ အတွေးကြောင့် Baekhyun
ရင်ဘက်ကိုထုကာ ငိုကြွေးမိသည် ..."ဆရာ .. ဆရာ... သတိထားလေ... ဘာဖြစ်တာလဲဟင် .."
ဆို့နစ်လာတဲ့ ခံစားမှုကြောင့် အသက်ကိုမနည်းရှူနေရတော့
ထိုနေရာမှာပဲ ပစ်လဲသွားသည်..."ငါ့ကို ခွင့်လွှတ်ပါ ChanYeol yrrr "
~~~~~
မျက်လုံးဖွင့်ဖွင့်ချင်းပဲ သတိရမိတာက KyungSoo ကို ..
လက်ကဆေးပိုက်တွေကိုဖြူတ်ပြီး ဆရာတွေ နားနေခန်းကိုသာ
အမြန်ပြေးသွားလိုက်သည် ..."ဆရာ... ဆရာက အခုနားနေရမှာလေ... "
"TaeMin ဆိုတဲ့ ကောင်လေးရဲ့အိမ်ကို သိရင် ပြောပြပေးပါ"
"ဘာလို့.."
"မြန်မြန်ပြောပြပေးပါ ..."
လိပ်စာရတာနဲ့ အမြန်ပြေးထွက်သွားတဲ့ BaekHyun ကို
ဆရာမတွေက နားမလည်ဟန်ကြည့်နေကြသည် ...ဖိနပ်မပါပဲ ပြေးထွက်လာတာကြောင့် ခြေဖဝါးတွေကလည်း
ပေါက်ပြဲနေသည် ..တွေ့တဲ့ Taxi တစ်စီးကို ငှါးပြီး ထိုလိပ်စာအတိုင်းသာ
မောင်းခိုင်းလိုက်၏...နှုတ်ဖျားကတော့ "မဟုတ်ပါစေနဲ့ " ဟူ၍ ရွတ်ဆိုလျက် ~
ကျောင်းနဲ့ သိပ်မဝေးတာကြောင့် နာရီဝက်လောက်နေတော့
ထိုနေရာကို ရောက်ခဲ့သည် ...
အိမ်လေးကိုကြည့်တော့ သော့ခတ်လျက် ...