Episode 13

1.2K 77 1
                                    

“ ဟာသအိမ်ကလေး ”
...... Episode 13 ......

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -



ပြည့်ဦးကို သီ အဖြစ်မှန်တွေ အကုန်ပြောပြလိုက်သည် ။ အစကတော့ ပြည့်ဦး မယုံ ။
သီ့ကို မျက်လုံးပြူးပြီး ကြည့်နေသည် ။
နောက်တော့ သီ သေသေချာချာ ရှင်းပြလိုက်တော့ ပြည့်ဦး သဘောပေါက်သွားသည် ထင်သည် ။ ပြည့်ဦး မျက်နှာမှာ ၀မ်းနည်းရိပ်တွေ ပေါ်လာလေသည် ။


" မြတ်သီဟရယ် … ငါတော့ သွားပါပြီကွာ …
ငါက မိုးကို အရမ်းချစ်တာကွ … မိုးယုယရယ် … လုပ်ရက်လိုက်တာကွာ … ငါ့ကိုများ ကာဗာ ထားရက်လိုက်တာ …"
 

ပြောပြောဆိုဆိုနှင့် သီ့ကို ဖက်ကာ ပြည့်ဦး ငိုတော့သည် ။ ဘုရား ဘုရား ။
သီ ရင်တွေ အကိတ်ကြီး ခုန်သွားမိသည် ။
လူက အသည်းနုပါတယ် ဆိုနေမှ ။ သူဆိုတာလည်း လူကို ရင်ခုန်အောင် အားကြီးလုပ်တာပဲ ။ အို ။
ဟိုဟာမ မကြိုက်ရင်လည်း နေပါစေ ။
ဟို အာဇာနည် သီချင်းလိုပေါ့ ။ ပြန်ဆုံချိန်ကျ ကြွေကာနေလည်း ကောက်ယူမယ် ဆိုတာလေ ။


သီ ကိုယ့်ဘာသာ ဖာဆန်ဆန်တွေးရင်း ကျေနပ်သွားမိသည် ။
သို့သော် ထိုအချိန်တွင် ပြည့်ဦး ပြောလိုက်သော စကားတစ်ခွန်းကြောင့် သည် ခေတ် စကားနှင့် ပြောရလျှင် သီ နင်သွားသည် ။
အခြောက်စကားနှင့် ပြောရလျှင်တော့ သီ ဂွမ်းသွား ၊ ဂါသွားတော့သည် ။
 

" ငါ့ကို ကာဗာထားတာဆိုလည်း ငါ ကျေနပ်တယ်ကွာ … တစ်သက်လုံး ကာဗာအဖြစ်နဲ့ ဆိုလည်း ငါကျေနပ်တယ် …"


သည်စကားကို ကြားလိုက်ရတော့ ငိုနေသော ပြည့်ဦးကို ကြည့်ပြီး သီပါ ငိုချင်သွားမိတော့လေသည် ။


         ***********************************


ဆေးကျောင်းသား ဆေးကျောင်းသူများ ပျော်ရွှင်ကြသော Fresher Welcome ကျင်းပသော အချိန်ပင် ရောက်လာခဲ့ပြီ ဖြစ်လေသည် ။
မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ကျောင်းတက်ပြီး သုံးလလောက် ကြာသောအချိန်မှ လုပ်ကြခြင်း ဖြစ်သည် ။


မိသန့်နှင့် မိမြတ်တို့ကတော့ သီချင်းဆိုမည် တကဲကဲ ဖြစ်နေကြသည် ။
ကောင်မတွေက တော်တော်လေး ရွနေကြသည် ။ တစ်ယောက်က ဖြူဖြူကျော်သိန်း အတွင်းကြေကို ဆိုမည်လုပ်သည် ။
မိသန့်က အတွင်းကြေ ဆိုမည် ပြောတော့
မိမြတ်က မေခလာ့သီချင်း ငါ ဘုရင်မ ဆိုမည် ပြောသောကြောင့် သီ မနည်း တားထားရသည် ။


နောက်ဆုံး တစ်ယောက်က အာဇာနည် သီချင်းဆိုပြီး
တစ်ယောက်က ဟန်ထူးလွင် ​သီချင်း ဆိုရန် သီကပင် သီချင်းတွေ စီစဉ်ပေးလိုက်ရသည် ။
ဟုတ်တယ်လေ ။ အာ့တွေသာ သွားဆိုလို့ကတော့ သီတို့ သုံးယောက် အဖွဲ့က အလိုလိုနေရင်း မိုးကြိုးငှက်ငယ်လေးများအဖွဲ့ဆိုပြီး အပြောခံရတော့မှာ ။ ဟုတ်တာလည်း ဟုတ်တာပေါ့လေ ။ ဒါပေမယ့် လူသိခံလို့ မဖြစ်တာက မဖြစ်တာဘဲဆိုတော့ကာ … ။


" သီရယ် … နင်လည်း တက်ဆိုပါလား … နင့်အချစ်တွေ ပြည့်ဦး မြင်အောင်လေ … ခွင့်ပြုတယ် ခွင့်လွှတ်တယ် ဆိုလိုက်လေ … သူ့မျက်နှာလေးကို တစိမ့်စိမ့် ကြည့်ရင်းနဲ့ … မကောင်းဘူးလား …"


" ငါ … ငါမဆိုရဲပါဘူးဟာ …"


" လုပ်စမ်းပါဟာ … နင်ကလည်း … အရင်က သီ မဟုတ်တဲ့ အတိုင်းဘဲ … နင့်ကြည့်ရတာ အချစ်ရဲ့ ကျေးကျွန်ဖြစ်နေပြီ … "


" ငါလည်း မသိတော့ပါဘူးဟာ …"


" အေး နော် … ငါ ပြောထားပြီးပြီနော် …
ခွင့်ပြုတယ် ခွင့်လွှတ်တယ် သီချင်း နင် တက်ဆိုရင်ဆို … မဆိုရင် ငါကတော့ ငါဘုရင်မ သီချင်းဘဲ ဆိုမှာ …"


" ဟုတ်တယ်သီ … နင် အဲ့သီချင်း တက်မဆိုရင်
ငါက ဂိုးသွင်းကောင်းတဲ့ တို့ကိုကို သီချင်း တက်ဆိုမှာ … ဘာမှတ်နေလဲ …"


" ကောင်မတွေ … နင်တို့ဘာသာ ပွင့်ချင်တာ … ပွင့်ချင်တယ် မပြောဘူး …
ငါ့ကို သူခိုးသေဖေါ်ညှိနေကြတယ် … နင့်တို့ဘာသာ ဓါးမြရုပ်နဲ့ ခြောက်ချင်နေကြပြီးတော့ …
တကတည်း … OTS မတွေ …"


" အဲ့လို ပျစ်ပျစ်နှစ်နှစ်နဲ့ အာသွက်လျှာသွက်ပြောတာမှ ငါတို့ရဲ့ သီကွ … ကောင်မ … နင် ဆိုမှာ မဟုတ်လား …"


" ဆိုမယ်ဟေ့ … ဆိုမယ် … ဆိုမယ် …"


ပြောပြောဆိုဆို သီ လွယ်အိတ်ထဲက ဇီးထုပ်ကို ထုတ်စားတော့ ကောင်မနှစ်ကောင်ကပါ အတင်း ၀ိုင်းလုစားကြသည် ။
သီတို့ အဖွဲ့တွင် စကားပုံ တစ်ခု ရှိသည်လေ ။
" အခြောက်မှန်းသိအောင် အချဉ်ထုပ်ဆောင်တဲ့ " ကောင်မတွေ ။ သူတို့ဘာသာတော့ ယူမလာဘူး ။
သူများဟာဆို အားကြီး ကပ်စားချင်ကြတယ် ။


         ***********************************


"  ဟေ့ … ရွှတ် … ရွှတ် … "

ဟာသ အိမ်​က​လေး ...Where stories live. Discover now