Episode 2

2.6K 168 8
                                    

“ ဟာသအိမ်ကလေး ”
...... Episode 2 ......

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -



Company ထဲကို ၀င်လာသော နှစ်ယောက်ကို ကြည့်ပြီး နေမင်းထိုက် မျက်လုံးပြူးသွားသည် ။
ဖင်သလူးခါနေပြီး လေဒီဂါဂါ စတိုင်နှင့်က တစ်ယောက်။ ဘုရားဘုရား ။ သူ့ဘေးက ကောင်လေး စင်စင်လေး တစ်ယောက် ။ နှမြောစရာကြီးနော် ။ ဂလု ။
နေမင်းထိုက် နှမြောစွာဖြင့် တံတွေးကို မျိုလိုက်ရသည် ။


သြော် .... ။ ဓါတ်တူရှိရာ ဓါတ်တူလာစုတယ်ဆိုတာ ဒါမျိုး ဖြစ်မှာ ။ အခုလည်း ကြည့်လေ ။
နေမင်း ရှိရာကို ဆိုက်ဆိုက် မျိုက်မျိုက်ကို လာနေတာ ။


" ဟိုင်း …"


လေဒီဂါဂါနှင့် တူသော တစ်ယောက်က လက်ထောင်ပြပြီး နေမင်းကို နှုတ်ဆက်သည် ။ နေမင်းလည်း ရယ်ပြပြီး လက်ပြန်ထောင်ပြလိုက်သည်။


" ဟိုင်း ..."


" ဟိုင်းဟိုင်း …"


အဲ! နောက်တစ်ခါ ။
နေမင်းလည်း ပြန်လက်ထောင်ပြလိုက်သည် ။


" ဟိုင်းဟိုင်း …"


" ဟွန်း …သူ့ကိုယ်သူ စုမေများ မှတ်နေလား မသိဘူး …"


အဲ ။ နေမင်းကို သက်သက်ကြီး ဆော်လိုက်သည် ။ လေဒီဂါဂါမ ။ တွေ့မယ် ။


" သည်မှာ ရှောက်သီးဆေးပြား Import Export မလုပ်ဘူး ခင်ဗျ … နေရာမှားလာတာ ထင်တယ် …"


" အံမာ … လူကိုများ ရှောက်သီးဆေးပြားရောင်းတဲ့ အစားများ မှတ်နေလား … ငါတို့က ရှောက်သီးဆေးပြား ၀ယ်စားတိုင်း ကပြတဲ့ အစားထဲက မဟုတ်ဘူးဟဲ့ … နိုက်ကလက်မှာ ကတာ … မှတ်ထား …"


" ဟေ့ကောင် … သီဟ … ပါးစပ်ပိတ်ထား ... မင်း ဘယ်နေရာ ရောက်ရောက် ပြသနာ ရှာနေပါလား …"


ဘေးနားက အစ်ကိုကြီးက ဟောက်လိုက်တော့မှ
သီဟ ခေါ် လေဒီဂါဂါ ငြိမ်သွားသည် ။ ထို ဘေးနားက အတောင့်စင်က နေမင်းကို ပြုံးပြသည် ။
"ဒါမျိုး ပြုံးရယ်" ​လို့ကတော့ နေမင်းတို့က
"တစ်ညလုံး ကျုံးကွယ်"  လို့တောင် ပြန်အော်လိုက်ချင်သေးသည် ။
ဟီး ။ အန်ဖတ်တွေ ပြောပါတယ် ။


" အစ်ကို … ဘာကိစ်စ ရှိလို့ပါလဲ ခင်ဗျာ …"


သိတယ် မဟုတ်လား ။
အချိုဆုံး အသံနဲ့ ၀င်လုံးလိုက်တာပေါ့ ။
ရသော်ရှိ မရသော်ရှိ ။


" ငါ့ကျတော့ ၀ုန်းပြီး ငါ့အစ်ကိုကိုကျတော့
အစ်ကို ဘာကိစ်စရှိလို့ပါလဲ ခင်ဗျာတဲ့ …
အသံကိုက အခြောက်မ ရေခဲရေ ထိတဲ့အသံနဲ့ …
အသံကျုံ့ကျုံ့လေးဆိုတာ အဲ့အသံမျိုး …"


" အေးပေါ့ … နင်က ရေခဲရေ ထိဖူးတော့ သိမှာပေါ့ … ရေခဲတုံးတောင် အလွတ်မပေးတဲ့ဟာ …"


" ဆောရီးပါ ညီ … အစ်ကို့ညီက သည်လိုပဲ …
ဟေ့ကောင် … သီဟ ပါးစပ်ပိတ် …
အစ်ကိုက သည်Company က ဦးမြတ်သူရရဲ့ သားပါ …
ဒါက အစ်ကို့ညီ အငယ်ကောင်ပါ …
အစ်ကိုက မြတ်မင်းကျော် … အသက်က ၂၃နှစ် … နေတာက တာမွေ …"


အဲ ။ ဘာတွေ ပြောနေပါလိမ့် ။
ဒိတ်တင်တွေ့လျှင် ပြောသော စကားတွေနှင့် မှားပြီး မင်းမြတ် ပြောနေမိသည် ။
ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ရသည် ။
ဟီး ။ ငါ့နှယ်နော် ။


" အစ်ကိုက ဖေဖေ့ကို လာတွေ့တာပါ … ဖေဖေ ဘယ်မှာလဲ မသိဘူး …"


" ဆရာ အပြင်ထွက်သွားပါတယ် အစ်ကို …
ကျွန်တော်က သည်က ၀န်ထမ်းပါ …
အသက်က ၂၁နှစ် … နာမည်က နေမင်းထိုက်ပါ …
နေတာက ပုစွန်တောင်ပါ … ပြီးတော့…."


" အမလေး … မူးလိုက်တာ … မူးလိုက်တာ …
အရေးထဲ ဒိတ်နေကြတယ်များ မှတ်နေလား မသိဘူး …
ကိုကို … အဲ့ဟာကို ဖေဖေလာရင် အလုပ်ထုတ်ခိုင်းလိုက် …
ရုပ်ကိုက ကဖူကဖဲ့ … အားကြီး သောက်မြင်ကတ်တယ် …"


အရေးထဲ သီဟက ဂုဏ်ဆာနေသေးသည် ။
မြတ်မင်း စိတ်ညစ်သွားသည် ။ ဖေဖေ့ကို ဘယ်မှာ လိုက်ရှာရမှန်းမသိ ။


**********************************


အိမ်သာတံခါးကို သီ ဂျက်ထိုးနေတာ တော်တော် ကြာနေပြီ ။ စိတ်တွေ တိုလာသည် ။ ဂျက်က ထိုးမရ ။
အိမ်သာအပြင်တွင် အစောင့်ဦးလေးကြီး တစ်ယောက် ရှိသည် ။ သီဟ အော်ခေါ်လိုက်သည် ။


" ဦးလေး … လာပါဦး … သည်မှာ အိမ်သာ တံခါးက ဂျက်ထိုးလို့ မရဘူး …"


" ရပါတယ် တူလေးရဲ့ …"


" တကယ်မရတာ … ဦးလာထိုးပေး … ဂျက် …"


ဂျက်ဆိုသော အသံကို တိုးတိုးလေးပြောပြီး ဦးလာထိုးပေးဟူသော အသံကို Company အပြင်ဘက်ကအထိ ကြားအောင် အော်ပေးလိုက်သည် ။ သိတယ် မဟုတ်လား ။ သီသီ့ အသံကို ဘယ်ယောက်ျားက ခံနိုင်မှာလဲ ။ ဟိဟိ ။


ဦးလေးကြီးက အိမ်သာနား ရောက်လာပြီး ဂျက်ကို ၀င်ထိုးကြည့်သည် ။ ကြည့်လိုက်တော့ ဘိုးတော်ကြီး ။ ဂွမ်းလိုက်တာ ။


" အထဲဝင်ပြီး ထိုးပေးရမှာလားဟင် …"


အီး … ။ သီဟ စအိုပါ တွန့်သွားသည် ။
အင်အင်း ပါချင်စိတ်တောင် ပျောက်သွားသည် ။ အဖိုးကြီးက အရေးထဲ ဇာတ်လမ်း လာလုပ်နေသေးသည် ။


" အို … ရှုပ်ရှုပ်ယှက်ယှက်ကွယ် …"


သီသီ ခေါင်းကို ချစ်စဖွယ် ခါလိုက်ပြီး အိမ်သာထဲက ထွက်လိုက်သည် ။ ဘေးဘက် အိမ်သာအခန်းထဲကို ပြောင်းတက်လိုက်ရသည် ။


ကိုကိုကတော့ ဟိုဟာမ နေမင်းထိုက်နှင့် စကားပြောနေသည် ထင်သည် ။
နေမင်းထိုက်ဆိုတဲ့ ဟာမကလည်း ကိုကို့ကိုကျတော့ ခွီလို့ ငါ့ကိုကျတော့ လာဝုန်းတယ် … ရုပ်ကိုက … သိသားပဲ … နင်လည်း သည်ပုပ်ထဲက သည်ပြဲပဲဟာ ။


***********************************
 

" မေမေ … ဖေဖေ သည်မှာ မရှိဘူး …"


မြတ်မင်း ဖုန်းဆက်လိုက်တော့ မေမေ စိတ်ပူသွားသည် ထင်သည် ။


" သားရယ် … တွေ့အောင်လိုက်ရှာစမ်းပါ …"


" ဟုတ်ကဲ့ မေမေ … သားလည်း ကြိုးစားနေပါတယ် … သား ကြိုးစားလိုက်ဦးမယ် … ဒါပဲနော် …"


တကယ်တော့ မြတ်မင်း ကြိုးစားနေတာ နေမင်းထိုက်ကို ။ ဟီး ။
အရေးထဲ ဟို သီဟမကလည်း ကြာလိုက်တာ ။ အိမ်သာကြွေကမုတ်ခွက်ထဲများ ပြုတ်ကျသွားပြီလား မသိဘူး ။

ဟာသ အိမ်​က​လေး ...Where stories live. Discover now