“ ဟာသအိမ်ကလေး ”
...... Episode 18 ......
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -
" ညီ ထွက်တော့မယ် အစ်ကို ... "
မနက်စောစောကြီး နေမင်းထိုက် ပြောလာသော စကားကြောင့် မင်းမြတ် ကြောင်သွားမိသည် ။
" စောစောစီးစီးကြီးညီရယ်... မကောင်းပါဘူး ..."
" ဟင် ... ဘာတွေပြောနေတာလဲ ... "
" မသိဘူးလေ... ညီပဲ ထွက်တော့မယ်ဆို ... "
" ဟာ ... ညီပြောတာ ညီ အလုပ်ထွက်ရတော့မှာကိုပြောတာ ... "
" ဟင် ... ဘာဖြစ်လို့ ထွက်မှာလဲ ညီရာ ... ဟင့်အင်း ... အစ်ကိုခွင့်မပြုဘူး ... "
" မရတော့ဘူးအစ်ကို ... ညီတို့အိမ်က အတင်းအလုပ်ထွက်ခိုင်းနေပြီ ... အဖေ့ပွဲရုံကို ဦးစီးဖို့ပြောနေပြီ ..."
" ညီကလည်းကွာ ငြင်းလိုက်ရင် ရနေတာပဲကို ..."
အခန်းထဲတွင် နေမင်းထိုက်တို့ စကားပြောနေစဉ် ကျွီကနဲ တံခါးပွင့်သံ ကြားလိုက်သဖြင့် လှမ်းကြည့်လိုက်တော့ စည်သူမ။စကားပြောနေသည်ကို ခိုးနားထောင်ရင်း တံခါးကို အမှီလွန်သွားကာ အရှိန်နှင့် အခန်းထဲကို မလဲရုံတမယ် ဝင်လာမိခြင်းဖြစ်သည် ။
" စည်သူ ... ဘာကိစ္စလဲ ... "
မင်းမြတ် စိတ်ညစ်နေသောကြောင့် အသံခပ်မာမာ မေးလိုက်၍ စည်သူမ နည်းနည်း ရို့သွားပုံပေါ်သည် ။
" ဟိုလေ... ထိုး ထိုးခိုင်းမလို့ပါ ကိုကိုမြတ် ... "
" ဘာထိုးခိုင်းမလို့လဲ ... လက်သီးနဲ့ ထိုးပေးရမှာလား မင်းဖင်ကို ထိုးပေးရမှာလား ... "
ဟုတ်တယ်လေ ။ လက်မှတ်ထိုးခိုင်းဖို့ လာတာဆိုရင်လည်း လက်ထဲမှာ စာရွက်လေးဖြစ်ဖြစ် ပါမှပေါ့ ။ ခုဟာက ဘာမှမှ မပါဘဲကို ။
" တို့ဖင်ကို ထိုးပေးရမှာပါ ... အဲလေ... မဟုတ်ပါဘူး ... စာရွက် ... စာရွက် ... အဲ ... စာရွက်က အပြင်မှာ ကျန်ခဲ့ပြီ ... သွားယူလိုက်ဦးမယ်နော် ..."
ခဏနေတော့ စည်သူမ စာရွက်တစ်ထပ်ကိုင်ပြီး ပြန်ဝင်လာသည် ။ နေမင်းထိုက် အဲ့ကောင်မကို အမြင်ကပ်ကပ်နှင့် ပြောထည့်ပစ်လိုက်သည် ။
" ညီလည်း အလုပ်မထွက်ချင်ပါဘူး အစ်ကိုရယ် ... အတွင်းရေးမှူး ဗီလိန်မတွေ ဘာတွေ ရှိနေတာကို သူတို့တွေနဲ့ ထားခဲ့ရမှာ ညီ စိတ်မချပါဘူး ..."
စည်သူက နေမင်းထိုက်ကို မျက်စောင်း အကိတ်ကြီး ထိုးသွားသေးသည် ။
သို့သော် ကိုမင်းမြတ် စိတ်ညစ်နေမှန်း သိသောကြောင့် ဘာမှတော့ပြန်မပြောရဲ ။ သည်အတိုင်းထွက်လာရသည် ။
သို့သော် ရုပ်ရှင်တွေထဲကလိုတော့ စိတ်ကူးယဉ်လိုက်မိသေးသည် ။
နေမင်းထိုက် အလုပ်ထွက်တော့ ကိုကိုမြတ်က စိတ်ညစ်ပြီး အရက်တွေ ဇွတ်သောက် ...
ညကျတော့ သူက ရုံးကိုလာပြီးပြုစု ။ အဲ့မှာပဲ ရုပ်ရှင်တွေထဲကလို မှားကြပြီး ဗိုက်ကြီး ... ကြီး ...။
အီး ... ။ စည်သူ သူ့ပေါင်ကြားထဲက ဟာကို သူကြည့်ပြီး ညည်းတွားမိလိုက်သည် ။
သည်ဟာကြီးရှိနေမှတော့ ဘယ်လိုလုပ် ဗိုက်ကြီးမှာလဲ သားကြီးရယ် ဟူ၍သာ ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်ရတော့သည် ။
*************************************
တစ်နှစ်ကျော် အလုပ်လုပ်ခဲ့ရသော အလုပ်မို့ နေမင်းထိုက်တစ်ယောက် အလုပ်အပေါ်ကို သံယောဇဉ် ဖြစ်နေမိပြီဖြစ်သည် ။ တကယ်တမ်း အလုပ်ထွက်ရတော့လည်း စိတ်မကောင်းဖြစ်မိသည် ။
ကိုမင်းမြတ်က ဦးဆောင်ပြီး နေမင်းထိုက် နှုတ်ဆက်ပွဲဟုဆိုကာ ညဘက် ဘားတွင် နှုတ်ဆက်ပွဲလုပ်ပေးသည် ။
တစ်ယောက်ကိုတစ်ယောက် အမြဲ စကားများ ရန်ဖြစ်နေကြသော နေမင်းထိုက်နှင့် စည်သူမတို့ပင် တစ်ယောက်ကိုတစ်ယောက် စကားပြောရင်း စိတ်မကောင်းဖြစ်မိရသေးသည် ။
" နေမင်းထိုက်ရယ် ... မင်းသာမရှိတော့ရင် ငါ ဘယ်သူနဲ့ ရန်ဖြစ်ရမှာလဲ ... ငါတော့ ပျင်းနေတော့မှာပဲ ..."
" အေးပါကွာ ... သားကြီးမရယ် ... ငါလည်း သတိရနေမှာပါ ... "
" နင်သွားတော့မယ်ဆိုတော့ ငါ ဟိုသီချင်းလေးတောင် သတိရတယ် ... စိုးပိုင်ရဲ့ နှုတ်မဆက်နဲ့ ရယ်ချင်တယ် ဆိုတဲ့သီချင်းလေ... အဲလေ... နှုတ်မဆက်နဲ့ ငိုချင်တယ် သီချင်းပြောတာ ..."
" အမလေးလေး ... ငါအလုပ်ထွက်တာကို ပျော်နေလိုက်တာများ ..."
" မပျော်ပါဘူးဟာ ... စိတ်မကောင်းတော့ ဖြစ်မိတာပေါ့ ... ငါ့ အရှိန်အဝါတွေကို မယှဉ်နိုင်လို့ နင် ရုံးကနေ ထွက်တောင်ပြေးရတယ်ဆိုတော့ကာ ..."
" အမလေး ... ဗိုင်းတာမရယ် ... နင်ကပဲပြောရတယ်ရှိသေး ..."
အရက်တွေသောက်ရင်းမူးတော့ စည်သူမက စိုင်းစိုင်းသီချင်းထဲကလို မင်းဟာငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပါကွာဆိုပြီး လာဖက်သည် ။ ပြီးတော့ ဘေးကပ်ပြီး တိုးတိုးလေးလာပြောလေသည် ။
" အကောင်းဆုံး သူငယ်ချင်းဆိုတာ ဝေစားမျှစား စားတတ်ရတယ်တဲ့ ... ငါပြောတာ မဟုတ်ဘူးနော် ... ရှေးလူကြီးတွေပြောတာ ... "
" အမလေးလေး ... ခေတ်ဟောင်းခြောက်မရယ် ... မုန့်ကိုတော့ဝေကျွေးနိုင်တယ် ... ဝါးလုံးကိုတော့ မျှမသုံးနိုင်ဘူးဟေ့ ...😏 "
အားလုံးကို နှုတ်ဆက်စကားပြောသည့်အခါတွင်တော့ နေမင်းထိုက် မျက်ရည်ပါလည်မိသည် ။
အားလုံးကလည်း စိတ်မကောင်းစွာ မျက်ရည်လည်ကြသည် ။ နောက်လည်း ရုံးကိုလာလည်ဖို့ဖိတ်ကြသည် ။
နေမင်းထိုက်နှင့် မင်းမြတ်တို့အတွက်လည်း ပေါင်းရပါစေကြောင်း ဆုမွန်ကောင်းတွေ တောင်းပေးကြလေသည် ။
*******************************
အပြန်လမ်း တစ်လျှောက်လုံး နေမင်းထိုက် တိတ်ဆိတ်နေမိသည် ။ မင်းမြတ်က နေမင်းထိုက်ကို ကားမောင်းပြီး အိမ်လိုက်ပို့ပေးနေခြင်းဖြစ်သည် ။ မင်းမြတ်ကပင် စကားစလိုက်ရသည် ။
" အဲယားကွန်း လျှော့ပေးရမလား ညီ ... "
" ရပါတယ် ... အနေတော်ပါပဲ ..."
" ညီ ... အစ်ကိုတို့ အလုပ်မှာမတွေ့ရလည်း နေ့တိုင်းတွေ့မှာနော် ... "
" အင်း ... ဒါပေမယ့် အစ်ကိုမရှိတဲ့နေရာမှာ ညီ အလုပ်လုပ်ရတော့မှာလေ ..."
" ညီလိုတဲ့ အခါတိုင်း ဖုန်းဆက်လိုက်တာနဲ့ အစ်ကို ရောက်လာမှာပေါ့ ညီရ... "
" ညီလည်း အစ်ကို့ကို အမြဲ သတိရတိုင်းဖုန်းဆက်မှာနော် ... အစ်ကို လာတွေ့ရမှာနော် ... ကတိ ... "
" အင်းပါ ကတိပါကွာ ... "
နေမင်းထိုက် မင်းမြတ်ရဲ့ ပါးကို နမ်းပစ်လိုက်သည် ။
ရိုမန်းတစ်တွေ အရမ်းဆန်ကုန်သောကြောင့်
ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန် ပီတိဖြာမိလိုက်သေးသည် ။
ရုပ်ရှင်ကားတွေထဲမှာ ထိုအခန်းမျိုးဆိုလျှင် နောက်ခံသီချင်း ရိုမန်းတစ်ဆန်ဆန်တွေ လာလေ့ရှိသည်မို့ နေမင်းထိုက်က ကိုမင်းမြတ် ကားထဲက ကတ်ဆတ်ကို ဖွင့်ချလိုက်သည် ။
ထိုအချိန်တွင် လာနေသော သီချင်းကြောင့် နေမင်းထိုက်တစ်ယောက် ဂါသွားတော့သည် ။
🎵 ကိုကိုယောကျာ်းမဟုတ်ဘူး ... ယောကျာ်း မဟုတ်ဘူး ... မဟုတ်ဘူး စိတ်နာပါတယ် ... 🎵
အနှောက်ဟ...
အနှောက်မကြီး တဲ့တဲ့ထိုး ။ အဲလေ... တင့်တင့်ထွန်း ။
စည်သူမ မရှိလို့ အနှောက်မရှိတော့ဘူးမှတ်တယ် ၊
ယောကျာ်းမဟုတ်ဘူး ဆိုပြီး လာဝုန်းနေသေးတယ် ။
အခြောက်မတွေကို ဝုန်းတဲ့သီချင်းကို သူမို့ ရှာရှာကြံကြံဆိုတတ်တယ် ။
မသိရင် နေမင်းထိုက်တို့ နှစ်ယောက်ကိုပဲ စောင်းပြီး ဆိုနေသလိုလိုနဲ့ ။
ဟုတ်တယ်ဟေ့ ယောက်ကျားမဟုတ်ဘူး ၊ အခြောက်မဟဲ့ဟု နေမင်းထိုက် စိတ်ထဲက မကျေမနပ်ဆိုပြီး သီချင်းကို နောက်တစ်ပုဒ် ကျော်ပစ်လိုက်မိသည် ။
သီချင်းကြီးက ဝုန်းချက်ဆိုတာ ... ခုနက ရိုမန်းတစ် ဆန်နေတဲ့ စိတ်လေးတွေတောင် ပျက်သွားမိရတော့သည် ။
😂😂😂😂😂😂😂😂😂😂😂😂😂😂😂
***********
Written by Dr.Min Khant (မင်းခန့်နိုင်)
#BurmaLGBT
YOU ARE READING
ဟာသ အိမ်ကလေး ...
Teen Fictionဂေးဖြိုနည်းဝတ္ထုကိုရေးသားခဲ့တဲ့ ဒေါက်တာမင်းခန့် (မင်းခန့်နိုင်) ရဲ့ နာမည်ကြီးဝတ္ထုတစ်ခုပါ ... ။ MLGBTS website ကို အသုံးပြုဖူးသူများကတော့ ဖတ်ဖူးပြီးသားဖြစ်မယ်ထင်ပါတယ် ... ။ မဖတ်ရသေးသောသူများအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ ဂေြး...