Episode 8

1.5K 105 1
                                    

" ဟာသအိမ်ကလေး "
...... Episode 8 ......

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -



သီ မမြင်ချင်ယောင် ဆောင်ထားကာမှ ထိုကောင်လေးက သီ့ကို တွေ့ကာ တည့်တည့်ကြီး လာခေါ်တော့သည် ။
ဘေးနားတွင် သူ့ကောင်မလေးတော့ မပါ ။
သီတစ်ယောက်တည်း အိမ်သာသွားချိန်တွင် သူက အနောက်မှ ပါလာပြီး သီ့ကို လာခေါ်ခြင်းဖြစ်သည် ။


" ဟာ ... မင်းက ဟိုနေ့က ဘောလုံးပွဲမှာ တွေ့တဲ့ တစ်ယောက် မဟုတ်လား ..."


" အော် ... အင်း ... မင်းက မင်း ကောင်မလေးနဲ့လာကြည့်တဲ့ တစ်ယောက်လေ ... ဟုတ်တယ် မဟုတ်လား ..."


" အေး ... ဟုတ်တယ် ... သည်နေ့တောင် ဖိုင်နယ်ပွဲရှိတယ် ... မင်း သွားကြည့်ဦးမှာလား ..."


" ဟင့်အင်း ... ငါမှ ဘောလုံးပွဲမကြိုက်တာ ..."


" ဟင် ... ဒါဆို ဘာလို့ လာကြည့်တာလဲ အဲ့နေ့က ..."


သူငယ်ထောင်ချင်လို့ဟေ့ ဟု အော်ကာ ပြောလိုက်ချင်သော်လည်း စိတ်ကို ထိန်းကာ
ကိုယ့်ကိုယ်ကို ယောက်ျား ယောက်ျား ယောက်ျားဟု အထပ်ထပ် ဇွတ်တင်းကာ သတိပေးနေရသည် ။
ဒါတောင် တစ်ချက်တစ်ချက် ယောက်ျားဟု ပြောရင်း ... ယူမယ် ဟု ဆက်ပြောမိလိုက်သေးသည် ။
ဒါပေမယ့် သိတယ် မဟုတ်လား ။ သီပဲလေ ။


" သြော် ... ငါ မကြိုက်ဘူးဆိုတာ မြန်မာပွဲတွေကို မကြိုက်တာပါ ... ငါက အာကြီးတို့ မန်ယူတို့ ပွဲတွေပဲ ကြည့်တာလေ ... အဲ့နေ့က ပျင်းလို့ မြန်မာပွဲကို လာကြည့်တာ ... ဟဲဟဲ ..."


" သားကြီး ... ဒါနဲ့ မင်း ဘိလိယက်ကော ထိုးလား ..."


သီ သက်သက်ကြီးပါ ဟယ် ဟုပင် အော်ပစ်လိုက်ချင်သည် ။
သီ့ကိုများ သားကြီးတဲ့ ။
အေးပေါ့လေ ။ သီကိုယ်တိုင်ကလည်း အိမ်က အတင်းညှပ်ခိုင်းလို့ ယောက်ျားကေကြီး ညှပ်ထားရတာ ဆိုတော့ကာ ။
ကျွန်မမှာ စစ်သားကေနဲ့ အခြောက်လုပ်နေရတဲ့ ဘ၀ပါဟုပင် သီ ညည်းပစ်လိုက်ချင်သည် ။


" ညနေ ... ငါတို့ ဘိလိယက် သွားထိုးမလို့ ... မင်းလိုက်ခဲ့ပါလား ..."


အင်း ။ ဘိလိယက်ခုံကို သီ တစ်ယောက်ထဲတော့ မသွားရဲ ။ ဟိုကောင်မတွေကိုပါ အဖေါ်ခေါ်မှ ဖြစ်မည် ။


" ငါ ဟိုကောင်ကြီးတွေနဲ့ တိုင်ပင်လိုက်ပါဦးမယ်ကွာ ... အဆင်ပြေရင် လိုက်ခဲ့မယ်လေ ..."


" အေး ... လိုက်ဖြစ်အောင် လိုက်ခဲ့စမ်းပါကွာ ... ငါ့လက်ရည် ဘယ်လောက်ရှိလဲဆိုတာ မင်းကို ပြချင်လို့ပါ ..."


ပြောလည်းပြော ဘောင်းဘီကို ဇစ်ချွတ်ပြီး ရှူရှူးပေါက်နေလေသည် ။ သီတော့ မကြည့်ရဲပါဘူး ။ မျက်နှာကို လက်ဝါးနဲ့ အုပ်ထားလိုက်တယ် ။
ပြီးမှ လက်ချောင်းလေးတွေ ကြားက ချောင်းကြည့်လိုက်တာပေါ့ ။ ခိခိ ။
သာယာလိုက်တာ ဆိုတာ ။ 😊


*****************************************


" ညီ ... သည်မှာ ညီ့အတွက် အစ်ကို မုန့်ဝယ်လာတယ် ..."


အမှန်တော့ မင်းမြတ် ပေါင်မုန့်ထဲတွင် လက်စွပ်ထည့်ထားပြီး ရိုမန်တစ် ဆန်ဆန်လေး ပေးလိုက်ခြင်း ဖြစ်သည် ။
ခုနက အော်ငိုထားသော အရှိန်နှင့် ဗိုက်ဆာနေသော နေမင်းထိုက်ကတော့ ပေါင်မုန့်ကို အလောတကြီး တစ်လုံးလုံး ကုန်အောင် စားပစ်လိုက်သည် ။
မင်းမြတ် ပြောသော စကားပင် မဆုံးလိုက် ။


" အဲ့ထဲမှာ ဘာပါလဲဆိုတာ ညီ သိချင်ရင် ပေါင်မုန့်ကို နှစ်ခြမ်းခွဲကြည့်လိုက် ..."


" ခွဲကြည့်စရာ မလိုတော့ဘူးလေ ... ပဲယိုပါတာ ... သိသားပဲ ... စားလို့တောင် ကုန်ပြီ ဟာကို ..."


" ဟင် ... ဘယ်လို ... ကုန်ပြီ ... ဟုတ်လား ... သေပြီဆရာ ..."


" ဘာ ... ဘာဖြစ်လို့လဲ ... ဟင် ..."


" အဲ့ထဲမှာ အစ်ကို လက်စွပ်ထည့်ထားတယ် ... ညီ့ကို သည်နေ့ ချစ်ခွင့်ပန်မလို့ ..."


" ဘယ်လို ...!!!!!! "


နေမင်းထိုက်အော်သံက အကျယ်ကြီး ထွက်လာသည် ။
မင်းမြတ်လည်း ခြေမကိုင်မိ လက်မကိုင်မိ ဘာလုပ်ရမှန်းမသိ ဖြစ်သွားမိသည် ။


" လာ ... ညီ ... ခုနက ဆေးခန်းကို ပြန်ပြေးကြမယ် ..."


ဆရာဝန်က မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်နေပြီဖြစ်သည် ။
ခုနက လာသော နှစ်ကောင် ။
အခုလည်း ထပ်လာကြပြန်ပြီ ။
သည်တစ်ခါတော့ သူတို့ အော်သံကြောင့် ဆေးခန်းတစ်ခုလုံး ပြိုတော့မည်လား မသိ ။
ဆရာဝန် လုပ်သူက အတင်းပြန်နှင်ထုတ်သည် ။


" ကျွန်တော် ဆေးခန်းပိတ်ပြီ ... ဆေးခန်းပိတ်ပြီဗျ ..."


" ဟင့်အင်း ... မရဘူး ဆရာ ... အခုဟာက အရေးပေါ်အခြေအနေပါ ... အရေးပေါ် ... ဆရာ ..."


" ဟင် ... ဘာဖြစ်လာပြန်လို့လဲဟင် ..."


" ဆရာ ... သူ လက်စွပ်မျိုချလိုက်တယ်ဆရာ ... အဲ့ဒါ ဘယ်လိုလုပ်ရမလဲဆရာ ..."


အရေးထဲတွင် နေမင်းထိုက်က အော်ကြီးဟစ်ကျယ် အော်လိုက်သေးသည် ။


" အမလေး ... ဆရာဝန်က အနော့်ဗိုက်ကို ခွဲပြီး လက်စွပ် ထုတ်ယူတော့မယ်ထင်တယ် ... သေပါပြီဗျာ ..."


" ဟာ ... နေပါဦးဗျာ ... ကျွန်တော် ဘာမှ မလုပ်ရသေးပါဘူး ... မသိရင် ကျွန်တော်ကပဲ လက်စွပ်ကို ဓါးမြ တိုက်နေသလိုနဲ့ ..."


" ဆရာ ... တကယ်လို့ မရရင် သူ့ဖင်ထဲကို ညှပ်ရှည်ရှည်ထည့်ပြီး ဆွဲထုတ်ပစ်လိုက်ရင်ကောဟင် ..."


ကိုမင်းမြတ် ပြောသော စကားကြောင့် နေမင်းထိုက် စအိုပင် တွန့်သွားရသည် ။ ဘုရားဘုရား ။
ဖင်ထဲထည့်မည့် ညှပ်က မတော်လို့ အကြီးကြီး ဖြစ်နေမှဖြင့် ။ ကြက်သီးပင် ထမိသွားရသည် ။


" ကဲ ... နေစမ်းပါဦး ... ခင်ဗျားတို့ ပြောတဲ့အတိုင်း ကုရမှာလား ... ကျွန်တော့်ဘာသာ ကုရမှာလားဟင် ..."


" ဟဲဟဲ ... ဆရာကလည်း ... စိတ်ကြီးပဲ ... အဲ့ဒါကြောင့် ဆရာတို့တွေ ဂျာနယ်ထဲ ခဏခဏ ရောက်တာ ... ဟိဟိ ..."


" ဟေ့လူတွေ ... အဲ့အကြောင်းတွေ မပါကြေးနော် ... ဂျာနယ်က ဟာတွေ ရူးနေလို့ လျှောက်ရေးနေကြတာ ... ရော့ရော့ ... သည်မှာ ဆေးပေးလိုက်မယ် ... အဲ့ဒါသာသောက် ... ကျသွားလိမ့်မယ် ..."


" ဘာဆေးလဲဟင် ... ဆရာ ... ကျွန်တော်က ပင်နီဆလင်နဲ့ မတည့်ဘူးဆရာ ..."


" မတည့်စရာ ဘာအကြောင်းမှ မရှိဘူး ... အဲ့ဒါ ၀မ်းနှုတ်ဆေး ... သူ့ဘာသာသူ ဖင်ထဲက ပြန်ထွက်လာလိမ့်မယ် ..."


နေမင်းထိုက် မျက်နှာငယ်လေးနှင့် ၀မ်းနှုတ်ဆေးကို ကြည့်နေမိလိုက်သည် ။ တော်သေးပါရဲ့ ။
ဖင်ထဲကို နှိုက်ပြီး မထုတ်လို့ ။
ဖင်နှိုက်ပြီး မစမ်းသော ဆရာဝန်ကိုလည်း တိတ်တိတ်လေး ကျေးဇူးတင်မိရပြန်ပါသည် ။


*******************************************


" ဟဲ့ကောင်မတွေ ... ဘိုလိုသဘောရလဲဟင် ..."


" ဟဲ့ ... နင်ကြိုက်တာပဲ မဟုတ်လား ... ဒူးသာဒူးပေါ့ ... ငါတို့ပါ လိုက်ခဲ့မှာပေါ့ ..."


မိသန့်က သူ့မျက်နှာ အဆီတ၀င်းဝင်းကြီးကို အဆီစုပ် စက္ကူတွေနှင့် သုတ်ရင်း မြှောက်ပေးနေသည် ။
သူ့မှာလည်း သုတ်သာ သုတ်နေရသည် ။
သူ့မျက်နှာက ဘယ်အချိန်ကြည့်ကြည့် အဆီတ၀င်းဝင်း ဖြစ်နေသည် ။


" နင်ဟာလေ ... လူကသာ ခြောက်တာ ... မျက်နှာကတော့ အချိန်ပြည့်ကို အဆီတစိုစိုနဲ့ ..."


" ဟဲ့ ... ကျေနပ်တယ် ... နင့်လိုမျိုး မျက်နှာပါ မကျန် နေရာမလပ် ခြောက်နေတာ မဟုတ်ရင် ပြီးတာပဲ ..."


အရေးထဲ မိသန့်နှင့် မိမြတ်တို့နှစ်ယောက်က ရန်ဖြစ်နေကြသေးသည် ။
သီကပင် ကြားထဲက ၀င်ပြီး ဖျန်ဖြေပေးလိုက်ရသည် ။ ဒါတောင် ကမ နှစ်ကောင်က ကိုက်ချင်နေကြတုန်း ။


" ဟဲ့ ... သီ ... ဒါနဲ့ ... သူ့နာမည်က ဘယ်သူတဲ့လဲ ..."


ပြည့်ဦးတဲ့ ... နာမည်လေးကလည်း မိုက်တယ်နော် ... လူတင်မကဘူး ... နာမည်ကော ဟိုဟာကော ငါက ဖွာတာ ...


" ဟဲ့ ... ဟိုဟာ ဆိုတာ ... ဘာလဲ ... ပြောပြပါဦးဟဲ့ ... ငါတို့ကိုလည်း မျှဝေသုံးစွဲခိုင်းပါဦး ..."


" ဟဲ့ ... စဉ်းစားလေ ... နင်တို့တွေဆိုတာလည်းနော် ... လင်ကြီးငုတ်တုတ်နဲ့ ဖင်ကြီးတဘုတ်ဘုတ်ဖြစ်အောင် ခံချင်ကြသေးတယ် ..."


" ဟယ် ... ၀ုန်းချက် ... ကမ ... မိသီ ... ဒါနဲ့ နင် သွားလို့ ဖြစ်ပါ့မလား ..."


" ဟဲ့ ... နင်တို့ပါတာပဲ ... ဘာဖြစ်လို့လဲ ..."


" နင့်အင်္ကျီက အစိမ်းရောင်လေ ... တော်ကြာ နင့်ကို ဘိလိယက်ခုံနဲ့ မှားပြီး ကျူတံနဲ့ ၀ိုင်းထိုးနေကြဦးမယ် ..."


" ဟဲ့ ... ကျူတံလောက်တော့ ငါက မဖြုံတာ ... ငါလာရင် ကျူတံဆိုဒ်ကြီး ၀ယ်ထားလိုက်လို့ ပြောလိုက်စမ်းပါအေ ..."


ပြောပြီး တစ်ယောက်ကို တစ်ယောက် ခွီကာ ရယ်ကြ မောကြ ပျော်ရွှင်ကြနှင့် သီတို့ တက္ကသိုလ်​ ကျောင်းသား ဘ၀လေးသည် ပျော်စရာ အတိ ဖြစ်နေလေသည် ။
( အဲ ... မှားလို့ ... တက္ကသိုလ်​ ကျောင်းသူ ဘ၀ဟု ပြောင်းလဲ ဖတ်ရှု ကြပါကုန် ... ဟိဟိ )


******************************************


" ကဲ ... မြတ်သီဟ ... မင်း တစ်ချက်လောက် ရွှတ်လိုက်လေ ... ရော့ ..."


ပြည့်ဦးက သီ့ကို ကျူတံလာပေးသည် ။
သီ ဘယ်လိုထိုးရမည်ပင် မသိ ။
ထို့ကြောင့် ကျူတံကို အထပ်ထပ် အခါခါသာ ပွတ်ဆွဲနေမိလေသည် ။ ဒါကို မိမြတ်က သီ့ဘေးနားကပ်ကာ လာသတိပေးလိုက်သေးသည် ။


" ကမ ... အဲ့ဒါ နင့်လင် လော်ကီး မဟုတ်ဘူးနော် ... ထိုးစရာ ရှိတာထိုး ... ငါ ဘေးက ကြည့်ရတာ နင် ကျူတံကိုင်နေတာကို ကြက်သီးတွေ ထလာပြီ ..."


" အေးပါ သားကြီးရာ ... ငါက ဘယ်အလုံးကို ရွှတ်ရင် ကောင်းမလဲ စဉ်းစားနေတာ ..."


ပြောပြောဆိုဆိုနှင့် ထိုးမိထိုးရာ ထိုးပစ်လိုက်သည် ။ ကြက်ကန်း ဆန်အိုး တိုးပြီး ၀င်ဖြစ်အောင် ၀င်သွားသေးသည် ။ ပြည့်ဦးက လက်ခုပ်တီးသည် ။


" ဟာ ... သားကြီး ... မင်းက တော်လိုက်တာကွာ ..."


ပြောရင်း ဆိုရင်း ပြည့်ဦးက သီ့ ပုခုံးကို ဖက်လိုက်သည် ။ သီ ရင်တွေ တလှပ်လှပ် ခုန်သွားလေသည် ။
ရင်ဘတ်​ထဲတွင် ငါး​ပြေမ တစ်ကောင် စပ်စလူးထကာ တဖျက်ဖျက် ခုန်နေသလိုမျိုး ရင်ခုန်သံတွေ စည်းချက်မညီ ဖြစ်ကုန်တော့သည် ။


" ကောင်မ ... ဟိုက နင့်ကို ရိုးရိုးသားသား ဖက်တာနော် ... သာယာကုန်းတွေ ရောက်မနေနဲ့ ..."


မိသန့်က သီ့အတွက် စဉ်းစားပြီး သတိပေးရှာပါသည် ။
သို့သော် သီမရတော့ ။
ပြည့်ဦးကို သီ ချစ်နေမိပြီ ထင်သည် ။
ပြည့်ဦးကိုမှ မရလျှင် သီ ကိုယ့်ကိုယ်ကို လှအောင် မိတ်ကပ်တွေ ပြင်ပြီး သတ်သေပစ်လိုက်မည်ဟုပင် စဉ်းစားမိရသည် ။


ဟုတ်တယ်လေ ... ။
ရုပ်ပျက်ဆင်းပျက်ကြီးတော့ မသေချင်ပေါင် ။
သူ့မှ မရလျှင်တော့ လောကကြီးတွင်ပင် မနေချင်တော့ပါဘူးဟု သီ တွေးလိုက်မိသည် ။


ပြည့်ဦးက သီ့ပုခုံးကို ခဏခဏ လာလာ ဖက်လေသည် ။ ထိုသို့ တစ်ခါတစ်ခါ ဖက်တိုင်းလည်း သီ့ရင်တွေ တစ်ခါတစ်ခါ လှုပ်ရှားသွားရသည် ။


အမှန်အတိုင်း ၀န်ခံရလျှင် ထိုနေ့က သီတစ်ယောက် ပီတိတွေ ဖြာပြီး အီအီးတွေ ပါခဲ့ရလေသည် ။


***********

ဆက်​ရန်​ရှိ​သေးသည်​။
Written by Dr.Min Khant (မင်းခန့်​နိုင်​)

#BurmaLGBT

ဟာသ အိမ်​က​လေး ...Tempat cerita menjadi hidup. Temukan sekarang