Episode 1

5K 216 15
                                    

“ ဟာသအိမ်ကလေး ”
...... Episode 1 ......

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -



ထိုနေ့က မင်းမြတ်ရဲ့ဖေဖေ Company က ၀န်ထမ်းအသစ်သာ​ပြောင်းမလာခဲ့လျှင် ထို ပြသနာများ ဖြစ်လာမည် မဟုတ် ။ ပြသနာ အစကား ထိုကဲ့သို့တည်း ။

**********************************


" ဟယ်လို … ဦးမြတ်သူရ ရှိပါသလား … "


" ဆရာအပြင်သွားပါတယ်ခင်ဗျ … ဘယ်သူလဲမသိဘူး … "


" ငါ သူ့မိန်းမပါ … "


" သြော် … ဆရာကတော်လား … ဘယ်လိုဖြစ်တာလဲ … လမ်းမှာ လူကွဲသွားကြတာလား … အခုဘဲ တူတူ ထွက်သွားကြတာ မဟုတ်လား … "


ဂွပ် … ။
တစ်ဖက်က ဖုန်းကို ခွပ်ကနဲ ချသွားသည် ။
နေမင်းထိုက် ခေါင်းကုတ်မိသည် ။ ဟုတ်တယ်လေ ။
အခုဘဲ ဆရာက ကောင်မလေးငယ်ငယ်လေး တစ်ယောက်နဲ့တူတူထွက်… ထွက် … ။ အဲ ။ သွားပြီ ။
နေမင်း သိလိုက်ပြီ ။
ဆရာကတော်ကြီးနှင့် ဆရာကတော်လေးတို့ကို နေမင်း မှားပြောမိလိုက်ပြီ ထင်သည် ။

သေလိုက်တော့ ။
သည် Company အကြောင်း မသိဘဲ ထင်ရာ ရမ်းပြောလိုက်တာ ။
သွားပြီ ။


**********************************


" သားရေ … မင်းမြတ် …"


" ဗျာ … မေမေ … "


" မင်းအဖေ နောက်မီးလင်းနေတယ် ..."


" နောက်မီးလင်းရအောင် ဖေဖေက ကားမှ မဟုတ်တာ မေမေရဲ့ … "


" ငါပြောတာ နင့်အဖေ မယားငယ် ထားနေတယ်ပြောတာ … "


"  အယ် … တကယ်လား …"


" ဟုတ်တယ် … အခုချက်ချင်း သူ့ Company ကို လိုက်သွား … ချောင်းလာခဲ့ … "


" ဟာ … မေမေကလည်း … သွားရင် ကားငှားသွားဖို့ ကားခက ကုန်ဦးမယ် … ပြီးတော့ ဟိုရောက်လို့ရှိရင် ဖေဖေ့အကြောင်းကို စုံစမ်းဖို့ ရုပ်ဖျက်သွားရမှာဆိုတော့ အ၀တ်အစားလည်း ၀ယ်ရဦးမယ် …
Rapper ဦးထုပ်လေးပါ ဆောင်းသွားမှ ဖေဖေ မသိမှာပေါ့ … ပြီးတော့ ဆိုင်တွေ လိုက်ချောင်းမယ်ဆိုရင် တစ်ခုခု မှာစားဖို့က…… "


" ကဲ … တော်ပြီ … ထပ်မပြောနဲ့တော့ …
ငါ ပိုက်ဆံပေးလိုက်မယ် … ကိုယ်တော် … ချောင်းမှာဖြင့် မြန်မြန်ချောင်း …"


" ဟီး … ဟုတ်ကဲ့ … "


*********************************


" အိုပါး … သီလည်း လိုက်ခဲ့မယ် …"


ဘေးနားကို ကပ်ကာ တိုးတိုးလေး ပြောလာသော မြတ်သီဟကို ကြည့်ပြီး မင်းမြတ် စိတ်ညစ်သွားသည် ။
သူနှင့်တော့ လမ်း တွဲမသွားရဲ ။
မိဘက ကျားကျားယားယားဖြစ်စေချင်သောကြောင့် မြတ်သီဟလို့ နာမည်ပေးထားကာမှ
သူ့ကိုယ်သူ သီကလေ … သီကလေ နဲ့ ။
အဟုတ်ကြည့်မရဘူး ။


ခြောက်ချင်ရင်လည်း မင်းမြတ်လို လူမသိ သူမသိ ခြောက်ပါလားလို့ ။ နော် … ။ နော်လို့ ။ ဟီး ။


" ဟေ့ကောင် … မလိုက်ခဲ့နဲ့ … မင်းနဲ့ တွဲမသွားရဲဘူး …"


" အင်းပေါ့လေ … သီ့အလှတွေကို မနာလိုဖြစ်နေတာ သိသားပဲ …"


" အံမာ ! … လာလာ ချည်သေး …
အခုက အဖေ့ Company ကိုသွားမှာ …
ဟိုမှာ နင် ရှာချင်တဲ့ သူငယ်တွေ မရှိဘူး …"


" ဟီး … သူငယ် မရှိလည်း သူအိုပေါ့ …
အဆိုတော်​ နာမည်တောင် ရှိသေးတယ် မဟုတ်လား …
သအို ဆိုတာလေ … ဟီး …"


" နှာဘူးမ … "


ပြောမရ ဆိုမရမို့ မင်းမြတ် စိတ်လျှော့လိုက်ရသည် ။
ငါ့နှယ် ။ ညီလေး တစ်ယောက် ရပါတယ် ထင်ထားခဲ့တာ ။ အခုတော့ ညီမလေး ဖြစ်နေပြီ ။
ကိုယ်ကလည်း တော့ပ်ဆိုတော့ ကိုယ့်ညီကိုလည်း တော့ပ်ဖြစ်စေချင်တာပေါ့နော် ။
အယ် ။ ငါ ဘာတွေ ပြောနေပါလိမ့် ။ ဟိဟိ ။


***********************************


မြတ်သီဟ ပျော်သွားမိသည် ။
အခုမှ အပြင်ထွက်ရတော့မှာ ။
မဟုတ်ရင် မေမေက ပေးမထွက် ။ ကိုကိုပါမှ ပေးထွက်သည် ။ သီဟက လျှမ်းလို့တဲ့ ။
မေမေ့နှယ် ။ ကိုယ့်ဖင်ကို ကိုယ်ယုံလို့ လျှမ်းတာကို
စိတ်ပူရန်ကော ။
သီဟက ပါကင်လေ ။ သိတယ် မဟုတ်လား ။ မသိလည်း နေပေါ့ ။ 😌


သည်နာမည်ကြီးကိုလည်း သီဟ မကြိုက်ပါဘူး ။
မြတ်သီဟတဲ့ ။
မသကာ ဂျူလီယာ သီဟ တို့ ၊ လူစီရာ သီဟ တို့ဆို တော်သေး ။
အခုတော့ မြတ်သီဟ ထဲက အလယ်အလုံးကိုပဲ ယူပြီး သီသီ ဆိုပြီး နာမည် ပြောင်းလိုက်ရတာပေါ့ ။
သိတယ် မဟုတ်လား ။
သီတို့က အလယ် အလုံးပဲ ကြိုက်တာလေ ။
အယ် ။ ငါ ဘာတွေ ပြောနေပါလိမ့် ။ ရှက်လိုက်တာ ။


ရှက်သွားသောကြောင့် မြတ်သီဟ မျက်နှာသည် ပန်းရောင်ပြေးယုံမကဘဲ အနီရောင်ပါ ပြောင်းသွားသည် ။
အဘယ်ကြောင့်ဆိုသော် နဂိုကတည်းက ပါးနီ ဆိုးထားသောကြောင့် ပန်းရောင်ထနေသော မျက်နှာသည် ရှက်သွားသောအခါ ထသော ပန်းရောင်နှင့် ပေါင်းပြီး နီသွားသောကြောင့် ဖြစ်လေသည် ။


***********************************


" ကိုကို … မီးကို ချစ်လားဟင် …"


" ချစ်တာပေါ့ … မီးရယ် …"


ဦးမြတ်သူရ ပန်းခြံထဲတွင် ရှယ်လီဆိုသော ကောင်မလေးနှင့် စကားထိုင်ပြောနေခြင်း ဖြစ်သည် ။
ရှယ်လီက လူသာငယ်သည် ။
အပြုအစု အယုအယက ရှယ် ။ ဒါကြောင့်လည်း ဦးသူရလို အဖိုးကြီး ကြွေနေရခြင်း ဖြစ်သည် ။


🎶 မီးဘေးရှောင် … မလောင်ခင်တားထား ကြပါ …

သူခိုး ဓါးပြထက် ဆိုတဲ့ ရန်သူဟာ မီးပါ …🎶


ဘေးနာက ဖြတ်သွားသော မီးဘေး သတိပေးကားကိုပင် မမြင်နိုင်ကြအောင် မွှန်ထူနေကြလေသည် ။


" ဦးက မီးရဲ့ ပထမဆုံး ချစ်သူ ဟုတ်ပါတယ်နော် မီး …"


" သေချာတာပေါ့ … ဦးကလည်း …
ဘာတွေ မေးနေမှန်း မသိဘူး …
ဦးတို့ ယောက်ျားတွေဟာလေ … အမြဲတမ်း သည်မေးခွန်းကို မေးကြတာပဲ …
မမေးတဲ့လူ တစ်ယောက်မှကို မရှိဘူး … အဟုတ် …"


မီး အသံကလေး ညုတုတုကြောင့် ဦးခမျာ
ဦး … မီး … ဦး … မီး နှင့် အီးမူးသလို အူလည်လည်ကြီး ဖြစ်သွားရပါတော့သည် ။


                        ***********

ဆက်​ရန်​ရှိ​သေးသည်​။
Written by Dr.Min Khant (မင်းခန့်​နိုင်​)

#BurmaLGBT

ဟာသ အိမ်​က​လေး ...Where stories live. Discover now