“ ဟာသအိမ်ကလေး ”
...... Episode 6 ......
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -
နေမင်းထိုက် ရုံးကိုရောက်တော့ ကိုမင်းမြတ်အခန်းနားက ဖြတ်သွားစဉ် အသံကြားလိုက်ရသည် ။
" အစ်ကို … အဆင်ပြေလား …"
" မရဘူး စည်သူရ … နည်းနည်း ထပ်မှုတ်ပေးဦး …"
ဟင် ။ နေမင်းထိုက် မျက်လုံးပြူးသွားရသည် ။
ပိုပြီး ကပ်ပြီး နားထောင်လိုက်သည် ။
" အစ်ကို … အဆင်ပြေသွားပြီလား …"
" ဟာ … အခုထိ မထွက်သေးဘူး စည်သူရာ … နည်းနည်း ခပ်ကြမ်းကြမ်းလေး မှုတ်လိုက် …"
ဟာ … ။ မထွက်သေးဘူး ။ မှုတ်ပေးတဲ့ ။
နေမင်းထိုက် ခေါင်းနပမ်းတွေပါ ကြီးလာသည် ။ ဘယ့်နှယ် ။ သည်လောက် စောစောစီးစီးကြီးကို ဖြစ်နေကြတယ် ။ ဟို စည်သူမကလည်း ကာမေသုမိတ်စာ ကံကိုတောင် မရှောင်တော့ဘူး ။
ဒုသနသော မကြောက်တဲ့ ဖာသည်မ ။
နေမင်းထိုက် ကျိန်ဆဲနေတုန်း အထဲကနေ အသံတစ်သံထွက်လာပါတယ် ။" အား … ထွက်သွားပြီ စည်သူ … တော်သေးတာပေါ့ကွာ … မင်းမှုတ်ပေးလို့ပဲ … အခုမှ နေလို့ ကောင်းသွားတော့တယ် …"
" ရပါတယ် အစ်ကိုရယ် … သည်လိုမျိုး ကူညီလိုက်ရတာကို ကျွန်တော်က ပျော်နေတာပါ … နောက်လည်း ကိုကိုမြတ် အကူအညီလိုရင် ပြောနော် … အချိန်မရွေး မှုတ်ပေးမယ် …"
ဟယ် ။ ဖာသည်မ ။ ဂျိုးကြော် စနိုက်ကျော်မ ။
နေ့ခင်းကြောင်တောင် မဟုတ်တော့ဘူး ။ စောစောစီးစီးကြီးပါ မရှောင်တော့ဘူး ။
ဖေတစ်ရာ မောင်တစ်ကျိပ်မ ။
အခန်းထဲက နှစ်ယောက် ထွက်လာကြသည် ။
သူတို့မျက်နှာတွေက ဘာမှ အပြစ်မရှိကြသလို ။
သြော် ။ ခုနကတော့ မဟုတ်တာ လုပ်ထားပြီး အခုကျမှ မသိသလို ဟန်ဆောင်နေကြတာ ။ တွေ့မယ် ။
" မင်းတို့ ဘာအချိုး ချိုးတာလဲ … ဟင် … စောစောစီးစီးတောင် မရှောင်ကြတော့ဘူးလား …"
ဘယ်ရမလဲ ။ နေမင်းထိုက်ပဲ ။
ဟို စည်သူမ ကျောကုန်းကို အုန်းကနဲနေအောင် ထုပစ်လိုက်တာပေါ့ ။ စည်သူမက သူ့ကျောနာသွားတော့ ယောက်ျားသံကြီးနဲ့ ရန်ပြန်တွေ့တယ် ။
" သည်မှာ … နေမင်းထိုက် … မင်း အဲ့လောက် လင်ဆာမနေနဲ့ … ငါက သွေးရိုးသားရိုးဆက်ဆံတာ …"
" သွေးရိုးသားရိုး ဆက်ဆံတယ်ဆိုရင် မင်းတို့ အခန်းထဲမှာ မှုတ်တာတို့ … ထွက်သွားတာတို့ ပြောပါ့မလား …"
" ဟာ … ညီ … အထင်မှားနေပြီ … အဲ့လိုမဟုတ်ဘူး … အစ်ကို့မျက်လုံးထဲကို အမှိုက်ဖက် ၀င်သွားလို့ အဲ့ဒါ သူက မှုတ်ပေးနေတာ …"
အဲ ။ နေမင်းထိုက်တော့ မှားပြီ ။
ဒါကြောင့် ထင်ပါတယ် ။
နှစ်ယောက်သား ပုံစံက ဘာမှ မဖြစ်သလိုဘဲလို့ ။ ဟီး ။ မှားတဲ့အခါလည်း မှားပေမပေါ့နော် ။
ပြသနာက အဲ့မှာ ပြီးသွားပြီး အရင်နေ့ကလို ထမင်းစားတဲ့အချိန်မှာ ပြန်ဖြစ်တာ ။ ဘယ်သူရှိရမလဲ ။ ဟိုစည်သူမ ထပ်မွှေပြန်တာပေါ့ ။
ကမက … လူကို မွှေရတာ အားမရလို့နဲ့တူပါ့ … ကြက်ဥကိုတောင် မွှေပြီး ကြော်လာတာ ။ အဟုတ် ။ မပြောချင်ဘူး ။
" ကိုကိုမြတ် စား … သည်မှာ ကိုကိုမြတ်အတွက် …"
" ကိုကိုမြတ်ကလည်း … ဒါလေးစားလေ …"
နေမင်းထိုက် နားထောင်ရင်းနဲ့ အမြင်က ကတ်လာပါတယ် ။
" ကိုမင်းမြတ်က မင်းပြောသလိုမျိုး မြက်စားရအောင် နွားမှ မဟုတ်တာ …"
" ဟယ် … ကိုကိုမြတ် … တွေ့လား … စည်သူက စေတနာနဲ့ ကျွေးတာကို နေမင်းထိုက်က ကိုကိုမြတ်ကို နွားလို့ပြောနေတာ …"
" ဟေ့ကောင် … စည်သူ မင်း အခြောက်မပီပီ ပလီပလာတွေ မပြောနဲ့ …"
" အံမာ … ငါခြောက်လား မင်းခြောက်လား လူတိုင်းသိတယ် … ငါတို့က Straight ကွ …"
" အမလေး … ဟုတ်ပါတယ် … မင်းက Woman Straight ဆိုတော့ ပြောအား ရှိတာပေါ့ …"
" နေမင်းထိုက် … ပါးစပ်ပိတ်ထား … ထပ်မပြောနဲ့ …"
သည်တစ်ခါ ပြောလိုက်တာက ကိုမင်းမြတ်အသံပါ ။ နေမင်း အရမ်းဝမ်းနည်းသွားပါတယ် ။ ဟုတ်တယ်လေ ။
ကိုယ်ချစ်ရတဲ့သူက ကိုယ်နဲ့ တခြားလူတစ်ယောက်နဲ့ ရန်ဖြစ်တာကို ကိုယ့်ဘက်မပါဘဲ သူများဘက် ပါတယ်ဆိုတော့ ။
နေမင်း ဘာမှ မပြောတော့ဘဲ ဝေ့၀ဲလာတဲ့ မျက်ရည်ကို ထိန်းပြီး အခန်းထဲက ထွက်လာလိုက်ပါတယ် ။
ထမင်းချိုင့်လည်း ပြန်မပိတ်တော့ဘူး ။
ရင်ထဲမှာ ၀မ်းနည်း လိုက်တာ ။
ဝမ်းနည်းလိုက်တာ ဆိုတာ မပြောနဲ့တော့ ။
" ညီ … ဘယ်သွားမလို့လဲ …"
ကိုမင်းမြတ် အနောက်ကနေ မေးတဲ့အသံ ။
နေမင်း ဘာမှ မကြားချင်တော့ဘူး ။
သည်အချိန် ငိုချင်နေတာပဲ သိတယ် ။
" အီး … ဟီး … ဟီး … ငါ့ဘက်တော့ ပါပေးမယ် မရှိဘူး … သူ့မယားဘက်ပဲ ပါတဲ့ ဟာကြီး …"
" အကျင့်မကောင်းတဲ့ဟာကြီး … ဟိုကလည်း အာဆာဆာ ဖြစ်နေတာ … ရေတွင်းပျက်နဲ့ ညားမယ့်ဟာကြီး …"
မင်းမြတ် ဘေးကနေ ချော့မလို့ ကြိုးစားတာ မအောင်မြင်သေးပါဘူး ။
စကားတစ်ခွန်းပြောမယ် ကြံလိုက်ရင် နေမင်းထိုက်က တစ်ခွန်း ကျိန်ဆဲလိုက်ရင်နဲ့ ။
အဲ့ဒါနဲ့တင် အချိန်ကို ကုန်နေရော ။

YOU ARE READING
ဟာသ အိမ်ကလေး ...
Teen Fictionဂေးဖြိုနည်းဝတ္ထုကိုရေးသားခဲ့တဲ့ ဒေါက်တာမင်းခန့် (မင်းခန့်နိုင်) ရဲ့ နာမည်ကြီးဝတ္ထုတစ်ခုပါ ... ။ MLGBTS website ကို အသုံးပြုဖူးသူများကတော့ ဖတ်ဖူးပြီးသားဖြစ်မယ်ထင်ပါတယ် ... ။ မဖတ်ရသေးသောသူများအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ ဂေြး...