“ ဟာသအိမ်ကလေး ”
...... Episode 3 ......
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -
" ရှင် … ဘယ်က ပြန်လာတာလဲ … ပြော …"
" ရုံးကပါ … မိန်းမရယ် …"
" ကျွန်မကို လာလိမ်မနေနဲ့ … ကျွန်မ သားတွေ သည်နေ့ ရှင့်ရုံးကို လာချောင်းခိုင်းထားတာ …
အမလေး … ကြည့်ပါဦး … တစ်ကိုယ်လုံးလည်း ရေမွှေး အနံ့တွေချည်းပါပဲလား …"
" အဲ့ဒါ တခြား Company က ရေမွှေး ပရိုမိုးရှင်း လုပ်ပြီး ဆွတ်ပေးသွားတာပါကွာ …"
" ရှင် လိမ်မနေနဲ့ ..."
" ဟာ … တကယ်ပါ … ငါ မလိမ်ပါဘူး မိန်းမရ …
ဘယ်ကောင်မလေးနဲ့ ငါက ဖက်ခဲ့လို့ သူ့ကိုယ်က ရေမွှေးနံ့က ငါ့ကို လာစွဲရမှာလဲ …"
" အမလေး … ပြောပုံက တကယ်ဖက်ခဲ့သလိုပါပဲလား … ပြောစမ်းပါဦး … ရေမွှေးတံဆိပ် …"
" ဟီး … ငါ မင်း သ၀န်တိုမှာစိုးလို့ ရေမွှေးတံဆိပ် မကြည့်ခဲ့ဘူး …"
" ဘာ ?… ဘာဆိုင်လို့လဲ ရှင့် …"
" ရေမွှေးပုလင်းနာမည်ဖတ်ဖို့ကြည့်လိုက်တော့ ကြော်ငြာထဲက ကောင်မလေးက အပေါ်တစ်ပိုင်းကို အကုန်ချွတ်ထားပြီး အောက်ပိုင်းကို ရေမွှေးပုလင်းကြီး အကြီးကြီးနဲ့ ဖုံးထားတာ …
ငါ သေချာ လိုက်ဖတ်ကြည့်ရင် မမြင်သင့်တာတွေ မြင်ကုန်မှာ စိုးလို့ …"
" အမလေး … အမလေး … အဲ့ဒါ စိတ်နာတာ … သိသိကြီးနဲ့ အလိမ်ခံရလို့ကို စိတ်နာတာ …"
ဒေါ်သက်ထား အော်လည်း အော် … ဒေါသလည်း ထွက်ဖြင့် ခုန်ဆွ ခုန်ဆွ ဖြစ်နေတော့သည် ။
******************************************
" သားက ဒုက္ခပေးလိုက် … ဖအေက ဒုက္ခပေးလိုက်နဲ့ … ငါလည်း သေချင်တော့တာပဲ … ဟဲ့ … မြတ်သီဟ …"
သီဟ မေမေ့ ခေါ်သံကြားသောကြောင့် ဖင်ကလေး လိမ်ဖယ် လိမ်ဖယ် လုပ်ကာ အပြေးထွက်လာမိသည် ။
" နင့်ကို သည်မှာ လာတိုင်ထားတယ် … လာစမ်း …
နင် ဟိုဘက်လမ်းက ကောင်မလေးတွေကို ခွေးလယားသီးနဲ့ သုတ်ခဲ့တယ်ဆို … "
" ဟုတ်တယ် … ဘာဖြစ်လဲ … "
" အမလေး … ဘာဖြစ်လဲ ဟုတ်လား … နင့်မှာ အပြစ်ရှိလား … မရှိဘူးလား … ပြော …"
" မရှိပါဘူး … "
သီဟ ဆံပင်ကို ဟိုဘက်သည်ဘက် ခါရမ်းလိုက်ပြီး ပြောလိုက်သည် ။
" ဘာလို့ မရှိတာလဲ … နင် လုပ်တာ ဟုတ်မှ မဟုတ်တာ… "
" မေမေကလည်း … သားကိုပဲပြောနေတာပဲ …
သားကို သူတို့က အရင်လာစတာလေ …
ဘာတဲ့ သားကို တွေ့တာနဲ့ အချင်းချင်း လက်တို့ပြီး အယားမ … အယားမ နဲ့ …
အဲ့တာ သူတို့တွေကို အယားမ ဖြစ်အောင် သူတို့ထိုင်မယ့်ခုံမှာ ခွေးလယားသီး သုတ်ခဲ့တာ … "
" မြတ်သီဟ … "
ဒေါ်သက်ထား အော်လိုက်သော အသံကြောင့် သီဟ ဖင်တွန့်သွားသည် ။
မေမေကလည်းနော် ။ မိန်းမသားချင်း မစာမနာ ။
သီဟက အသည်းငယ်ပါသဘိနဲ့ ။
ဘာမှန်းကို မသိဘူး ။
*******************************************
" ငါ … ငါလေ … သူ့ကို ချစ်မိနေပြီ ထင်တယ်ဟာ … "
ဖြူပွင့်လွှာ ပြောစကားကြောင့် သူမ သူငယ်ချင်းတွေ အားလုံး မျက်လုံးပြူးသွားကြသည် ။
ပြီးတော့ ပြိုင်တူ မေးလိုက်သည် ။
" အဲ့ … အဲ့ခြောက်မကြီးကို … "
" နင်တို့ကလည်းဟယ် … သူက နည်းနည်းလေး ပျော့တာပါ … "
" ဟဲ့ … ပျော့နေတော့ ဘာသုံးစားလို့ ရမလဲဟဲ့ …
မာမှ ကောင်းတာပေါ့ … အဲလေ … ငါလည်း ဘာတွေ ပြောနေမိမှန်းကို မသိတော့ဘူး … "
" နင်တို့ကလည်း မပြောပါနဲ့ဟာ …
သူက အစ်ကိုနဲ့ပဲနေရလို့ နည်းနည်း နွဲ့သွားတာပါ … "
" အမလေးဟယ် … အမတွေနဲ့ နေရလို့ နွဲ့တယ်ပဲ ကြားဖူးပါတယ် … ဘယ့်နှယ့် အစ်ကိုနဲ့ နေရလို့ နွဲ့ရတယ်လို့ … ငါတို့ တစ်ခါမှ မကြားဖူးပေါင် … "
နောက် သူငယ်ချင်းတစ်ယောက်ကလည်း ၀င်ပြောပြန်သည် ။
" အေး … ဟုတ်တယ် … ဟိုတစ်ခါကလည်း ငါနဲ့ချယ်ရီနဲ့ကို ထိုင်ခုံမှာ ခွေးလယားသီးသုတ်ပြီး ယားအောင် လုပ်သွားတာ သူပဲ … ငါဖြင့် အဲ့နေ့က ဖင်ယားသွားတာကို အခုထိမမေ့သေးဘူး … "
" ဟဲ့ … နင်ကလည်း … ဘာတွေ ပြောနေတာလဲ … နင်တို့က သူ့ကို မခံချင်အောင် သွားစတာကိုး … "
" အမလေး … မခံချင်အောင် စတယ် မလုပ်နေနဲ့ … သူက ခံချင်လွန်းလို့ ဟိုဘက်တောင် ရောက်နေသေးတာ …
နင့်ထက်တောင် မြတ်သီဟက နွဲ့နေသေးတယ် … မိန်းကလေးတွေ ရမ်းတယ်ဆိုတာ သူ အိပ်နေသလောက်ဘဲ ရှိတာ …"
ဖြူပွင့်လွှာ ခေါင်းလေးကိုသာ အသာရမ်းလိုက်သည် ။
" ငါ ဘာပဲဖြစ်ဖြစ် ရအောင် ကြိုးစားမှာပါ … နင်တို့ စောင့်ကြည့်နေပေါ့ … မြတ်သီဟ ငါ့ကို လုံးဝ ချစ်လာစေရမယ် … "
*******************************************
ကော်ဖီဆိုင်တွင် နေမင်းထိုက်နှင့် ချိန်းထားသောကြောင့် မင်းမြတ်ထိုင်စောင့်နေမိသည် ။
မြတ်သီဟ ဘေးက အတင်းကပ်လိုက်လာသောကြောင့် မင်းမြတ် စိတ်ညစ်နေမိသည် ။
ပြီးလျှင် နေမင်းထိုက်နှင့် စွာတာတာ ရန်ဖြစ်ဦးမည် ။ ဒါပဲ မဟုတ်လား ။ သည်ညီတစ်ယောက်ကိုတော့ မင်းမြတ် မထိန်းနိုင် ။
![](https://img.wattpad.com/cover/133228797-288-k375991.jpg)
YOU ARE READING
ဟာသ အိမ်ကလေး ...
Teen Fictionဂေးဖြိုနည်းဝတ္ထုကိုရေးသားခဲ့တဲ့ ဒေါက်တာမင်းခန့် (မင်းခန့်နိုင်) ရဲ့ နာမည်ကြီးဝတ္ထုတစ်ခုပါ ... ။ MLGBTS website ကို အသုံးပြုဖူးသူများကတော့ ဖတ်ဖူးပြီးသားဖြစ်မယ်ထင်ပါတယ် ... ။ မဖတ်ရသေးသောသူများအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ ဂေြး...