Episode 11

1.3K 87 1
                                    

“ ဟာသအိမ်ကလေး ”
...... Episode 11 ......

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -



သီ ဆိုင်တွင် ထိုင်ကာ လမ်းသွား လမ်းလာ မှန်သမျှကို ငေးကြည့်နေမိသည် ။ ကောင်မ နှစ်ကောင်ကတော့ ဖြတ်လျှောက်သမျှ အလန်းလေးတွေကို ငေးကြည့်နေမိသည် ။


" ဟာ … သားကြီးရာ … ဟိုစော် လန်းလိုက်တာ …"


" ဟေ့ကောင် … မင်းက ကြိုက်လို့လားကွ …"
 

သီက မေးတော့ မိမြတ်က တိုးတိုးလေး ပြန်ဖြေသည် ။


" အမလေး … ကြိုက်စရာလား … ထမင်း ထမင်းချင်း စားတော့ ဘာ အရသာ ရှိမှာလဲဟဲ့ … ငါလည်း သူ့လို ဖြစ်ချင်လို့ … သူ့ကို အားကျလို့ပါဟယ် …"


" တိတ်စမ်း … လင်ကြီး ငုတ်တုတ်နဲ့ … နင်တို့ ဆိုတာလည်း …"


" သြော် … ငါ့လင်က ဆီပြန်ဟင်းကြီးလေ … အဓိက ဟင်းကြီးလေ … တစ်ခါတစ်လေ ဆီပြန်ဟင်း စားလို့ အီသွားတော့လည်း ငပိရည်လေး ဘာလေး ပြောင်းစား ချင်တာပေါ့ဟယ် … ငါ့လင်ကို ငါက သိပ်ချစ်တာလေ …
သိပ်ချစ်လို့လည်း ကွမ်ရင်မယ်တော် ဆီမှာတောင် သွားပြီး တိုင်တည်ထားတာ … သိတယ် မဟုတ်လား … ကွမ်ရင်ဆီ သွားတာ တကယ်ချစ်မှ သွားရတာလေ …"


မိမြတ်က သူ့လင်ကို သိပ်ချစ်ပြနေတော့ မိသန့်က မနေနိုင်တော့ဘဲ အမြင်ကတ်ကတ်နှင့် ၀င်ပြောလေသည် ။


" အမလေး … နင်ဆိုတာလည်း … ကွမ်ရင်ကတောင် ငါ့ကို ပြောတယ် … သည်ကောင် တစ်ခါလာရင် လူတစ်ယောက်နဲ့တဲ့ … ငါ ကြည့်ရင်း မူးလာတယ် ပြောလို့ ကွမ်ရင်ကိုတောင် အမူးပြေအောင် ယပ်ခတ်ပေးခဲ့ရတယ် …"


" ဟဲ့ … သည်တစ်ယောက်က အတည်ဟဲ့ …"


" အမလေး … အရင်လူတွေနဲ့ အစတုန်းကလည်း နင် အဲ့လို ပြောတာပါပဲ …"


" ဟေ့ကောင်တွေ … ရှူးရှူး … တိုးတိုးနေဦး … ဟိုမှာ ကြည့်စမ်း … အဲ့ဒါ … အဲ့ဒါ မိုးယုယ မဟုတ်လား …"


သီပြလိုက်တော့ ကောင်မနှစ်ကောင် ဟယ်ဟုသာ အော်နိုင်ကြတော့သည် ။
မိုးယုယက ယောက်ျားလို ၀တ်ထားပြီး ဂျင်းဘောင်းဘီကြီးနှင့် ဖြစ်သည် ။ သူ့ဘေးတွင်တော့ ကောင်မလေး ချောချောလေး တစ်ယောက် ။
သီ ကြည့်ပြီး ခေါင်းတွေတောင် မူးသွားတော့သည် ။

 
" ကောင်မတွေ … ငါ့ကို အဘရဲ့ ထ နေတဲ့ ဆေး ပေးစမ်းပါဟယ် … ငါ မူးလွန်းလို့ပါ …"


ဆိုင်ရှင်ဦးလေးကြီးကို သွားမေးတော့ ဦးလေးကြီးက တိုးတိုးတိတ်တိတ် ပြောပြသည် ။
 

" မိုးယုယက ယောက်ျားလျာလေ … သည်ရပ်ကွက်မှာ လူတိုင်း သိတယ် … ညီလေးတို့ကိုတောင် အစ်ကိုက ဆေးကျောင်းက မဟုတ်ဘူး ဆိုလို့ ပြောပြတာ …"


" ဆေးကျောင်းက လူဆို ဘာဖြစ်လို့လဲဟင် …"


" သူ မပြောခိုင်းထားဘူးလေ … သူ့ဘဲ ကျောင်းမှာ ရှိလို့ ဆိုလား … လူမသိအောင် ဆိုလားပဲ …"
 

သီ ဒါတွေကို နားထောင်ပြီး တော်တော်လေး စိတ်ညစ်သွားသည် ။
သြော် … ။ ပြည့်ဦးရယ် ။
ငါ မင်းဘ၀ကို သနားလိုက်တာကွာ ။
မင်းစော်က မင်းကို Cover Boy ထားနေတာဟ ။ အဲ့ဒါပေါ့ ။ ဂေးတွေ ယောက်ျားယောင် ဆောင်ပြီး မိန်းကလေးတွေကို Cover Girl ထားခဲ့တာလေ ။
အခုတော့ သူတို့ ပြန်ဝဋ်လည်နေပြီပေါ့ ။


" အခုရော … သူက ယောက်ျားလျာ ဖြစ်တုန်းပဲလားဟင် …"


" အင်းလေ … ကျောင်းသွားချိန် တစ်ချိန်ပဲ သူ မိန်းကလေးလို ၀တ်တာ မြင်ဖူးတယ် … ကျန်တဲ့ အချိန်တွေ ကြည့်လိုက်ကွ … လုံးဝ ဖိုက်တာကြီးပဲ … အခုလည်း ရပ်ကွက်ထဲက ကောင်မလေး တစ်ယောက်နဲ့ တွဲနေတယ် လေ …"


သီ သူ့ကို ကြည့်နေသည်ကို သိသွားသည် ထင်သည် ။ မိုးယုယက သီ တို့ ဘက်ကို မိုက်ကြည့် ကြည့်လေသည် ။
သီလည်း သူ့ကို ရိပ်မိသွားမည် စိုးသောကြောင့် ချက်ချင်းကို ခေါင်းကို ငုံ့ကာ ဦးထုပ်ကြီးနှင့် ကွယ်ထား လိုက်ရလေသည် ။

ဟာသ အိမ်​က​လေး ...Where stories live. Discover now