Episode 7

1.5K 95 0
                                    

“ ဟာသအိမ်ကလေး ”
...... Episode 7 ......

- - - - - - - - - - - - - - - - - - - - - - - - - - - - - - -



မင်းမြတ် ကုမ္ပဏ်ီတွင် အလုပ်လုပ်နေပြီ ဖြစ်သောကြောင့် ဒေါ်သက်ထားက ဦးမြတ်သူရကို အရင်ကထက်စာလျှင် စိတ်ချသွားရသည် ။
ဟုတ်တယ်လေ ။ သူ့သား ရှိနေတယ်ဆိုတော့ သည်လူကြီး ဘယ် ကမြင်းရဲပါ့မလဲလို့ပေါ့ ။
သို့သော် မှန်းချက်နှင့် နှမ်းထွက်က လွဲလေသည် ။


သူ့သားရှိမှပင် ဦးမြတ်သူရက ရှယ်လီ့ဆီ ပိုသွားတော့သည် ။
လက်မှတ်ထိုးစရာ အရေးကြီး ကိစ်စတွေရှိလျှင် မင်းမြတ်နှင့်သာ လွှဲထားလိုက်သည် ။ မင်းမြတ်ကလည်း အခုမှ စလုပ်ရသည်ဆိုတော့ အပျော်ကြီး ပျော်နေသည် ။
ခိုင်းသမျှ မညည်းမညူ လုပ်ပေးနေမိသည် ။


" ဖေဖေ … သည်မှာ ဟိုဘက် ကုမ္ပဏီနဲ့ စာချုပ်လုပ်ထားတာ … လက်မှတ်ထိုးရမယ် …"


" သားပဲ ထိုးပေးလိုက်လေ သားရယ် …"


"စာရင်းမှူးက စာရင်းတွေ လာတင်ပြရင်ရော ဖေဖေ …
ဖေဖေ လက်မှတ်ထိုးပေးမှာလား …"


"သားပဲ ထိုးပေးလိုက်လေ သားရယ် …"


"ဟို ရှယ်လီဆိုတဲ့ မိန်းမ လာရင်ရောဟင် ဖေဖေ …"

" သားပဲ ထိုးပေးလိုက်လေ … သားရယ် … အဲလေ … ဟုတ်ပါဘူး … အဲ့ဒါ ဖေဖေ ထိုးရမှာ … ဟီးဟီး …"

" ဖေဖေရယ် … သရုပ်ပျက်တွေ သိပ်မလုပ်ပါနဲ့ … ဖေဖေဟာလေ … ကုမ္ပဏီမှာ လူကြီး ဖြစ်ပြီး သရက်ပြုတ်တွေ သိပ်စားတာပဲ …"


"ဘာတုန်းဟ … သရက်ပြုတ်ဆိုတာ …"


"သရုပ်ပျက်တာကို ပြောတာလေ …
ဖေဖေ … အဲ့မိန်းမကို ဖေဖေ မြန်မြန် ဖျက်ရင် ဖျက်နော် … မဖျက်ရင် သား ဖေဖေ့ကို မေမေနဲ့ တိုင်မိလိမ့်မယ်နော် …"


" အေးပါ သားရယ် … ဖေဖေလည်း မြန်မြန်ပြီးအောင် ဆေးသောက် … အဲလေ … ကြိုးစားနေပါတယ် … မကြာခင် ဇာတ်လမ်း ပြီးတော့မှာပါ … သားရယ် …"


ဦးမြတ်သူရ သားဖြစ်သူကို ယုံအောင်လည်း တော်ကီပစ်ရသေးသည် ။
မဟုတ်လို့ သက်ထား သိသွားလျှင်တော့ မလွယ် ။ အိမ်ပေါ်မှ ခေါင်းနှင့်ဆင်းရနိုင်သည် ။
မယားကြီးတောင် မနိုင်ဘဲ မယားငယ် ထားချင်တော့လည်း ခံပေါ့နော် ။


ဦးမြတ်သူရ သက်ပြင်းကိုသာ ချလိုက်မိတော့သည် ။ သြော် … ။ ဒါနဲ့ ညနေ ရှယ်လီနဲ့ ချိန်ထားသေးတာပဲ … ။ သားယုံအောင်တော့ ညနေ အလုပ်ရုံ အစည်းအဝေး ရှိတယ်လို့ ပြောရမှာပဲ ။ ဟုတ်တယ်လေ ။
ရှယ်လီ့ကို အလုပ်ရုံမှာ ချိန်းထားတာ ဆိုတော့ကာ ။


*******************************************


အရေးထဲ ရှာတော့မှ ထိုကောင်လေးက ရှာမတွေ့ ။
သီတို့ သုံးယောက် တော်တော် ရှာလိုက်ရသည် ။
နောက်တော့မှ အကောင်က အရှေ့တန်းနားမှာ သူ့ဟာမနှင့် ထိုင်နေသည် ။
သူ့ဟာမကို သီ အဝေးမှာ ကတည်းက မျက်စောင်းကြီး ထိုးချပစ်လိုက်သည် ။


ပြီးတော့ သီတို့ သုံးယောက် မထိုင်စဖူး အထူးလုပ်ကာ အရှေ့တန်း ၀င်ထိုင်ပစ်လိုက်သည် ။
အမြဲတမ်း အနောက်တန်းမှာ ထိုင်နေပြီး အခုမှ အရှေ့တက်ထိုင်တော့ လူတွေကပင်အံ့သြကုန်သည် ။
သူတို့ သုံးယောက်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည် ။


" ကိုရယ် … ညကလေ… သိလား … မီးလေ … ရုပ်ရှင်ကြည့်တာ … အရမ်းရယ်ရတာပဲ … အခြောက်မကြီးက မင်းသားကို အတင်းလိုက်ကပ်တာ … သိလား …"


ထိုကောင်လေး ဘေးနားက စပေါ်က အမှန်တော့ သူ့ဘာသာ ရုပ်ရှင်အကြောင်း ပြောလိုက်ခြင်း ဖြစ်သည် ။ သို့သော် သီ့စိတ်ထဲတွင်တော့ သူ့ကို ၀ုန်းသည်ဟု ထင်သွားသည် ။ ဒေါသလည်း ထွက်သွားပြီး ခုနက ဆွဲလိမ်ထားသော ပါးနီကလည်း ပိုပြီး နီရဲသွားသည်ဟု ထင်လိုက်ရသည် ။


စိတ်တိုတိုနှင့် သီ ထိုခုံမှ ထလိုက်သည် ။
ပြီးတော့ မိသန့်နှင့် မိမြတ်တို့ကိုလည်း အနောက်တန်း ပြန်ထိုင်ကြဖို့ ပြောလိုက်သည် ။
စိတ်ထဲတွင်တော့ မယ်မဒီနှင့် မာကျူရီ ရုပ်ရှင်ထဲကလို
မယ်မဒီ … နင့်ကိုငါ မုန်းဒယ်ဒယ်ဒယ်ဒယ်ဒယ်ဒယ်ဒယ် …. ဟု ပဲ့တင်ထပ်ကာ အော်နေမိတော့သည် ။
ကမရယ် … ရေခပ်မကြုံ ထင်းခွေ ကြုံမှာပေါ့ဟု စိတ်ထဲက တေးမှတ်ထားလိုက်တော့သည် ။


*****************************************


" ကိုကိုမြတ်ရယ် … တကယ်တော့ စည်သူ့ဘ၀က အချစ်အတွက် ကံမကောင်းခဲ့သူပါကွယ် …
သူ့တစ်ယောက်ထဲကို မိုးမမြင် လေမမြင် ချစ်ခဲ့ပေမယ့်
ကျွန်တော် ပြန်ရလိုက်တာကတော့
အမုန်းနဲ့ အရှုံးတွေပါပဲ … ချစ်ရတဲ့ လူရဲ့ ရက်ရက်စက်စက် စွန့်ပစ်ခြင်းကို ခံခဲ့ရတာပါ …
အမှန်တော့ ကျွန်တော်က အွန်ဂျယ်ပါ ကိုကိုရယ် …"


ထမင်းဝိုင်းတွင် စည်သူက မင်းမြတ်ကို သူ့ဘ၀အကြောင်းတွေ ရင်ဖွင့်နေခြင်း ဖြစ်သည် ။
နေမင်းထိုက်ကတော့ စည်သူမကို ခဏခဏ မျက်စောင်း ထိုးနေမိသည် ။
ကမက အရေးထဲ လာပြီး ငိုချင်း ကပြနေသေးသည် ။


" အမလေးနော် … သူ့ကို ရေနှစ်သတ်မယ့်​လူကလည်း ပေါ်ကို မပေါ်နိုင်သေးဘူး …"


နေမင်းထိုက်က သူ့ဘာသာသူ ပြောသလိုနှင့် တုပ်ထည့်ပေးလိုက်သည် ။
သည်ရက်ပိုင်း နေမင်းထိုက် ကိုမင်းမြတ်ကို စကားမပြော ။ စိတ်ကောက်နေလိုက်သည် ။
ကိုမင်းမြတ်ကတော့ လိုက်ချော့ရှာသည် ။
၂ ရက်လောက် နေရင်တော့ စိတ်ကောက် ပြေလိုက်ပါမယ်ဟု တွေးထားလိုက်သည် ။


ထိုအချိန်တွင် ကုမ္ပဏီ ရုံးခန်းထဲတွင် ဖွင့်ထားသော ၀ိုင်းစုခိုင်သိန်း၏ သီချင်းလေးက ပျံ့လွင့်နေလေသည် ။


🎼 အကြောင်းတစ်ခု … ကြုံကြိုက်တဲ့ အခါ … သတိရမိသူပါ … ဟိုးတုန်းက စိတ်နဲ့ဆို … ငိုလိုက်မိမှာပါ … နှလုံးသားက မင်းအတွက် နေရာ … သီးသန့်ရှိနေတာ … 🎶🎵


" ကိုကိုမြတ်ရယ် … အဲ့သီချင်းလေးကလေ …
တစ်ချိန်က သူ ကျွန်တော့်ကို ဆိုပြခဲ့တာပေါ့ … သိလား …"

ဟာသ အိမ်​က​လေး ...Where stories live. Discover now