Episode 12

1.2K 82 0
                                    

“ ဟာသအိမ်ကလေး ”
...... Episode 12 ......

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -



ရေကူးကန်သို့ သီတို့ အုပ်စု ရောက်သွားတော့ တော်တော်လေး သာသာယာယာ ရှိလှသည် ။
အားလုံးက ဘောင်းဘီတိုလေးတွေနှင့် မိုက်နေကြသည် ။ သီကတော့ သူများတွေလို မငမ်းနိုင် ။ ပြည့်ဦးမေးလျှင် ဘယ်လို ပြောရမည်ကိုသာ တွေးရင်း စိတ်ညစ်နေမိသည် ။


" သီ … နင့်ကြည့်ရတာ မအာလိုက်တာဟယ် … ငါတို့နဲ့ လာခွီစမ်းပါဟဲ့ …"


" ငါ တွေးနေတာပါဟယ် … ပြည့်ဦးကို ဘယ်လို ပြောရမလဲဆိုတာ …"


" ဟဲ့ … အဲ့လောက်ကြီး တွေးမနေပါနဲ့ဟာ … အချိန်တန်တော့လည်း ပြည့်ဦး နားလည်အောင် ငါတို့ရှင်းပြရမှာပဲပေါ့ …
နင် အရင်ကလို မလုပ်တော့ဘူးလား … အဆင်လေးတွေနားရောက်ရင် ရေနစ်ချင်ယောင် ဆောင်တဲ့ အကယ်ဒမီ ပြကွက်တွေလေ …"


" မလုပ်နိုင်ပါဘူးဟယ် … နင်တို့ပဲ လုပ်ကြပါ …"


သီနှင့် မိမြတ်တို့ စကားပြောနေကြချိန်တွင် ဘေးက မိသန့်က ရောက်လာသည် ။ ပြီးတော့ မိမြတ်ကို တိုးတိုးလေး ကပ်ပြောသည် ။


ဟဲ့ … ဟိုနားမှာ ကူးနေတဲ့ တစ်ယောက် ကိတ်တယ်ဟဲ့ … ငါ ရေငုပ်သလိုလိုနဲ့ ခေါင်းနဲ့ ၀င်တိုက်ပစ်ခဲ့တယ် … ခိခိခိ … သာယာထှာအေ …


မိမြတ်က မိသန့်စကားကို ကြားတော့ နှာခေါင်းကို ရှုံ့လိုက်သည် ။ ပြီးတော့ သူပဲ လင်စိတ် သားစိတ် ကုန်ခမ်းနေသော စတိုင်ဖြင့် ပြောလိုက်သည် ။


" ဟဲ့ … ငါတို့ကတော့ နင့်လို မထော်မနန်းတွေ မလုပ်နိုင်ပါဘူးအေ … ငါတို့က ဗာဂျင် စစ်စစ်လေ …"


" အမလေးဟယ် … အံ့အောတယ် … ဘယ်လို ဗာတာလဲ … ဗီ အီး အာ V E R ဗာတာလား …"


" အမလေး … ငါတို့က တော့ပ်စစ်စစ်ဟဲ့ …"


" ဟဲ့ … နင့်ကိုယ်နင် တော့ပ်လို့ ပြောချင်ရင် အိမ်ရောက်ရင် မှန်ကြည့်လိုက်ဦး … သိလား …"


" ဟဲ့ … ငါက မှန်ကြည့်ပြီး ဘာလုပ်ရမှာလဲ …"


" ငါက မှန်ကို ထောင်ကြည့်ခိုင်းတာ မဟုတ်ဘူးဟဲ့ …
မှန်ကို ကြမ်းပြင်ပေါ်ကိုချ …
ပြီးရင် နင်က မှန်အပေါ်ကနေ ခွပြီး ရပ်လိုက် …
ပြီးရင် အောက်ငုံ့ကြည့်လိုက်  …
အသူရကယ်လောက် နက်တဲ့ ချောက်ကြီး တစ်ခု တွေ့လိမ့်မယ် … သိလား …
အဲ့ဒါကို ကြည့်ပြီးမှ တော့ပ်လို့ လာပြော …"


" အမလေး … သက်သက်ကြီးနော် … ငါကတော့ မသိဘူး … နင်က မှန်ကြည့်နေကြဆိုတော့လည်း ငါ့ကို နည်းလမ်းပေးပေါ့ …"


ပြောရင်းနှင့် ကောင်မနှစ်ကောင် ရေကူးကန်မှာ ရန်ထဖြစ်နေကြသောကြောင့် သီ ၀င်တားပေးလိုက်ရသေးသည် ။ စိတ်ညစ်ထှာနော် ။
ကိုယ့်ဘာသာ ပြည့်ဦးကို ဘယ်လို ပြောရမလဲ မသိလို့ စိတ်ညစ်နေတာကို ကောင်မ နှစ်ကောင်ကို ထိန်းရတာ ပိုပြီး ခက်ခဲနေသလားပဲ … ။


ဘေးနားက ရေကူးနေသော ကောင်လေးတစ်ယောက် ရေကူးရင်း ကြွက်တက်သွားသောကြောင့် ရေနစ်မလို ဖြစ်သွားသည်ကို သီ ကူညီလိုက်ရသေးသည် ။
ကောင်လေးက ချောချောလေး ဖြစ်သည် ။
သီ့ကို မျက်ဝန်းနက်နက်တွေနဲ့ စိုက်ကြည့်ပြီး ကျေးဇူးတင်စကားလည်း ပြောနေသေးသည် ။
သီ့ခမျာ ကိုယ့်ကိုယ်ကို မေခလာ နတ်သမီး လိုလို ၊ ဘာလိုလိုနဲ့ စဉ်စားရင်း ကြက်သီးထကာ စိတ်ညစ်နေသည့်ကြားက သာယာဖြစ်အောင် သာယာပစ်လိုက်မိသေးသည် ။


*******************************************


ဦးမြတ်သူရ ဒေါသက သည်တစ်ခါတော့ ကြောက်စရာ ကောင်းလှသည် ။ နေမင်းထိုက်ကို မျက်စိကြီး ပြူးပြူးကြီးနှင့် ကြည့်နေသည်ကပင် နေမင်းထိုက် သေလို့ရလောက်သည် ။
ဘုရားတရားမလို့ သည်လူကြီး စိတ်ကောင်း ၀င်နေပါစေ … ။


" မင်း ငါ့သား အနားက ခွါဖို့ဆိုရင် ငါ မင်းကို ဘယ်လောက် ပေးရမလဲ …"


ဒိုင်ယာလော့ခ်ကြီးကလည်း ရိုးလိုက်တာဟု နေမင်းထိုက် တွေးလိုက်မိသည် ။
ဒါပေမယ့် သူကလည်း ရုပ်ရှင်တွေ တော်တော် ကြည့်ခဲ့တာဆိုတော့ ရုပ်ရှင်တွေထဲကလိုပဲ နေမင်းထိုက် ပြန်ပြောပစ်လိုက်သည် ။


" ဦးလေးရယ် … တကယ်တော့ အချစ်ဆိုတာ ငွေနဲ့ တန်ဖိုးဖြတ်လို့မရပါဘူး …"


" အေး … အဲ့ဒါဆိုလည်း ပြီးတာပဲ … ငါလည်း အကုန်အကျ သက်သာတာပေါ့ …"


" ဗျာ … "


" အေး … ပြီးတော့ မနက်ဖြန်ကစပြီး မင်း အလုပ်လာစရာ မလိုတော့ဘူး …"


" ၀မ်းသာလိုက်တာ ဦး … အဲလေ … အစ်ကိုကြီးရယ် …
ဒါဆို ကျွန်တော် အိမ်မှာနေရင်းနဲ့ပဲ ရုံးတက်ရမယ်ပေါ့နော် …
အလုပ်တွေကို ရုံးမှာ လာလုပ်စရာ မလိုတော့ဘူးပေါ့ … အစ်ကိုကြီးရယ် … သဘောကောင်းလိုက်ထှာ …"


" ဟေ့ကောင် … နောက်မနေနဲ့ကွ … ငါ မင်းကို အလုပ်ထုတ်လိုက်တာ … အလုပ်ထုတ်လိုက်တာ …"


" ဘယ်လို … အာ … မလုပ်ပါနဲ့အစ်ကိုကြီးရယ် … ကျွန်တော့်မှာ မကျန်းမာတဲ့ အမေအိုကြီးကို လုပ်ကျွေးနေရတာပါ …"


နေမင်းထိုက် ချက်ချင်း ရုပ်ရှင်ထဲကလို ၀ါဝါ၀င်းရွှေ စတိုင် ဖမ်းပစ်လိုက်သည် ။
အခြောက်တို့လက်နက်က မျက်ရည်ဆိုတာ သိတယ် မဟုတ်လား ။ ပြောနေရင်းမှ အိမ်မှာ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပြီး ရှောပင်းမော တကာ ပတ်နေသော မေမေ့ကို စိတ်ထဲမှ တောင်းပန်လိုက်ရသည် ။


" အဖေကလည်း အသက်ကြီးလို့ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့လို့ပါ အစ်ကိုကြီးရယ် … ကျွန်တော်တို့ မိသားစုက ချို့တဲ့ပါတယ် … "


နေမင်းထိုက် မျက်ရည်လေး တစမ်းစမ်းလုပ်လိုက် … နှပ်ကလေး ညှစ်လိုက်နှင့် ပြောနေမိသည် ။
ပွဲရုံတွင် အလုပ်တွေ တစ်နေ့တစ်နေ့ မနားအောင် လုပ်နေရသော ဖေဖေ့ကိုလည်း စိတ်ထဲကပဲ တောင်းပန်မိလိုက်သည် ။


တကယ်တော့ နေမင်းထိုက်က သည်အလုပ်ကို တက္ကသိုလ်​ ပြီးပြီးချင်း ပျင်းနေသောကြောင့် ၀င်လုပ်ခြင်း ဖြစ်သည် ။
ဖေဖေ့ပွဲရုံအလုပ်ကို ဦးစီးခိုင်းသည်ကို စိတ်မပါသောကြောင့်လည်း ပါသည် ။
အစကတော့ ခဏပဲ လုပ်မည်ဟု တွေးထားမိပြီး အခုတော့ ကိုမင်းမြတ် ရှိနေသောကြောင့် အလုပ်တွင် ပျော်ကာ ဘယ်လိုပဲ ထွက်ခိုင်း ထွက်ခိုင်း မထွက်နိုင်ခြင်း ဖြစ်သည် ။


" သားကို စာနာပါဦး … အာကိုကြီး … အဲ … အစ်ကိုကြီးရယ် … "


ဦးမြတ်သူရ နေမင်းထိုက်ကို ကြည့်ပြီး သူပါ လိုက်ငိုချင်လာသည် ။ သြော် … ။
သည်လိုဆိုတော့လည်း ဦးမြတ်သူရ နေမင်းထိုက်ကို အလုပ်မထုတ်ရက် ။
မတတ်နိုင်ဘူးလေ ။ သည်အလုပ်နဲ့ စားနေရတဲ့ မိသားစုတွေ ရှိတယ် မဟုတ်လား … ။


" အေးပါကွာ … မထုတ်တော့ပါဘူး … မင်းသာ အစ်ကိုကြီး သားနဲ့ မပတ်သက်ဘူးဆိုရင်
မင်းကို လခ နှစ်ဆ ပေးပါ့မယ် …"


" ဟုတ်ကဲ့ပါ … အစ်ကိုကြီးက ကျွန်တော့် ကျေးဇူးရှင်ပဲ … အစ်ကိုကြီး စိတ်တိုင်းကျ ဖြစ်ရပါစေမယ် …"


" အေးပါကွာ … ဟုတ်ပါပြီ … မင်း ပြန်လို့ရပါပြီ …"


" ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ် … ဖေဖေ …"
 

" ဟေ … ဟေ့ကောင် … မင်းငါ့ကို ဘယ်လို ခေါ်လိုက်တယ် … "


ဦးမြတ်သူရ နဖူးကြီး နီလာပြီး ဒေါသထွက်လာသည်ကို မြင်သောကြောင့် နေမင်းထိုက် အခန်းထဲက တစ်ချိုးတည်း ပြေးတော့သည် ။
သည်အဖိုးကြီးက ဒေါသထွက်ရင် သူများတွေလို နှာခေါင်းတွေ ၊ ပါးတွေ နီလာတာ မဟုတ် … ။
နဖူးကြီး နီလာတာ ဖြစ်သည် ။
ထို့ကြောင့် ဦးမြတ်သူရ နဖူး နီလာပြီဆိုလျှင် ဝေးဝေးရှောင်ကြဟု ရုံးက ၀န်ထန်းတွေက အချင်းချင်း လက်တို့သတိပေးကြခြင်း ဖြစ်သည် ။


                          ***********

ဆက်​ရန်​ရှိ​သေးသည်​။
Written by Dr.Min Khant (မင်းခန့်​နိုင်​)

#BurmaLGBT

ဟာသ အိမ်​က​လေး ...حيث تعيش القصص. اكتشف الآن